
ညောင်ရွှေ အောက်တိုဘာ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း)
ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဒေသခံ တောင်သူများနှင့် ရေလုပ်သားများ သည်
ယခင်က စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး လုပ်ငန်းများတွင် လှေငယ်ကို
မိရိုးဖလာ ခြေထောက်ဖြင့် လှော်ခတ်၍ လိုရာခရီး သွားလာခဲ့ကြသည်။
ယခုအခါ ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံထုတ်
ဟွန်ဒါ စက်ငယ်များကို တပ်ဆင် အသုံးပြုလာကြသည်။ ထိုကဲ့သို့ စက်တပ်ဆင်
အသုံးပြုခြင်းဖြင့် အင်းတိုင်းရင်းသားများသည် ရာသီပေါ် ဟင်းသီးဟင်းရွက်များ
ရောင်းဝယ်ကိစ္စနှင့် လူမှုရေး လုပ်ငန်းများ လျင်မြန် လွယ်ကူချောမွေ့စွာ
သွားလာနိုင်ကြောင်း သိရသည်။
အဆိုပါ စက်လှေ အသုံးပြုသော ဒေသခံ
တိုင်းရင်းသား တစ်ဦးက ''အခု ခေတ်က အရင်ကနဲ့မတူဘဲ အများကြီး ပြောင်းလဲ
တိုးတက်လာပါတယ်။ ခေတ်မီ နည်းပညာတွေကို ဘယ်နေရာမှာ မဆို အသုံးပြုနေကြတယ်။
အခုလည်း ကျွန်တော်တို့ အင်းထဲမှာ အရင်က လှေကို လှော်တက်နဲ့ ခြေထောက်ကိုသာ
သုံးပြီး ကိုယ်လိုရာကို သွားခဲ့ကြပေမယ့် အခု လှေတွေမှာ စက်တပ်ပြီး
သုံးလာတော့ လုပ်ငန်းတွေ ပိုအဆင်ပြေလာတယ်။ အရင်က ဒီလို စက်မသုံးတော့
စိုက်ခြံကို တစ်နာရီခွဲ နှစ်နာရီလောက် လှော်ရတယ်။ မိသားစုတွေလည်း
ရောက်ချိန်မှ မရောက်ရင် စိတ်ပူရတယ်၊ အခုတော့ ခဏလေးနဲ့ ပြန်ရောက် လာတော့
လူလည်း သက်သာ၊ မိသားစုတွေလည်း စိတ်မပူရဘူး၊ ခြံကထွက်တဲ့ ဟင်းသီး
ဟင်းရွက်တွေကိုလည်း အချိန်မီ ရောင်းရတယ်၊ တခြားဘာသာရေး လုပ်ငန်းတွေမှာပါ
အလွယ်တကူ သွားလာနိုင်တယ်''ဟု ပြောကြားခဲ့သည်။http://www.myawady.net.mm
No comments:
Post a Comment