မြန်မာ့
ဆက်သွယ်ရေးမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ GSM မိုဘိုင်းလ်ဖုန်း
အလုံးရေ ၂၅၈ဝဝဝ၊ WCDMA မိုဘိုင်းလ်ဖုန်း အလုံးရေ ၁ဝ၂ဝဝဝ နှင့် စုစုပေါင်း
အလုံးရေ ၃၆ဝဝဝဝ ကို SIM Card တစ်ခုလျှင် ငွေကျပ် ၁၅ဝဝ နှုန်း ဖြင့်
အောက်တိုဘာ ၂၃ ရက်တွင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် GSM အလုံးရေ
၁၃ဝဝဝနှင့် WCDMA အလုံးရေ ၁၁ဝဝဝ၊ ကချင်ပြည်နယ်တွင် GSM အလုံးရေ ၄၂ဝဝ နှင့်
WCDMA အလုံးရေ ၁၃ဝဝ ၊ ကယား ပြည်နယ်တွင် WCDMA အလုံးရေ ၇ဝဝ၊
ကရင်ပြည်နယ်တွင် GSM အလုံးရေ ၇၅ဝဝနှင့် WCDMA အလုံးရေ ၁ဝဝဝ၊
ချင်းပြည်နယ်တွင် GSM အလုံးရေ ၈ဝဝနှင့် WCDMA အလုံးရေ ၁ဝဝဝ၊
စစ်ကိုင်းတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၁၈ဝဝဝနှင့် WCDMA အလုံးရေ ၂၅ဝဝ၊
တနင်္သာရီတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၉ဝဝဝနှင့် WCDMA အလုံးရေ ၂၅ဝဝ၊
ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွင် GSM အလုံးရေ ၁၃၆ဝဝနှင့် WCDMA အလုံးရေ ၂၉ဝဝ
၊ ပဲခူးတိုင်း ဒေသကြီး(အနောက်) တွင် GSM အလုံးရေ ၁၃ဝဝဝနှင့် WCDMA အလုံးရေ
၂၅ဝဝ၊ မကွေးတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၁၅ဝဝ နှင့် WCDMA အလုံးရေ
၃ဝဝဝ၊ မန္တလေးတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၂၁၅ဝဝနှင့် WCDMA အလုံးရေ
၁၉၅ဝဝ၊ မွန်ပြည်နယ်တွင် GSM အလုံးရေ ၂၂ဝဝဝနှင့် WCDMA အလုံးရေ ၃၅ဝဝ၊
ရခိုင်ပြည်နယ်တွင် GSM အလုံးရေ ၁၂၈ဝဝနှင့် WCDMA အလုံးရေ ၁၇ဝဝ၊
ရန်ကုန်တိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၁၅ဝဝနှင့် WCDMA အလုံးရေ ၃၉၅ဝဝ၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် GSM အလုံးရေ ၈၁ဝဝနှင့် WCDMA အလုံးရေ
၂၄ဝဝ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် GSM အလုံးရေ ၅၅ဝဝနှင့် WCDMA အလုံးရေ
၂ဝဝဝ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် GSM အလုံးရေ ၁၃ဝဝဝ နှင့် WCDMA
အလုံးရေ ၂၅ဝဝ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၃ဝဝဝ နှင့် WCDMA
အလုံးရေ ၂၅ဝဝ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင် ဖြန့်ဖြူး ရောင်းချသော တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း
၂ ဒသမ ၁၂ သန်း အပါအဝင် စုစုပေါင်း မိုဘိုင်းလ်ဖုန်း ၅ ဒသမ ၉၂
သန်းကျော်ဖြန့်ဖြူး ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment