
ညောင်ရွှေ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အမှတ်(၆) ရပ်ကွက် အောင်သပြေ ကျေးရွာတွင်
မိသားစု တစ်ပိုင် တစ်နိုင်
လုပ်ငန်းဖြစ်သည့် ဘိလပ်မြေ၊ သဲ ၊ သံချောင်းတို့ဖြင့် ပြုလုပ်ထားသော
ကွန်ကရစ် ရေပိုက်နှင့် အိမ်ခြံစည်းရိုး အလှကာ ပန်းအုတ်များ ရောင်းအား
ကောင်းလာပြီး ပွင့်လင်းရာသီ အတွက် ကြိုတင် ဝယ်ယူသူ များပြားလာကြောင်း
သိရသည်။
အဆိုပါ ကွန်ကရစ် ရေပိုက်များမှာ အရှည် ၃
ပေ၊ အကျယ် ၁ ပေမှ ၂ ပေခွဲ အထိ ဆိုဒ်အမျိုးမျိုး ရှိပြီး တစ်မျိုးလျှင်
ငွေကျပ် ၇ဝဝဝ မှ ၅ဝဝဝဝ ဈေးနှုန်းများ ဖြစ်သည်။ ထို့အပြင်
လုပ်ငန်းရှင်များမှ မိမိတို့ လိုအပ်သော အရွယ်အစားများကို မှာယူပါက
စိတ်တိုင်းကျ လုပ်ဆောင်ပေးလျက် ရှိသည်။
ယခုကာလတွင် ခေတ်မီ
ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ လမ်းတံတားကြီးများ အဆင့်မြင့် တည်ဆောက်
လာသဖြင့် ၎င်းရေပိုက်များကို ပိုမို အသုံးပြုလာပြီး ဟိုတယ်၊ မိုတယ် စသည်တို့ပါ
အသုံးပြု လာသဖြင့် ရောင်းအား ကောင်း၍ လူကြိုက် များလာကြောင်း သိရသည်။
ညောင်ရွှေမြို့တွင် တည်ဆောက်လျက် ရှိသော ဟိုတယ်ဇုန် လုပ်ငန်းရှင်များ ကလည်း
ပွင့်လင်းရာသီတွင် ဆောင်ရွက်ရန် အလုံးရေ ၂ဝဝဝ ခန့် မှာယူထားကြောင်း သတင်း
ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment