မြန်မာကျောင်းသားထွင်တဲ့ မောင်းသူမဲ့လေယာဉ် အောင်မြင်
မြန်မာနိုင်ငံလေကြောင်းနှင့်
အာကာသပညာ တက္ကသိုလ်မှ ကျောင်းသားပရောဂျက် ဖြစ်တဲ့DAWN SWAZ
မောင်းသူမဲ့လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့

Final PV ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်း
လုပ်ဆောင်ခဲ့တဲ့ DAWN SWAZ Project ဟာ ယနေ့ နံနက် ၇း၃၀ နာရီမှာ အောင်မြင်စွာ Flight Test လုပ်ဆောင်နိုင်ခဲ့ပါပြီ။
DAWN SWAZ မောင်းသူမဲ့လေယာဉ်
ဟာ ယမန်နှစ်က SWAK ZAH လေယာဉ်ငယ် ကို ဒဇိုင်းပိုင်းဆိုင်ရာ modify ပြန်လုပ်ထားတာဖြစ်ပါတယ်။
ထူးခြားသွားတာကတော့ ယမန်နှစ်က Brushless Motor ကိုအသုံးပြုပြီးမောင်းနှင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ OS-95 Engine ကိုသုံးပြီးစမ်းသပ်အောင်မြင်နိုင်ခဲ့ပါတယ်။ Engine Power 2.9 hp ဖြစ်ပီး
Wing Span 9ft, Fuselage Length 5.85ft နဲ့ Weight 23lb ကိုအဲ့ဒီအင်ဂျင်က သယ်ဆောင်နိုင်ခဲ့ပါတယ်။
နောက်ပီး aerial photographing လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားအားလုံးဟာ အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အထူးသဖြင့် အချိန်လုယူရခဲ့ရတာပါ။ ပရောဂျက်ကာလ ဟာ စာမေးပွဲရက်တွေနဲ့ boxing
day တွေလို ဖြစ်သွားခဲ့ရပါတယ်။ အကူအညီပေးကြတဲ့ဆရာဆရာမတွေရော supervisor
ရော အကုန်လည်း ပင်ပန်းခဲ့ကြရပါတယ်။ ဒီနေ့မပျံခင်မနေ့ညက ကျွန်တော်တို့
Engine Test လုပ်ပါတယ် လိုအပ်တဲ့ full powerကိုမပေးနိုင် လို့
စိတ်ပူပန်ခဲ့ကြရပါတယ်။ ဒါပေမယ့် MAEU UAV Research Section ရဲ့ အနီးကပ်
ကူညီပေးမှုကြောင့် ညဆယ်နာရီခွဲလောက်မှာ ကျွန်တော်တို့လိုချင်တဲ့ full power
ကို အင်ဂျင်ကပေးနိုင်ခဲ့ပါတယ်။အဲဒီလို အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ DAWN SWAZ လေယာဉ်ဟာ မနှစ်က SWAK ZAH လေယာဉ်လိုပဲ အံ့သြ စရာကောင်းလောက်အောင် ပျံသန်းအောင်မြင်နိုင်ခဲ့ပါပြီ ခင်ဗျာ။
DAWN SWAZ project အောင်မြင်အောင်လို့ ကူညီအားပေးခဲ့ကြသော ကျွန်တော်
တို့ရဲ့အဖေ အမေများ Theory Senses တွေကို ပြည့်ပြည့်ဝဝ အသုံးချနိုင်အောင်
ကျွန်တော်တို့ကို သင်ကြားပို့ချခဲ့သော
Propulsion and Flight Vehicles Department မှ ဆရာဆရာမများ၊
တည်ဆောက်ရေးအပိုင်းကို အနီးကပ်ကူညီပံ့ပိုးပေးခဲ့သော MAEU UAV Research
Section မှ ဆရာဆရာများနှင့် ဖေးမကူညီအားပေးခဲ့ကြသော
ပါမောက္ခချုပ်ကြီးနှင့်တကွ ကျောင်းရှိဆရာ ဆရာမများ အားလုံး အားလုံး ကို
ကျွန်တော်တို့ DAWN SWAZ Group မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း
MAEUSU page မှ တဆင့် မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျား။
Fly Your Dreams to the Highest Ceiling!
DAWN SWAZ Group
မြန်မာနိုင် ငံလေ ကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားများ၏ UAV လေယာဉ်ငယ်DAWN SWAZ အောင်မြင် စွာတည်ဆောက်ပြီးစီးခဲ့ခြင်းအား MAEUSU မှ ၀မ်းမြောက်ဂုဏ်ယူပါသည်။
ယာယီအမှုဆောင် အဖွဲ့ (MAEUSU)
No comments:
Post a Comment