
လားရှိုး စက်တင်ဘာ ၃ဝ
ရှမ်းပြည်နယ် (မြောက်ပိုင်း)
လားရှိုးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့်
ကျန်းမာရေး ဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့်
ဆယ်အိမ်စုမှူး၊ ရပ်ကွက်/ ကျေးရွာ
အရန်သားဖွားနှင့် အရပ်လက်သည် များသို့ သတင်း အချက်အလက်နှင့်
ကျွမ်းကျင်မှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု သင်တန်း
ဖွင့်ပွဲကို လားရှိုးမြို့ ရပ်ကွက် (၈) မိခင်နှင့်ကလေး အသင်း ရုံးခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ရပ်ကွက်/ ကျေးရွာများမှ မိခင်နှင့်ကလေး
အသင်းဝင် သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် သင်တန်းဖြစ်မြောက်ရေး
ကော်မတီနာယက ခရိုင် အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်
မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက
သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းကို လည်းကောင်း၊ တွဲဖက်ပြည်နယ် ကျန်းမာရေး
ဦးစီးဌာနမှူးက သင်တန်းသားများအား ပို့ချ သင်ကြားမည့် အစီအစဉ်များ
ရှင်းလင်းခြင်းကို လည်းကောင်း၊ ပြည်နယ် သားဖွားမီးယပ် အထူးကု ဆရာ ဝန်ကြီး
ဒေါက်တာ ဥမ္မာကျော်က မိခင်နှင့်ကလေး သေဆုံးမှု ကျဆင်းရေးတွင် ပူးပေါင်း ပါဝင်
ဆောင်ရွက်ရေး ကိုလည်းကောင်း၊ ပြည်နယ် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ
မြင့်မြင့်သိန်းက ငါးနှစ်အောက် ကလေး သေဆုံးမှု ကျဆင်းရေးတွင် ပူးပေါင်းပါဝင်
ဆောင်ရွက်ရေးကို လည်းကောင်း ပြောကြားကြသည်။ သင်တန်း ကာလမှာ ခြောက်ရက်
ကြာမြင့်မည်ဖြစ်ပြီး ကျန်ရှိသော မြို့နယ် သုံးမြို့နယ်တွင်လည်း သင်တန်းများ
ဆက်လက် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment