24 October 2013

အိမ်အတွင်းမှ ပြေးထွက်လာသည့် ကလေးငယ်အား ကားနောက်ဘီးဖြင့် ကြိတ်မိ

တောင်ကြီး အောက်တိုဘာ  ၂၂
ရှမ်းပြည်နယ် တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက် နယ်မြေ(၇) အောင်မင်္ဂလာလမ်းပေါ်၌ ယမန်နေ့ နံနက် ၈ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း စိုးဝင်းအောင် ၂၇ နှစ်(ဘ) ဦးအောင်မြတ်ဇော် မောင်းနှင်လာသည့် Soplar သောက်ရေသန့်ပို့ ဒိုင်နာမော်တော်ယာဉ် အမှတ် ၅ခ/ ----သည် ညောင်ဖြူ စခန်းရပ်ကွက် အောင်မင်္ဂလာ လမ်းအရောက်တွင် ကုန်းပေါ်ရှိ အိမ်များသို့ ရေသန့်များ ရောင်းချပြီး မော်တော်ယာဉ်ကို နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်လာစဉ် လမ်း ယာဘက်ဘေး လမ်းနှင့် သုံးပေခန့် အကွာရှိ အိမ်အမှတ် (ည/၁၁၂) ဦးညီညီ အိမ်ရှေ့ အရောက်တွင် ၎င်း၏သားဖြစ်သူ ဖိုးဝလုံး(ခ) အောင်မြတ် ၁ နှစ် ၃ လ ကလေးငယ်က နေအိမ်အတွင်းမှ လမ်းဘက်သို့ ပြေးထွက်လာရာ ကား၏ ဝဲဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့ရာ   ဖိုးဝလုံး(ခ) အောင်မြတ်မှာ နေရာတွင် သေဆုံး သွားခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိုးဝင်းအောင်အား အမှတ်(၂) ရဲစခန်းမှ ယာဉ်(ပ) ၆/၂ဝ၁၃၊ ပြစ်မှု ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

No comments:

Post a Comment