တောင်ကြီး အောက်တိုဘာ ၉
ရှမ်းပြည်နယ် တောင်ကြီးမြို့
ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး မိုင်တိုင် အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂)
ကြား၌ ယနေ့နံနက် ၅ နာရီခွဲတွင် မော်တော် ဆိုင်ကယ်တစ်စီး
အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဘစိုး ၅၆ နှစ်
(ဘ) ဦးအုန်းပေါ်သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းအတိုင်း မြောက်မှတောင်သို့
ယာဉ်အမှတ် ၂၈ ယ/---- မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာစဉ်
မိုင်တိုင်အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်း
အနီး လမ်းဘေးချောက်ထဲသို့ အရှိန် မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ
ယာဉ်မောင်း ဦးဘစိုးသည် ခန္ဓာကိုယ်အနှံ့ ပေါက်ပြဲ ဒဏ်ရာများဖြင့် နေရာ တွင်
သေဆုံးသွားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘစိုးအား
တောင်ကြီးမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃ဝ၄ အရ အမှုဖွင့်
အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

No comments:
Post a Comment