15 October 2013

အမေရိကန် ကြည်းတပ်ဖွဲ့ဝင်များ အတွက် Iron Man ကဲ့သို့သော သံချပ်ကာ ဝတ်စုံ ထုတ်လုပ်ရန် စီစဉ်

 အမေရိကန် ကြည်းတပ်ဖွဲ့ဝင်များ အတွက် Iron Man ကဲ့သို့သော သံချပ်ကာ ဝတ်စုံ ထုတ်လုပ်ရန် စီစဉ်လျက်ရှိ
လန်ဒန်  အောက်တိုဘာ  ၁၁
အမေရိကန် ကြည်းတပ်ဖွဲ့သည် Iron Man ပုံစံဝတ်စုံ ထုတ်လုပ်မှုတွင် အကူညီပေးရန် နည်းပညာ စက်မှုလုပ်ငန်းများ၊ အစိုးရ သုတေသန လက်တွေ့ စမ်းသပ်ခန်းများနှင့် တက္ကသိုလ် အသိုက် အဝန်း များအား တိုက်တွန်းလျက် ရှိကြောင်း အောက်တိုဘာ ၁၁ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
လူ၏ ခန္ဓာကိုယ်အား ထောက်ပံ့မှုနှင့် ကာကွယ်မှုများ ပေးအပ်နိုင်သော Exo-skeleton စနစ် များသည် စမ်းသပ်ထားသော အလေးချိန် ပမာဏထက် တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမိုသယ် ဆောင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းဗျူဟာမြောက် ပေါ့ပါးသော တိုက်ခိုက်ရေး ဝတ်စုံ (Talos)သည် ခန္ဓာကိုယ်ပုံစံ အတိုင်းရှိမည် ဖြစ်သော်လည်း အာရုံခံ ကိရိယာများ တပ်ဆင် ထားသော ခေတ်မီပစ္စည်း ကိရိယာများ ပါဝင်သည့်   အလွှာများလည်း ပါရှိမည်ဟု သိရသည်။
အဆိုပါ ဝတ်စုံအတွက် အင်တာနက် ရရှိရန် လိုအပ်မည် ဖြစ်ပြီး ကွန်ပျူတာ ကဲ့သို့ အသုံးပြု နိုင်မည့် Google ကွန်ပျူတာ မျက်မှန်လည်း လိုအပ်မည် ဖြစ်ကြောင်း အမေရိကန် ကြည်းတပ် က ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့် စက်မှုလုပ်ငန်းကမှ အဆိုပါ ဝတ်စုံအား ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment