24 October 2013

ပင်းတယသို့ ထိုင်းနိုင်ငံမှ ဘုရားဖူး ဧည့်သည်များ လာရောက်လေ့လာ

ပင်းတယသို့ ထိုင်းနိုင်ငံမှ ဘုရားဖူး ဧည့်သည်များ လာရောက်လေ့လာ
ပင်းတယ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင် ဘုရားသို့ ယမန်နေ့ ညနေ ၃ နာရီခွဲက ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည်များ လာရောက် ဖူးမြော်ကြသည်။
အဆိုပါ ဘုရားဖူး ဧည့်သည်များသည် မော်တော်ယာဉ်များဖြင့် မဲဆောက်- မြဝတီနယ်မှ တစ်ဆင့် ဘားအံ-ကျိုက်ထီးရိုး- ပဲခူး- ရန်ကုန်- မန္တလေး- ပုဂံ- ဟဲဟိုး- အင်းလေး- နေပြည်တော်နှင့် မော်လမြိုင် စသည့် မြို့များသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်း ဘုရားဖူး ဧည့်သည်များသည် ရွှေဥမင် ဘုရားတွင် ရောင်းချလျက် ရှိကြသည့် ဒေသထွက် ပစ္စည်းများ၊ အဝတ်အထည်များ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများကို စိတ်ဝင်တစား လေ့လာ ကြည့်ရှု ဝယ်ယူ အားပေးခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment