ကလော အောက်တိုဘာ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဆိုင်များ မီးသုံးစွဲသည့် လုပ်ငန်းများကို
အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန
ဦးစီးမှူး ဦးစိုးဝင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက် ၉
နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး အတွက် လိုက်လံ စစ်ဆေး
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသတ် တပ်ဖွဲ့ဝင်များသည် စက်ရုံ၊
အလုပ်ရုံများ၊ ဈေးဆိုင်ခန်းများ၊ မီးသုံးစွဲသည့် လုပ်ငန်းများကို
မီးဖိုဘေးတွင် လောင်စာများ နီးကပ်စွာ ထားရှိခြင်း မရှိစေရေး၊
လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်း ထားရှိရေး၊ လောင်စာ ပစ္စည်းများ
စနစ်တကျ သိုလှောင်ထားရှိရေး၊ သက်တမ်းပြည့် မီးသတ် ဆေးဘူးများကို ဆေးရည်
လဲလှယ် တပ်ဆင်ပေးခြင်း စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး
လုပ်ငန်းများ ကိုလိုက်လံစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment