4 October 2013

ရေနစ်နေသူအား ဆင်းဆယ်ရာမှ ဆယ်ယူသူ သေဆုံး

နတ်မောက်  အောက်တိုဘာ  ၃
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ တမာပင် ရပ်ကွက် ဗိုလ်တေဇ အားကစားကွင်း အရှေ့တောင်ဘက် ၇ ဖာလုံခန့်အကွာ ရိုးချောင်းအတွင်း
အကျယ် ၁၅ ပေ၊ အနက် ၁၈ ပေခန့်ရှိ ရေအိုင်ထဲတွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက နတ်မောက်မြို့ တမာပင် ရပ်ကွက်နေ အောင်ဇော်ထွန်း(ခ) ဘိုထွန်း(ခ) လက်ပွား ၃ဝ နှစ် ရေနစ် သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးဝင်းကြည်က ရဲစခန်းသို့ လာရောက် သတင်းပို့သဖြင့် နတ်မောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ သေဆုံးသူ အောင်ဇော်ထွန်း (ခ) ဘိုထွန်း(ခ) လက်ပွားသည် ၎င်းတို့ပိုင် နေကြာခင်းသို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး၊ တစ်ရပ်ကွက်တည်းနေ မဝင်းဝင်းနွယ်၊ မတယ်စေ့မ(ခ) မသင်းသင်းအေး တို့နှင့်အတူ နေကြာပွင့်များ ရိတ်နေစဉ် မတယ်စေ့မ(ခ) မသင်းသင်းအေးမှာ နေကြာခင်း တောင်ဘက်ရှိ ရိုးချောင်း အနီး ရပ်ထားသော လှည်းပေါ်မှ ရေဘူးယူရန် သွားစဉ် ရေအိုင် ထဲသို့ ခြေချော် ပြုတ် ကျ ရေနစ်ခဲ့သဖြင့် အောင်ဇော် ထွန်း(ခ) ဘိုထွန်း(ခ)လက်ပွားက ဆင်း၍ ဆယ်ခဲ့ရာ မတယ်စေ့မ(ခ) မသင်းသင်းအေးမှာ ကမ်းစပ်သို့ ရောက်ရှိပြီး ရေအိုင် တွင်း ဆင်းဆယ်သူ အောင်ဇော်ထွန်း(ခ) ဘိုထွန်း(ခ) လက်ပွားမှာ ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်မောက် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂ဝ၁၃)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment