22 October 2013

ဒုတိယ အကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၂၁
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် အောင်သိဒ္ဓိ ဓမ္မာရုံ၌
ယမန်နေ့ မွန်းလွဲ ၂ နာရီက အသက် ၈ဝ နှစ်နှင့် အထက် အဘိုး၊ အဘွားများအား ဒုတိယ အကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပသည်။
အခမ်းအနားသို့ ကန်တော့ခံ အဘိုး၊ အဘွားများ၊ ဗုဒ္ဓဝေယျာဝစ္စ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံ ရပ်ကွက်နေ ပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားတွင် ကန်အောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက သက်ကြီး ပူဇော်ပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်း တင်ပြပြီး အဘိုး၊ အဘွားများကို ကန်တော့ ကြသည်။ ဆက်လက်၍ တက်ရောက် လာသူများက ကန်တော့ခံ အဘိုး၊ အဘွား ၂၈ ဦးအား ဝတ္ထုပစ္စည်း များဖြင့် ပူဇော် ကန်တော့ကြပြီး ကန်တော့ခံ အဘိုး၊ အဘွားများ ကိုယ်စား  အဘိုး ဦးမွေးက ဆုံးမ သြဝါဒများ မြွက်ကြားခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment