
ဝါရှင်တန် အောက်တိုဘာ ၃
လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅
ဘီလီယံကျော်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်ဟု ခန့်မှန်း ရသော
အင်္ဂါဂြိုဟ်ပေါ်မှ ရှေးဟောင်း မီးတောင်ကြီး တစ်ခုသည် ယခုအခါ ၎င်းဂြိုဟ်ပေါ်တွင်
ပုံသဏ္ဌာန် မမှန်သော ချိုင့်ကြီးများအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိပ္ပံ
ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
အဆိုပါ ချိုင့်ကြီးများသည် ဥက္ကာပျံ
တစ်ခုကဲ့သို့ အရာဝတ္ထု တစ်ခု၏ ၀င်တိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု
အချို့ သိပ္ပံ ပညာရှင်များက ယူဆ ခဲ့သော်လည်း "Oxus Patera" အမည်ရှိ အဆိုပါ
ချိုင့်ကြီးမှာ မီးတောင်ကြီး တစ်ခု ဖြစ်နိုင်ဖွယ် ရှိကြောင်း သိပ္ပံ ပညာ
ရှင်များ က ခန့်မှန်း ခဲ့ကြသည်။
၎င်းအပြင် ချိုင့်ကြီး အတွင်းရှိ ပုံသဏ္ဌာန်
မမှန်သော ချိုင့်ဝှမ်းများသည် အဆင့်ဆင့် ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည် ဆိုသော
သက်သေ အထောက်အထားများကို ဖော်ပြလျက်ရှိသည်။
အဆိုပါ ချိုင့်ကြီးသည် ကီလိုမီတာ ၃၀
အချင်းရှိပြီး ၎င်းချိုင့် အတွင်းရှိ တောင်တန်းများသည် အမှုန်များဖြင့်
ဖွဲ့စည်းထားကြောင်း၊ ယင်းအမှုန် များမှာလည်း မီးတောင် ပေါက်ကွဲ မှုကြောင့်
ထွက်ပေါ်လာသော ပြာမှုန်များ အနည်ကျရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သုတေသန
ပညာရှင်များက ယူဆထားသည်။
အင်္ဂါဂြိုဟ် ပေါ်ရှိ အဆိုပါ ချိုင့်ကြီးကို
NASA Godderd Space Flight Center မှ သုတေသန ပညာရှင်
ဂျက်ကော့ဘ်ဘလီချာနှင့် ဂြိုဟ် လေ့လာရေး ဆိုင်ရာ သိပ္ပံ တက္ကသိုလ်မှ သုတေသန
ပညာရှင် ဂျိုးဆက်မိုက်ကယ်လ်စကီ တို့နှစ်ဦးက လေ့လာ ဆန်းစစ်မှုများ ပြု
လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
http://www.myawady.net.mm

No comments:
Post a Comment