24 October 2013

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် ကျောက်တုံး (Leshan Gian Buddha)

တရုတ်နိုင်ငံ Sichuan ပြည်နယ်တောင်ပိုင်း Minjiang, Dadu နှင့် Qingyi မြစ်ဆုံ၊ Leshan မြို့ မြစ်ကမ်းပါးဆောင်း တစ်နေရာ ရှိ ကျောက်ဆောင်တွင် ထွင်းထုထားသော Leshan Gian အမည်ရ ဗုဒ္ဓဆင်းတုတော် ရှိသည်။

ယင်းကျောက်တောင်နံရံတွင် အေဒီ ၆၁၈-၉၀၇ တွင် ထွင်းထုတည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ထိုခေတ်အချိန်အခါ၌ ကမ္ဘာ့ (ဥာဏ်တော်) အမြင့်ဆုံး ဆင်းတုတော် ဖြစ်ခဲ့ဖူးသည်။

ယနေ့အချိန်အခါအထိတွင် Leshan Gian Buddha သည် ကမ္ဘာ့အကြီး ဆုံး ကျောက်ဆောင်ပေါ်ထွင်းထုသော ဆင်းတုတော်အဖြစ် အသတ်မှတ်ခံ ထားရကြောင်း သိရသည်။
---
International news for myanmar

www.bellbagan.com

ဟဲဟိုးလေဆိပ်တွင် ပြေးလမ်းတိုးချဲ့ခြင်းနှင့် ညအသုံးပြုနိုင်ရန် စက်ကိရိယာများတပ်ဆင်

၂၄.၁၀.၂၀၁၃

ပြည်တွင်းလေဆိပ်များတွင် ခရီးသည် ၀င်ထွက်မှုအများဆုံး ဟဲဟိုးလေဆိပ်အား ယခုဘဏ္ဍာရေးနှစ်တွင် ပြေးလမ်းတိုးချဲ့ခြင်းနှင့် နေ့ည ဆင်းသက် အသုံးပြုနိုင်အောင် ...Instrument Landing System များ တပ်ဆင် ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''၂၀၁၂ဘဏ္ဍာရေးနှစ်မှာ ခရီးသည် ၀င်ထွက်မှုအများဆုံး လေဆိပ်တွေရဲ့ လေဆိပ်ပြေးလမ်း တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားရာနေရာ တိုးချဲ့တည်ဆောက်ခြင်း၊ နေ့ည ဆင်းသက် အသုံးပြုနိုင်အောင် Instrument Landing System များ တပ်ဆင်ခြင်းတွေကို ပြုလုပ်နေပါတယ်''ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ပြည်တွင်းလေဆိပ်များအနက် ဟဲဟိုး လေဆိပ်မှာ ပြည်တွင်းပြည်ပ ခရီးသည်ဝင်ထွက်မှု အများဆုံးဖြစ်ပြီး ဒုတိယ ပုဂံညောင်ဦးလေဆိပ်နှင့် တတိယမှာ တာချီလိတ် လေဆိပ်တို့ဖြစ်သည်။

ပြည်တွင်းပြည်ပ ခရီးသည် ၀င်ထွက်မှု အများဆုံးဖြစ်သည့် ဟဲဟိုးလေဆိပ်သည် ၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခရီးသည် ၃၇၀၀၀၀ ကျော် ၀င်ထွက်မှုရှိခဲ့သည်။ လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်းလေဆိပ်များအား တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း လုပ်ငန်းများအား ပြည်တွင်းပြည်ပ ခရီးသည် ၀င်ရောက်မှုပေါ်မူတည်၍ ဦးစားပေးရွေးချယ် လုပ်ကိုင်လျက်ရှိသည်။

လာမည့် ၂၀၁၄ဘဏ္ဍာရေးနှစ်တွင် ညောင်ဦး၊ မြိတ်၊ တာချီလိတ်နှင့် မြစ်ကြီးနားလေဆိပ်များ၏ ခရီးသည်အဆောက်အအုံများကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
 https://www.facebook.com/taunggyimedia?ref=stream

မိခင်နှင့်ကလေးဆေးရုံရှေ့လမ်းတစ်လျှောက်လမ်းအကျယ်တိုးချဲ့


တောင်ကြီးမြို့၊ အောက်တိုဘာလ ၂၄
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဘေး၊ မိခင်နှင့်ကလေးဆေးရုံအရှေ့လမ်း
တစ်လျှောက် လမ်းအကျယ်တိုးချဲ့ခြင်းလုပ်ငန်းအားဆောင်ရွက်လျှက်ရှိပါသည်။ တရားလွှတ်တော်သို့လာသော
မော်တော်ယာဉ်များ၊ တရားရုံးထုတ် တရားလို၊ တရားခံများနှင့် ၄င်းတို့၏ ဆွေမျိုး၊ မိတ်ဆွေများ၏
 မော်တော်ယာဉ် များသည် လမ်းကျဉ်းသဖြင့် မောင်းနင်ရန်၊ ရှောင်ရှားရန်ခက်ခဲလျှက်ရှိရာ ယခုအခါပွင့်လင်း
ရာသီအစတွင် စည်ပင်သာယာရေးအဖွဲ့မှ စက်ယန္တရားများဖြင့် လမ်းအူကြောင်းချဲ့ခြင်း၊ ကျောက်ခင်းခြင်းများ
ဆောင်ရွက်လျှက်ရှိပါသည်။မြို့ပတ်လမ်းတစ်လျှောက်တွင်လည်း ပျက်စီးနေသောလမ်းပိုင်းများအား ပြု ပြင်
ဖာထေးခြင်း၊ ထပ်ပိုးလွှာခင်းခြင်းများဆောင်ရွက်လျှက်ရှိပါသည်။
HAK

တောင်ကြီးမြို့ အရောင်းစာရေးများအား ရောင်းချရေးသင်တန်းဖွင့်လှစ်ပေးသင့်

Taunggyi အောက်တိုဘာလ ၂၄


 တောင်ကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ Fashion စတိုးဆိုင်ကြီးသည် ခေတ်နှင့်လျော်ညီစွာ တိုးချဲ့ပြု ပြင်
ဆောင်ရွက်ထားရှိကာ၊ လုံခြုံရေးအတွက် CCTVများတပ်ဆင်ထားရှိပါသည်။ သို့သော် ၄င်းဆိုင်အတွင်း
ခန့်ထားလျှက်ရှိသော ၀န်ထမ်းများသည် စိတ်ဓါတ်မြှင့်တင်ရေးသင်တန်း၊ ပစ္စည်းရောင်းချနည်းသင်တန်းများ
တက်ရောက်မှုအားနည်းကာ ဈေးဝယ်များအား မိမိပစ္စည်းရောင်းသကဲ့သို့ စေတနာထားရောင်းမချတတ်ဘဲ
ဆူအောင့်ကာ ဈေးဝယ်များစိတ်ပျက်သွားအောင် မကြာခဏပြု မူတတ်သည်ကိုတွေ့ရှိရသည်။ ၄င်း၏ ပြိုင်ဘက်
ဖြစ်သော မယ်ဆိုင်စတိုးတွင် ၀င်ရောက်လုပ်ကိုင်လျှက်ရှိသောဝန်ထမ်းများကဲ့သို့ ပြုံး ရွှင်သောမျက်နှာများမထား
တတ်ကြပေ။ ဆိုင်ပိုင်ရှင်၏ စီးပွားရေးသည် ယင်းဝန်ထမ်းတို့၏၀င်ငွေပြေလည်မှုနှင့်တိုက်ရိုက်အချိုးကျသည်ကို
အရောင်းဝန်ထမ်းများသိရှိနားလည်ရန် သင်တန်းများပေးရန်လိုအပ်ပေသည်။ ယင်းဆိုင်တစ်ခုတည်းအား ရည်ညွှန်းပြောဆိုသည်မဟုတ်ဘဲ နိုင်ငံစီးပွားရေး၊ ပြည်သူစီးပွားရေးအလျှင်အမြန်တိုးတက်ရန်မှာ အရင်းအနှီး၊ ငွေကြေးများသာမကဘဲ စိတ်ဓါတ်ပိုင်းဆိုင်ရာများ၊ အတွေ့အကြုံ ၊ သင်တန်းများ လည်းပြု ပြင်ပြောင်းလဲသွားရန်လိုကြောင်း သာဓကပြု ရခြင်းသာဖြစ်ပေသည်။ မိမိနိုင်ငံအတွက်လည်း
နိုင်ငံခြားသားများ ၀င်ထွက်သွားလာမှုများပြားလာသည်နှင့်အမျှ မြန်မာဆိုတာ ယဉ်ကျေးတဲ့၊ ပျူ ငှာတဲ့၊
သိမ့်မွေ့သော လူမျိုးတွေဟု မှတ်ချက်ပြုသွားရန်မှာ မြန်မာတို့၏ လူတစ်ဘက်သားအား အထင်သေးတတ်ခြင်း၊
စိတ်တိုလွယ်ခြင်းများအား ထိန်းချုပ်ရန်လိုအပ်ပေသည်။ တကယ်တော့ မြန်မာဆိုတာ အနူးညံ့ဆုံးသော လူမျိုးပါ။
HAK

စက်သေနတ် ပစ်နိုင်သော စက်ရုပ်ကို အမေရိကန်တို့ စမ်းသပ်

စက်သေနတ် ပစ်နိုင်သော စက်ရုပ်ကို အမေရိကန်တို့ စမ်းသပ်
စက်သေနတ် အလိုအလျောက် ပစ်နိုင်တဲ့ စက်ရုပ်ကို အမေရိကန် စစ်တပ်တို့ ယခု ရက်ပိုင်းအတွင်း စမ်းသပ် ခဲ့ ပါတယ်။
လက်ရှိအောင်မြင်မှုကတော့ Semi Auto ပါ။ Full Auto မဟုတ်သေးပါဘူး။ Operation အတွက် အဝေးကနေ လှမ်း control လုပ်ဖို့ လိုအပ်နေပါသေး တယ်။ သို့ပေမယ့် များမကြာ မှီ နှစ်များအတွင်းမှာ အလိုအလျောက် ပစ်ခတ် နိုင်မယ့် စက်ရုပ်ဖြစ်လာအောင် ဖန်တီးနိုင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ လူတစ်ရပ်စာပဲ မြင့်တဲ့ စက်ရုပါ။ M-240 စေသေနတ်ကို တင့်ကား ငယ်ပေါ်မှာ တပ်ဆင်ထားပေးပြီး အမြင့်က လူတစ်ရပ်စာလောက်ပါ ပဲ။ ပစ်ခတ်နိုင်စွမ်း ကတော့ ပေ ၅၀၀ အဝေးက ပစ်မှတ်ကို မလွဲအောင် ပစ်ခတ်နိုင်ခြင်း ဖြစ်ပါတယ်။ တစ်နာရီ ၅ မိုင်နှုန်း သွားနိုင်မယ့် တင့်ကား သံချိန်းလည်း ဘီးမှာ တပ်ဆင် ထားပါတယ်။
အမေရိကန်ဟာ ၎င်းတို့ရဲ့  စစ်တပ်မှာ Robot အသုံးပြုမှု ပိုမိုလို့ တိုးမြင့်လာ ပါတယ်။ လူထိန်း ချုပ်စရာမလိုပဲ အလိုအလျောက် တိုက်ပွဲ ဝင်နိုင်မယ့် စက်ရုပ်တွေကြောင့် လူသားထိခိုက် နစ်နာမှု လျော့ကျမယ်လို့ ယုံကြည် ထားကြ ပါတယ်။ Iron Man လို စက်ရုပ်ကိုလည်း အမေရိကန်စစ်ပြန် အရာရှိတစ်ဦးမှ တီထွင်တာ အောင်မြင်လု နီးပါး ရှိပါပြီ။ အနာဂတ်မှာ စက်ရုပ်ဖြင့် အားဖြည့်တဲ့ အမေရိကန် စစ်တပ်ကို မြင်တွေ့ရဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
Ref: mashable
http://www.myawady.net.mm

မြန်မာ တစ်နိုင်ငံလုံး Wi-Fi စနစ် ဝန်ဆောင်မှု ပေးခြင်း ၂ဝ၁၄ ခုနှစ် ပထမ ခြောက်လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်

 မြန်မာ တစ်နိုင်ငံလုံး Wi-Fi စနစ် ဝန်ဆောင်မှု ပေးခြင်း ၂ဝ၁၄ ခုနှစ် ပထမ ခြောက်လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည်
ရန်ကုန် အောက်တိုဘာ ၂၃
မြန်မာ တစ်နိုင်ငံလုံး Wi-Fi စနစ်ဖြင့် ဝန်ဆောင်မှု ပေးခြင်းကို ၂ဝ၁၄ ခုနှစ် ပထမခြောက်လ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောကြားခဲ့သည်။
''ယခုလို Wi-Fi စနစ်ကို ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းမှု ပြုလုပ်လို့ ရအောင် ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၂ဝ၁၄ ခုနှစ် ပထမခြောက် လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ Wi-Fi လွှတ်နိုင်အောင် အကောင်အထည် ဖော်ဆောင်ရွက် သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ လက်အောက်ရှိ သတင်း အချက်အလက် နည်းပညာ ဌာနများ ဖြစ်သည့် အင်တာနက် ဝန်ဆောင်မှုများကို Broad-band Wireless (Wi-Fi) စနစ်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရန် လျှောက်ထားနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ တရားဝင် ထုတ်ပြန်ထားသည်။
ဆက်လက်၍ ဦးရဲနိုင်မိုးက ''အကျိုးတူ ပူးပေါင်းချင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ကိုင် ဆောင်ရွက်လိုတဲ့ နေရာ၊ ဒေသများတွင် ဆာဗေးလုပ်ပြီး လာရောက် လျှောက်ထားနိုင် ပါတယ်'' ဟု ပြောကြားခဲ့သည်။
ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လိုသည့် ပုံစံနှင့် ဝန်ဆောင်မှု ပေးမည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ဆာဗေးပြုလုပ်ကာ Technical and Business Model Proposal မူကြမ်းကို နိုဝင်ဘာ ၃ဝ ရက်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်း အချက်အလက်နှင့် နည်းပညာ ဌာနသို့ ပေးပို့နိုင်ကြောင်း သိရသည်။
အိချယ်ရီအောင်
http://www.myawady.net.mm

ပင်းတယသို့ ထိုင်းနိုင်ငံမှ ဘုရားဖူး ဧည့်သည်များ လာရောက်လေ့လာ

ပင်းတယသို့ ထိုင်းနိုင်ငံမှ ဘုရားဖူး ဧည့်သည်များ လာရောက်လေ့လာ
ပင်းတယ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့ ရွှေဥမင် ဘုရားသို့ ယမန်နေ့ ညနေ ၃ နာရီခွဲက ထိုင်းနိုင်ငံမှ ခရီးသွား ဧည့်သည်များ လာရောက် ဖူးမြော်ကြသည်။
အဆိုပါ ဘုရားဖူး ဧည့်သည်များသည် မော်တော်ယာဉ်များဖြင့် မဲဆောက်- မြဝတီနယ်မှ တစ်ဆင့် ဘားအံ-ကျိုက်ထီးရိုး- ပဲခူး- ရန်ကုန်- မန္တလေး- ပုဂံ- ဟဲဟိုး- အင်းလေး- နေပြည်တော်နှင့် မော်လမြိုင် စသည့် မြို့များသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်း ဘုရားဖူး ဧည့်သည်များသည် ရွှေဥမင် ဘုရားတွင် ရောင်းချလျက် ရှိကြသည့် ဒေသထွက် ပစ္စည်းများ၊ အဝတ်အထည်များ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများကို စိတ်ဝင်တစား လေ့လာ ကြည့်ရှု ဝယ်ယူ အားပေးခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

တောင်ကြီးမြို့တွင် ဖုန်းမဲနှိုက်ရာမှ အချင်းများ

တောင်ကြီးမြို့ အောက်တိုဘာလ ၂၄
တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် GSM,WCDMA များမဲစနစ်ဖြင့်ရောင်းချပေးလျှက်ရှိရာ ရပ်ကွက်များ အလိုက်
ရောင်းချပေးနေကြပြီး၊ ဖုန်းခွဲတမ်းအရေအတွက်ပြောင်းလဲမှုများကြောင့် ရပ်ကွက်နေပြည်သူများအထင်အမြင်လွဲ မှားတတ်ကြပြီး ယနေ့ ကံသာရပ်ကွက်ရုံးတွင် ဖုန်းမဲနှိုက်မှုဆောင်ရွက်ရာတွင် ကြေငြာစဉ်က (၆၇)လုံးဖြစ်ပြီး
အမှန်တကယ်မဲနှိုက်ရက်တွင် (၆၂)လုံးသာ ခွဲတမ်းရရှိ၍ မဲဖောက်ပေးနေစဉ် ပြည်သူတစ်ဦးမှ အကြောင်းစုံ သိရှိ
ခြင်းမရှိဘဲ၊ ဖုန်းအလုံးရေကွာဟမှုသည်မသမာမှုဖြစ်ကြောင်း၊ မမှန်မကန်လုပ်ကိုင်နေကြောင်း ရပ်ကွက်အုပ်ချု ပ်
ရေးမှူးအား အပြစ်တင်ဝေဖန်ရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အချင်းများကြကြောင်း၊ အေးဆေးစွာဖုန်းမဲနှိုက်
နေသူ ပြည်သူများမှ အထိတ်တလန့်ဖြစ်ပွားခဲ့ကြရကြောင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရှင်းပြသော်လည်း
လက်ခံနိုင်ခြင်းမရှိဘဲ ရန်လိုနေခြင်းများကြောင့် ဒေါသအလျှောက်ဖြစ်ပွားခဲ့ရကြောင်း၊ ရပ်ကွက်သားတစ်ဦးထံမှ
သိရှိရပါသည်။
HAK

အိမ်အတွင်းမှ ပြေးထွက်လာသည့် ကလေးငယ်အား ကားနောက်ဘီးဖြင့် ကြိတ်မိ

တောင်ကြီး အောက်တိုဘာ  ၂၂
ရှမ်းပြည်နယ် တောင်ကြီးမြို့ ညောင်ဖြူ စခန်းရပ်ကွက် နယ်မြေ(၇) အောင်မင်္ဂလာလမ်းပေါ်၌ ယမန်နေ့ နံနက် ၈ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း စိုးဝင်းအောင် ၂၇ နှစ်(ဘ) ဦးအောင်မြတ်ဇော် မောင်းနှင်လာသည့် Soplar သောက်ရေသန့်ပို့ ဒိုင်နာမော်တော်ယာဉ် အမှတ် ၅ခ/ ----သည် ညောင်ဖြူ စခန်းရပ်ကွက် အောင်မင်္ဂလာ လမ်းအရောက်တွင် ကုန်းပေါ်ရှိ အိမ်များသို့ ရေသန့်များ ရောင်းချပြီး မော်တော်ယာဉ်ကို နောက်သို့ တဖြည်းဖြည်းချင်း ဆုတ်လာစဉ် လမ်း ယာဘက်ဘေး လမ်းနှင့် သုံးပေခန့် အကွာရှိ အိမ်အမှတ် (ည/၁၁၂) ဦးညီညီ အိမ်ရှေ့ အရောက်တွင် ၎င်း၏သားဖြစ်သူ ဖိုးဝလုံး(ခ) အောင်မြတ် ၁ နှစ် ၃ လ ကလေးငယ်က နေအိမ်အတွင်းမှ လမ်းဘက်သို့ ပြေးထွက်လာရာ ကား၏ ဝဲဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့ရာ   ဖိုးဝလုံး(ခ) အောင်မြတ်မှာ နေရာတွင် သေဆုံး သွားခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိုးဝင်းအောင်အား အမှတ်(၂) ရဲစခန်းမှ ယာဉ်(ပ) ၆/၂ဝ၁၃၊ ပြစ်မှု ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

23 October 2013

ဘိလပ်မြေ သဲ သံချောင်းတို့ဖြင့် ပြုလုပ်သည့် ရေပိုက်လုံးနှင့် အလှပန်းအုတ် ရောင်းအားကောင်း

 ဘိလပ်မြေ သဲ သံချောင်းတို့ဖြင့် ပြုလုပ်သည့် ရေပိုက်လုံးနှင့် အလှပန်းအုတ် ရောင်းအားကောင်း
ညောင်ရွှေ  အောက်တိုဘာ ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အမှတ်(၆) ရပ်ကွက် အောင်သပြေ ကျေးရွာတွင်
မိသားစု တစ်ပိုင် တစ်နိုင် လုပ်ငန်းဖြစ်သည့် ဘိလပ်မြေ၊ သဲ ၊ သံချောင်းတို့ဖြင့် ပြုလုပ်ထားသော ကွန်ကရစ် ရေပိုက်နှင့် အိမ်ခြံစည်းရိုး အလှကာ ပန်းအုတ်များ ရောင်းအား ကောင်းလာပြီး ပွင့်လင်းရာသီ အတွက် ကြိုတင် ဝယ်ယူသူ များပြားလာကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ် ရေပိုက်များမှာ အရှည် ၃ ပေ၊ အကျယ် ၁ ပေမှ ၂ ပေခွဲ အထိ ဆိုဒ်အမျိုးမျိုး ရှိပြီး တစ်မျိုးလျှင် ငွေကျပ် ၇ဝဝဝ မှ ၅ဝဝဝဝ ဈေးနှုန်းများ ဖြစ်သည်။ ထို့အပြင် လုပ်ငန်းရှင်များမှ မိမိတို့ လိုအပ်သော အရွယ်အစားများကို မှာယူပါက စိတ်တိုင်းကျ လုပ်ဆောင်ပေးလျက် ရှိသည်။
ယခုကာလတွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အညီ လမ်းတံတားကြီးများ အဆင့်မြင့် တည်ဆောက် လာသဖြင့် ၎င်းရေပိုက်များကို ပိုမို အသုံးပြုလာပြီး ဟိုတယ်၊ မိုတယ် စသည်တို့ပါ အသုံးပြု လာသဖြင့် ရောင်းအား ကောင်း၍ လူကြိုက် များလာကြောင်း သိရသည်။ ညောင်ရွှေမြို့တွင် တည်ဆောက်လျက် ရှိသော ဟိုတယ်ဇုန် လုပ်ငန်းရှင်များ ကလည်း ပွင့်လင်းရာသီတွင် ဆောင်ရွက်ရန် အလုံးရေ ၂ဝဝဝ ခန့် မှာယူထားကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

22 October 2013

အောက်တိုဘာလ အတွက် မိုဘိုင်းလ်ဖုန်းများ ချပေးရာတွင်GSM နှင့် WCDMA နှစ်မျိုးသာ ရောင်းချပေးမည်

မြန်မာ့ ဆက်သွယ်ရေးမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ GSM မိုဘိုင်းလ်ဖုန်း အလုံးရေ ၂၅၈ဝဝဝ၊ WCDMA မိုဘိုင်းလ်ဖုန်း အလုံးရေ ၁ဝ၂ဝဝဝ နှင့် စုစုပေါင်း အလုံးရေ ၃၆ဝဝဝဝ ကို SIM Card  တစ်ခုလျှင် ငွေကျပ် ၁၅ဝဝ နှုန်း ဖြင့် အောက်တိုဘာ ၂၃ ရက်တွင် ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် GSM အလုံးရေ ၁၃ဝဝဝနှင့် WCDMA အလုံးရေ ၁၁ဝဝဝ၊ ကချင်ပြည်နယ်တွင် GSM အလုံးရေ ၄၂ဝဝ နှင့် WCDMA အလုံးရေ ၁၃ဝဝ ၊ ကယား ပြည်နယ်တွင် WCDMA  အလုံးရေ ၇ဝဝ၊ ကရင်ပြည်နယ်တွင် GSM အလုံးရေ ၇၅ဝဝနှင့် WCDMA အလုံးရေ ၁ဝဝဝ၊ ချင်းပြည်နယ်တွင် GSM အလုံးရေ ၈ဝဝနှင့် WCDMA အလုံးရေ ၁ဝဝဝ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၁၈ဝဝဝနှင့် WCDMA အလုံးရေ ၂၅ဝဝ၊ တနင်္သာရီတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၉ဝဝဝနှင့် WCDMA အလုံးရေ ၂၅ဝဝ၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွင် GSM အလုံးရေ ၁၃၆ဝဝနှင့် WCDMA အလုံးရေ ၂၉ဝဝ ၊ ပဲခူးတိုင်း ဒေသကြီး(အနောက်) တွင် GSM အလုံးရေ ၁၃ဝဝဝနှင့် WCDMA အလုံးရေ ၂၅ဝဝ၊ မကွေးတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၁၅ဝဝ နှင့် WCDMA အလုံးရေ ၃ဝဝဝ၊ မန္တလေးတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၂၁၅ဝဝနှင့် WCDMA အလုံးရေ ၁၉၅ဝဝ၊ မွန်ပြည်နယ်တွင် GSM အလုံးရေ ၂၂ဝဝဝနှင့် WCDMA အလုံးရေ ၃၅ဝဝ၊ ရခိုင်ပြည်နယ်တွင် GSM အလုံးရေ ၁၂၈ဝဝနှင့် WCDMA အလုံးရေ ၁၇ဝဝ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၁၅ဝဝနှင့် WCDMA အလုံးရေ ၃၉၅ဝဝ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် GSM အလုံးရေ ၈၁ဝဝနှင့် WCDMA အလုံးရေ ၂၄ဝဝ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် GSM အလုံးရေ ၅၅ဝဝနှင့် WCDMA အလုံးရေ ၂ဝဝဝ ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် GSM အလုံးရေ ၁၃ဝဝဝ နှင့် WCDMA အလုံးရေ ၂၅ဝဝ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် GSM အလုံးရေ ၃၃ဝဝဝ နှင့် WCDMA အလုံးရေ ၂၅ဝဝ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖြန့်ဖြူး ရောင်းချသော တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း ၂ ဒသမ ၁၂ သန်း အပါအဝင် စုစုပေါင်း မိုဘိုင်းလ်ဖုန်း ၅ ဒသမ ၉၂ သန်းကျော်ဖြန့်ဖြူး ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

ဒုတိယ အကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၂၁
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် အောင်သိဒ္ဓိ ဓမ္မာရုံ၌
ယမန်နေ့ မွန်းလွဲ ၂ နာရီက အသက် ၈ဝ နှစ်နှင့် အထက် အဘိုး၊ အဘွားများအား ဒုတိယ အကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပသည်။
အခမ်းအနားသို့ ကန်တော့ခံ အဘိုး၊ အဘွားများ၊ ဗုဒ္ဓဝေယျာဝစ္စ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံ ရပ်ကွက်နေ ပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားတွင် ကန်အောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဗုဒ္ဓဝေယျာဝစ္စအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက သက်ကြီး ပူဇော်ပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်း တင်ပြပြီး အဘိုး၊ အဘွားများကို ကန်တော့ ကြသည်။ ဆက်လက်၍ တက်ရောက် လာသူများက ကန်တော့ခံ အဘိုး၊ အဘွား ၂၈ ဦးအား ဝတ္ထုပစ္စည်း များဖြင့် ပူဇော် ကန်တော့ကြပြီး ကန်တော့ခံ အဘိုး၊ အဘွားများ ကိုယ်စား  အဘိုး ဦးမွေးက ဆုံးမ သြဝါဒများ မြွက်ကြားခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

15 October 2013

ရန်ကုန်မြို့ Traders ဟိုတယ် ကိုးလွှာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီ ခွဲခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ Traders ဟိုတယ် ကိုးလွှာ၊ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တည်းခိုနေသူ အမေရိကန် နိုင်ငံခြားသား မိသားစုမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။

ဒဏ်ရာရရှိသူ မစ္စစ် Piaiorst (အသက် ၄၃ နှစ်) သည် ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ည ၁၁ နာရီမိနစ် ၄၀ တွင် ရောက်ရှိလာပြီး ၀ဲပေါင်၊ ၀ဲတင်ပါး၊ ယာလက်ဖျံ၊ ၀ဲနောက်ကျော စုတ်ပြဲဒဏ်ရာများ ရရှိသွားကြောင်း၊ လက်ရှိတွင် စိုးရိမ်စရာ မရှိကြောင်း ရန်ကုန်ဆေးရုံကြီး မှုခင်းတာဝန်ရှိသူ တစ်ဦးက ည ၁၂ နာရီခန့်တွင် ပြောကြားသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှု ကောလာဟလ သတင်းများ လျင်မြန်စွာ ပြန့်နှံ့နေသည့် အတွက် အလျင်အမြန် သတင်းထုတ်ပြန်ပေးပါရန် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးတို့ကို သတင်းထောက်များက အောက်တိုဘာ ၁၅ ရက် ၀၀း၄၅ အချိန်တွင် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ည ၁၂ နာရီခွဲ ခန့်တွင် တပ်မတော် အင်ဂျင်နီယာတပ်ရင်း ဗုံးရှင်းလင်းရေး တပ်ဖွဲ့မှ အနံ့ခံ ဗုံးရှာဖွေရေး ခွေးများဖြင့် Traders တစ်ဝိုက်တွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

အမှတ် ၉၀၅ တပ်မတော် အင်ဂျင်နီယာတပ်မှ တပ်မတော်သား တစ်ဦးက ''လက်ရှိအချိန်အထိ နောက်ထပ်ဗုံးတွေ မတွေ့ရပါဘူး။ ဆက်လက် ဆောင်ရွက်နေပါတယ်'' ဟု အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီတွင် ဖြေကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခန်းတွင် ဒဏ်ရာရရှိသူ အမျိုးသမီးနှင့်အတူ ၎င်း၏ခင်ပွန်းနှင့် ကလေးနှစ်ဦးသည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက စတင်တည်းခို နေထိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရားခံ ဖမ်းဆီးရမိရေး အတွက် Traders ဟိုတယ်တွင် တည်းခိုသူ ဧည့်သည်များ၏ အချက်အလက်များနှင့် ဟိုတယ် အ၀င်အထွက် မှတ်တမ်းများကို CCTV ကင်မရာမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။
 refind;https://www.facebook.com/ElevenMediaGroup?ref=stream&hc_location=stream
 

သွေးတိုး ရောဂါကို သက်သာ စေမည့် နေထိုင် သွားလာမှုနှင့် အစားအသောက်

 သွေးတိုး ရောဂါကို သက်သာ စေမည့် နေထိုင် သွားလာမှုနှင့် အစားအသောက်
သွေးတိုးအတွက် စိတ်မသက်မသာ ဖြစ်နေတဲ့သူတွေ အတွက်  သွေးကို ထိန်းပေးနိုင်မယ့် အစားအသောက် အကြောင်းပြောရရင်-
သွေးတိုးဆိုတာ သွေးဖိအားအပေါ်  သွေး ၁၄ဝ မီလီမီတာနဲ့ အောက်သွေး ၉ဝ မီလီမီတာ မာကျူရီထက် မပိုသင့်ဘူး။  သွေးတိုးဖြစ်စေတဲ့  အကြောင်းအရင်း ၁ဝ ရာခိုင်နှုန်းသာရှိပြီး  ဆက်နွှယ် စဉ်းစားရတာက ၉ဝ ရာခိုင်နှုန်းသော လူတွေရဲ့  စားသောက်မှုနဲ့ နေထိုင်မှု ပုံစံတွေကြောင့် ဖြစ်တယ်။
လူတွေ အပျင်းကြီးလာတယ်။ ထိုင်ရာကနေ မထနိုင် ဖြစ်လာကြတယ်။ လက်နဲ့ ကိုယ်တိုင်မလုပ်ဘဲ  အိမ်အကူ ခေါ်ကြတယ်။  လှေကားအတိုင်း မတက်ဘဲ၊ စက်လှေကား၊  ဓာတ်လှေကားနဲ့ တက်တယ်။  လမ်းမလျှောက်ဘဲ ကားနဲ့ သွားလာကြတယ်။ နေ့စဉ် နာရီဝက် အားကစားလုပ်၊ လမ်းလျှောက်၊  အပြေး၊ စက်ဘီးစီး မလုပ်ဘဲ၊ တီဗွီကြည့်၊ ဂိမ်းထိုင်နှိပ်ကြတယ်။  အသင့် အမြန်စား အစားအစာတွေ များလာတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နဲ့ အငန်တို့လို အစားအသောက်တွေ စားတော့ သွေးပေါင် တက်လာစေတယ်။
ဆီးချို ဟော်မုန်းထုတ်လုပ် ဂလင်းပုံမှန် မဖြစ်တဲ့ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆေးဝါးရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် သွေး တိုး ဖြစ်လာစေတယ်။ ပဋိသန္ဓေတားဆေး  စတီးရွိုက်နဲ့  ဟော်မုန်းစားရင် သွေးတိုးစေတယ်။
သွေးတိုးကို မကုဘဲထားရင် ရေရှည်ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းတွေကို တိုက်ခိုက် ခံရတတ်တယ်။ သွေးကြောတွေ ပျက်စီးစေပြီး အချိန်မတိုင်မီ နှလုံးက သွေးညှစ်အား မကောင်းခြင်း၊ လေသင်တုန်း ဖြတ်ခြင်းဖြစ်စေတယ်။
ဆီးရွှင်ဆေးဟာ အရည်နဲ့ ဆားဓာတ် ဖယ်ထုတ်ပေးပြီး သွေးကြောတွေရဲ့ ခုခံအားကို လျော့စေတယ်။ ဘီတာဘလော့ကာတွေ က နှလုံး ခုန်နှုန်း နှေးစေပြီး နှလုံးကြွက်သား အားလျော့စေတယ်။ ဖေဆိုဒိုင်လေတာက သွေးလွှတ်ကြော ချဲ့ပေးတယ်။  အေစီအီးအင် ဟစ်ဗစ်တာ က သွေးကြောကျယ်တဲ့ ဆေးအနေနဲ့ရော ဆီးချိုအနေနဲ့ပါ အကျိုး သက်ရောက်စေတယ်။
သွေးဖိအား ပုံမှန်ဖြစ်သွားပေမဲ့ ရေရှည်ဆေးဝါး သောက်ရတယ်။ အနားယူခြင်း၊ စိတ်ဖိစီးမှု လျှော့ချရေး၊ ကိုယ်အလေးချိန် လျှော့ချရေး၊ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်သင့်တယ်။
သွေးတိုးတာ ကာကွယ်ဖို့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာ စားသုံးသင့်တယ်။ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့  ဆီလီနီယမ် သတ္တုဓာတ် ကြွယ်ဝတဲ့ အစာ စားသင့်တယ်။ ဂျုံစေ့အဆန်၊ အခွံမာသီး၊ ဗီတာမင်အီး ကြွယ်ဝတာတွေကို စားသင့်တယ်။  သည်အစာထဲက ငါးမျိုးကို နေ့စဉ်စားသင့်တယ်။ အဆီများတဲ့ ပင်လယ်ငါးစားရင်  အိုမီဂါ  သုံးနဲ့ အိုမီဂါ ခြောက်၊ ဖက်တီး အက်စစ်ပါနေတာကြောင့် သွေးတိုး သက်သာစေတဲ့ သွေးဖိအား လျော့ပြီး  ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို သန့်စင်ပေးပြီး သွေးခဲနိုင်မယ့် အလားအလာ လျှော့ပေး တယ်။ အကောင်းဆုံး၊  အသင့်လျော်ဆုံးက အမျှင်ဓာတ်ကြွယ်တဲ့ အစားတွေပဲ။ ကွေကာ၊ ခေါက်ဆွဲကြော်၊  ထမင်းနဲ့ဟင်း၊  ပေါင်မုန့် စားပေးသင့်တယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်များ၊ မာဂျရင်းတို့ လျှော့စားရမယ်။  ဆားပါဝင်မှုများတဲ့ အစားအစာနဲ့ မုန့်တွေကိုအတတ်နိုင်ဆုံး လျှော့စားပါ။  ဗီတာမင်နဲ့ သတ္တုဓာတ် မြင့်တဲ့ အားဆေးကို ဆင်ခြင်သောက်ရမယ်။ ပိုတက်စီယမ် ကြွယ်ဝတဲ့အစား (ငှက်ပျောသီး)စားပါ။
http://www.myawady.net.mm

အမေရိကန် ကြည်းတပ်ဖွဲ့ဝင်များ အတွက် Iron Man ကဲ့သို့သော သံချပ်ကာ ဝတ်စုံ ထုတ်လုပ်ရန် စီစဉ်

 အမေရိကန် ကြည်းတပ်ဖွဲ့ဝင်များ အတွက် Iron Man ကဲ့သို့သော သံချပ်ကာ ဝတ်စုံ ထုတ်လုပ်ရန် စီစဉ်လျက်ရှိ
လန်ဒန်  အောက်တိုဘာ  ၁၁
အမေရိကန် ကြည်းတပ်ဖွဲ့သည် Iron Man ပုံစံဝတ်စုံ ထုတ်လုပ်မှုတွင် အကူညီပေးရန် နည်းပညာ စက်မှုလုပ်ငန်းများ၊ အစိုးရ သုတေသန လက်တွေ့ စမ်းသပ်ခန်းများနှင့် တက္ကသိုလ် အသိုက် အဝန်း များအား တိုက်တွန်းလျက် ရှိကြောင်း အောက်တိုဘာ ၁၁ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
လူ၏ ခန္ဓာကိုယ်အား ထောက်ပံ့မှုနှင့် ကာကွယ်မှုများ ပေးအပ်နိုင်သော Exo-skeleton စနစ် များသည် စမ်းသပ်ထားသော အလေးချိန် ပမာဏထက် တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမိုသယ် ဆောင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းဗျူဟာမြောက် ပေါ့ပါးသော တိုက်ခိုက်ရေး ဝတ်စုံ (Talos)သည် ခန္ဓာကိုယ်ပုံစံ အတိုင်းရှိမည် ဖြစ်သော်လည်း အာရုံခံ ကိရိယာများ တပ်ဆင် ထားသော ခေတ်မီပစ္စည်း ကိရိယာများ ပါဝင်သည့်   အလွှာများလည်း ပါရှိမည်ဟု သိရသည်။
အဆိုပါ ဝတ်စုံအတွက် အင်တာနက် ရရှိရန် လိုအပ်မည် ဖြစ်ပြီး ကွန်ပျူတာ ကဲ့သို့ အသုံးပြု နိုင်မည့် Google ကွန်ပျူတာ မျက်မှန်လည်း လိုအပ်မည် ဖြစ်ကြောင်း အမေရိကန် ကြည်းတပ် က ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့် စက်မှုလုပ်ငန်းကမှ အဆိုပါ ဝတ်စုံအား ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
http://www.myawady.net.mm

14 October 2013

မန္တလေးဗုံး စနက်တံဖြုတ်မရ၍ ဖောက်ခွဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၁၃

မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် မွန်းလွဲ ၂ နာရီကျော်က ဗုံးတလုံး တွေ့ရှိ၍ သက်ဆိုင်ရာက စနက်တံဖြုတ်ရန် ကြိုးပမ်းခဲ့ပြီး စနက်တံဖြုတ်မရ၍ မွန်းလွဲ ၃ နာရီတွင် ဖောက်ခွဲလိုက်ကြောင်း အခင်းဖြစ်ပွားသည့်နေရာ ရောက်ရှိနေသည့် မန္တလေးအခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

refind;ဧရာဝတီ

ကြာသပတေး ဂြိုဟ်နှင့် စနေဂြိုဟ် ပေါ်တွင် စိန်မိုးရွာချ ခဲ့ဖွယ်ရှိဟု သိပ္ပံပညာရှင်များ အခိုင်အမာ ပြောကြား

ကြာသပတေး ဂြိုဟ်နှင့် စနေဂြိုဟ် ပေါ်တွင် စိန်မိုးရွာချ ခဲ့ဖွယ်ရှိဟု သိပ္ပံပညာရှင်များ အခိုင်အမာ ပြောကြား
ဝါရှင်တန် အောက်တိုဘာ ၁၁
ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ် တို့ပေါ်တွင် ကြီးမားသော သမုဒ္ဒရာကြီးများ ဖွဲ့စည်း ဖြစ်ပေါ်နိုင်ရေးအတွက် ကောင်းကင်မှ စိန်မိုးများ ရွာချခဲ့ဖွယ် ရှိကြောင်း သိပ္ပံ ပညာရှင်များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း
တစ်ပုဒ်တွင် ရေးသား ဖော်ပြထားသည်။
ဆိုလာစနစ်တွင် အကြီးဆုံးဂြိုဟ် ကြီးနှစ်လုံးဖြစ်သည့် ဂျူပီတာဂြိုဟ်နှင့် စေတန်ဂြိုဟ်တို့၏ အခြေအနေ များအရ ၎င်းဂြိုဟ်များပေါ်တွင် သမုဒ္ဒရာ ဖြစ်ပေါ်စေရန် စိန်မိုးများ ရွာချနိုင်ဖွယ် ရှိသည်ဟု ရူပနက္ခတ ဗေဒပညာ ရှင်များက တွက်ချက်ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များ၏ပြောကြားချက်အရ ဂြိုဟ်ကြီး နှစ်လုံး၏ လေ ထု အတွင်း၌ ဖြစ်ပေါ်လာသည့် အင်အားပြင်းသော မိုးကြိုး မုန်တိုင်းများသည် ကာဗွန်မှုန်များကို ဖြစ်ပေါ်စေပြီး ယင်းကာဗွန် မှုန်များ သည် လေထု အတွင်းရှိ ဓာတ်ငွေ့များ နှင့် ဓာတ်ပြုပြီးနောက် စိန်ခဲများကို ဖြစ်ပေါ်စေကြောင်း၊ ထို့နောက် ယင်းစိန်ခဲများသည် ဂြိုဟ်ကြီးများ၏ ပတ်ဝန်းကျင် အခြေအနေကြောင့် နောက်ဆုံးတွင် အရည်ပျော် ကျကာ စိန်မိုးများ အဖြစ် ရွာသွန်းနိုင်ဖွယ် ရှိကြောင်း၊ ထိုမှတစ်ဆင့် သမုဒ္ဒရာ ဖြစ်ပေါ် လာနိုင်ဖွယ်ရှိကြောင်း ဝစ်ကွန်စင်- မက်ဒီဆန် တက္ကသိုလ်မှ ဒေါက်တာ ကီဗင်ဘိန်းစ်က ပြောကြားသည်။
ထို့ကြောင့် ဂျူပီတာဂြိုဟ်နှင့် စေတန် ဂြိုဟ်တို့သည် မိန်းကလေးများ၏ အကောင်းဆုံး မိတ်ဆွေ ဖြစ်နိုင်ဖွယ်ရှိ သည်ဟု သိပ္ပံ ပညာရှင်များက ပြောကြားသည်။
http://www.myawady.net.mm

မြန်မာကျောင်းသားထွင်တဲ့ မောင်းသူမဲ့လေယာဉ် အောင်မြင်

 
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မှ ကျောင်းသားပရောဂျက် ဖြစ်တဲ့DAWN SWAZ မောင်းသူမဲ့လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့
 
Final PV ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်း
လုပ်ဆောင်ခဲ့တဲ့ DAWN SWAZ Project ဟာ ယနေ့ နံနက် ၇း၃၀ နာရီမှာ အောင်မြင်စွာ Flight Test လုပ်ဆောင်နိုင်ခဲ့ပါပြီ။
DAWN SWAZ မောင်းသူမဲ့လေယာဉ်
ဟာ ယမန်နှစ်က SWAK ZAH လေယာဉ်ငယ် ကို ဒဇိုင်းပိုင်းဆိုင်ရာ modify ပြန်လုပ်ထားတာဖြစ်ပါတယ်။
ထူးခြားသွားတာကတော့ ယမန်နှစ်က Brushless Motor ကိုအသုံးပြုပြီးမောင်းနှင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ OS-95 Engine ကိုသုံးပြီးစမ်းသပ်အောင်မြင်နိုင်ခဲ့ပါတယ်။ Engine Power 2.9 hp ဖြစ်ပီး
Wing Span 9ft, Fuselage Length 5.85ft နဲ့ Weight 23lb ကိုအဲ့ဒီအင်ဂျင်က သယ်ဆောင်နိုင်ခဲ့ပါတယ်။
နောက်ပီး aerial photographing လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားအားလုံးဟာ အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အချိန်လုယူရခဲ့ရတာပါ။ ပရောဂျက်ကာလ ဟာ စာမေးပွဲရက်တွေနဲ့ boxing day တွေလို ဖြစ်သွားခဲ့ရပါတယ်။ အကူအညီပေးကြတဲ့ဆရာဆရာမတွေရော supervisor ရော အကုန်လည်း ပင်ပန်းခဲ့ကြရပါတယ်။ ဒီနေ့မပျံခင်မနေ့ညက ကျွန်တော်တို့ Engine Test လုပ်ပါတယ် လိုအပ်တဲ့ full powerကိုမပေးနိုင် လို့ စိတ်ပူပန်ခဲ့ကြရပါတယ်။ ဒါပေမယ့် MAEU UAV Research Section ရဲ့ အနီးကပ် ကူညီပေးမှုကြောင့် ညဆယ်နာရီခွဲလောက်မှာ ကျွန်တော်တို့လိုချင်တဲ့ full power ကို အင်ဂျင်ကပေးနိုင်ခဲ့ပါတယ်။အဲဒီလို အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ DAWN SWAZ လေယာဉ်ဟာ မနှစ်က SWAK ZAH လေယာဉ်လိုပဲ အံ့သြ စရာကောင်းလောက်အောင် ပျံသန်းအောင်မြင်နိုင်ခဲ့ပါပြီ ခင်ဗျာ။
DAWN SWAZ project အောင်မြင်အောင်လို့ ကူညီအားပေးခဲ့ကြသော ကျွန်တော် တို့ရဲ့အဖေ အမေများ Theory Senses တွေကို ပြည့်ပြည့်ဝဝ အသုံးချနိုင်အောင် ကျွန်တော်တို့ကို သင်ကြားပို့ချခဲ့သော
Propulsion and Flight Vehicles Department မှ ဆရာဆရာမများ၊
တည်ဆောက်ရေးအပိုင်းကို အနီးကပ်ကူညီပံ့ပိုးပေးခဲ့သော MAEU UAV Research Section မှ ဆရာဆရာများနှင့် ဖေးမကူညီအားပေးခဲ့ကြသော ပါမောက္ခချုပ်ကြီးနှင့်တကွ ကျောင်းရှိဆရာ ဆရာမများ အားလုံး အားလုံး ကို ကျွန်တော်တို့ DAWN SWAZ Group မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း MAEUSU page မှ တဆင့် မှတ်တမ်းတင်ဖော်ပြအပ်ပါတယ်ခင်ဗျား။

Fly Your Dreams to the Highest Ceiling!

DAWN SWAZ Group

မြန်မာနိုင် ငံလေ ကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားများ၏ UAV လေယာဉ်ငယ်DAWN SWAZ အောင်မြင် စွာတည်ဆောက်ပြီးစီးခဲ့ခြင်းအား MAEUSU မှ ၀မ်းမြောက်ဂုဏ်ယူပါသည်။

ယာယီအမှုဆောင် အဖွဲ့ (MAEUSU)

လမ်းမီးများ ပြုပြင် တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်

တောင်ကြီး     အောက်တိုဘာ     ၉
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်၌ ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနနှင့်
မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့တော်သာယာ လှပရေးအတွက် လမ်းမီးများ ပြုပြင် ဆောင်ရွက် လျက် ရှိသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက်ရှိ လမ်းမီးတိုင် ၁၆ဝ ရှိ မာကျူရီ မီးသီးများမှ မီးမလင်းသော မီးသီးများကို အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ဟောင်းနွမ်း ဆွေးမြည့်နေသော မီးကြိုးများ အသစ်လဲလှယ် တပ်ဆင်ခြင်း လုပ်ငန်းများကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဝန်ထမ်း များက ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

အရှိန် မထိန်းနိုင်သည့် ဆိုင်ကယ် ချောက်အတွင်း ထိုးကျ

တောင်ကြီး  အောက်တိုဘာ  ၉ 
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး မိုင်တိုင် အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား၌ ယနေ့နံနက် ၅ နာရီခွဲတွင် မော်တော် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
 ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဘစိုး ၅၆ နှစ် (ဘ) ဦးအုန်းပေါ်သည် ဗိုလ်ချုပ် အောင်ဆန်း လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်အမှတ် ၂၈ ယ/---- မော်တော်ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းနှင်လာစဉ်   မိုင်တိုင်အမှတ် (၁၁၆/၁) နှင့် (၁၁၆/၂) ကြား ရှမ်းစာပေနှင့် ယဉ်ကျေးမှုဝင်း အနီး လမ်းဘေးချောက်ထဲသို့ အရှိန် မထိန်းနိုင်ဘဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ  ယာဉ်မောင်း ဦးဘစိုးသည် ခန္ဓာကိုယ်အနှံ့  ပေါက်ပြဲ ဒဏ်ရာများဖြင့် နေရာ တွင် သေဆုံးသွားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဘစိုးအား တောင်ကြီးမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃ဝ၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။  
http://www.myawady.net.mm

11 October 2013

အသည်းပုံမြစ်

ဒီအသည်းပုံမြစ်ဟာ ပျမ်းမျှအားဖြင့် မိုင် ၁၈၀ ( ၂၉၀ ကီလိုမီတာ ) ရှည်လျားပြီး Missouri မြစ်ထဲကိုစီးဝင်တဲ့ လှပတဲ့မြစ်တစ်စင်းဖြစ်ပါတယ်။ မြစ်ရဲ့အသွင်အပြင်ဟာ အပေါ်စီးကကြည့်မယ်ဆိုရင် အသည်းပုံဖြစ်ပေါ်နေပြီး တည်နေရာကတော့ Dakota အနောက်မြောက်ဖက်၊ United States မှာဖြစ်ပါတယ်။
refind ;//BellBagan

ဖောင်တော်ဦးဘုရား ညောင်ရွှေမြို့ စံကျောင်းတော်သို့ ကြွချီ

 Photo
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး ဒေသ ရှိနှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖောင်တော်ဦး ဘုရားပွဲ ကျင်းပနေပုံမြင်ကွင်းများ ဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်မှ ၂၂ ရက်နေ့ အထိ အင်းလေး ဒေသ
ရှိ ၂၁ ဌာန ကို လှည့်လည် အပူဇော်ခံပြီးေ
ဖာင်တော်ဦးဘုရားဟာအင်းလေးတစ်ခွင် လှည့်လည်အပူဇော်ခံလျက်ရှိရာဒီနေ့(11-10-13)မှ (13-10-13)ထိညောင်ရွှေမြို့တွင်ရောက်ရှိအပူဇော်ခံမည်ဖြစ် ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ တွင် စံကျောင်းတော် ၀င်ပွဲ ကို လည်းစည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမယ် လို့ လဲသိရပါသည်။
HAK

အာဆီယံဥက္ကဌ ရာထူးအထိမ်းအမှတ် သဘာပတိတူကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လွှဲပြောင်းပေး ခဲ့

 
မြန်မာနိုင်ငံဟာ ယခု အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် အာဆီယံဥက္ကဌ ရာထူးအထိမ်းအမှတ် သဘာပတိတူကို ဘရူးနိုင်းဘုရင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လွှဲပြောင်းပေး ခဲ့ ပါတယ်။

10 October 2013

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် ရေချောင်းထဲ တွင် အလောင်း တစ်လောင်း တွေ့

၂၀၁၃ အောက်၀၉
တာင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်အတွင်းရှိ ရေချောင်း အကျယ်(၁၀)ပေ၊ အနက်(၆)လက်မ ထဲ တွင် အလောင်း တစ်လောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့စခန်းမှူး နှင့်အဖွဲ့၊ ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ မှသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၁၁)နေ ဦးအောင်လွင်  ဖြစ်ပြီး၎င်းသည်အရက်သေစာလွန်စွာ သောက်စားတတ်ကာ
ခတစ်ဖက်မသန်စွမ်း၍ ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း နှင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ခန္ဓာကိုယ် အရေပြားများ တွန့်လျှက်သေဆုံးနေကြောင်း တွေ့ရှိရပြီး အလောင်းအား စစ်စံထွန်း ဆေးရုံသို့သယ်ဆောင်
သွားခဲ့ကြောင်း သတင်းရရှိပါသည်။
HAK

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက် အသိမ်းဆည်းခံရ ဘိုးဘွားပိုင်မြေကို မြို့နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ ရေအေးကွင်းတိုးချဲ့နယ်မြေ ကုန်းမြင့်သာယာရပ်ဟု ရည်ညွှန်းဖော်ပြ၍ (၁၉၉၈) ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ မြေမိန့်ပေးကာ နိုင်ငံတော်အကျိုး (သို့မဟုတ်) အများပြည်သူများ အကျိုးအတွက် သိမ်းဆည်းခြင်းမဟုတ်ပဲ ပုဂ္ဂလိက ပြည်နယ်အဆင့်/ခရိုင်ဝန်ထမ်းအချို့နှင့် ပြန်တမ်းဝင် တပ်မတော်အရာရှိ တစ်ချို့အား မြေပေးမိန့်ချမှတ်ပေးခဲ့သည့် မြေယာသိမ်းဆည်းခြင်းကို အဆင့်ဆင့် အသနားခံစာ တင်ပြီးမှ အောက်တိုဘာ ၈ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

“ခရိုင်မင်းကြီး၊ ဥပဒေမင်းကြီး၊ မြို့နယ်မင်းကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ် လူကြီးတွေဘဲ ရထားတယ်၊ ဥပဒေဆိုတာ စောင်ကြားထဲဘဲ ရှိတယ်။ သွားတင်ပြရင်လည်း ဆဲလွှတ်လိုက်ပြီ။ အခါနှစ်ဆယ် သွားမေးတောင်မှ အမှန်တရား မပြောပြဘူး။ မြေစာရင်းရုံး သွားရင် ရပခ ကို လွဲချတယ်။ ရပခ ကို သွားရင် ထွေအုပ်ကို လွဲချတယ်။ ထွေအုပ်ကို သွားရင် ပြည်နယ်ကို လွဲတယ်။ ပြည်နယ်ကို မေးရင် အထက်ကို လွဲတယ်။ အဲဒီ အထက်နှစ်လုံးကို မေးရင် ဘယ်သူမှ မဖြေကြဘူး။ ပြဿနာမပြီးသေးဘူး ဆရာ။ ခဏစောင့်ပြီး မှာကာပါလားလို့ တောင်းပန်တာမရဘူး။ ရပ်ကွက်ရေးမှူးရုံးသို့ ခေါ်သော်လည်း အပြင်ကနေ စောင့်ခိုင်းတယ်။ သူတို့အထဲက ညှိနိုင်းတယ်။ ပြည်ထဲရေးက အမိန့်မပါဘူး။ တိုင်းမှူးရဲ့ အမိန့်နဲ့သာ လုပ်တာ။ အသိပေး အကြောင်းကြား ညှိနိုင်းမှုလည်း မရှိ။ ကြိုက်ယူ ကြိုက်ရှင်း ကြိုက်လုပ်ပြီး မြေဂရမ်ထုတ်သွားရာမှ ဟာသူတို့မှာ သက်သေအထောက်အထား မရှိဘူး ဆိုပြီး တကယ်ပိုင်တဲ့ သူက အထောက်ထား မရှိလို့ မပေးဘူး။ မပိုင်တဲ့ သူတော့ အာဏာသုံးပြီး ယူကြတယ်။ လောကမှာ ဒါဥပဒေလား။ ဒါ တရားမျှတမှု ရှိသလား။ သမ္မတ မူက ကောင်းပါတယ်။ ဘယ်လိုကြောင်းနဲ့ဘဲ သိမ်းသိမ်း ရှောင်လွဲလို့ မရအောင် သိမ်းသည်ဖြစ်စေ နှစ်နာမှု မရှိအောင် လုပ်ပေးလိုက်။ မနှစ်နာသေးဘူးဆိုရင် မြေပြန်ပေးလိုက်။ သိပ်ချစ်စရာကောင်းတယ်။ ဥပဒေနဲ့ အညီ သိမ်းယူခြင်းလည်း မဟုတ်ဘူး။ ဒီအစိုးရလက်ထက် မရလည်း နောက်အစိုးရလက်ထက်လည်း အမှန်တရားရဖို့ ဆက်လက်လုပ်ဆောင်သွားမှာဘဲ” ဟု မြေသိမ်းခံရသော တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မေ က ပြောသည်။

ဘိုးဘွားပိုင် မြေရှင်များသည် နှစ်ပေါင်း (၈၀) ကျော် စဉ်ဆက်မပြတ် ရိုးသားစွာ နေထိုင်နေသော ပအိုဝ်းလူမျိုး တောင်သူလယ်သမားများ ဖြစ်ကြရာ မြေပုံစံ ၁၀၅ ဂရံကို လုပ်လေ့ မရှိကြောင်း ၎င်းမြေကို ဧက၂၀ ကျော်ရှိကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဌာနဆိုင်ရာ ၈ ခုတွင် အကြိမ်ကြိမ် တင်ပြပြီး ဖြစ်ကြောင်း မြေယာအသိမ်းခံရသူ ဒေသခံများက ဆိုသည်။
http://www.taunggyitime.com

4 October 2013

သွေးအားနည်းခြင်း လက္ခဏာများ

 သွေးအားနည်းခြင်း လက္ခဏာများ
ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေပိုင်ရှင်ဟာ သွေးသားကောင်းမွန်တဲ့ အပြင် ပိုးအမျိုးမျိုး ကင်းစင်ရပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာဟာ
သံဓာတ် အလွန်အမင်း ချို့တဲ့လို့ဖြစ်တယ်။ သွေးအားကောင်းလို့ အောက်ဆီဂျင် ပိုမိုသယ်ယူပေးတဲ့ ဟေမိုဂလိုဘင် ပါဝင်မှု သွေးထဲလျော့ကျလာရင် သံဓာတ်လျော့နည်း လာတတ်တယ်။ သဘာဝ သံဓာတ်နည်း စေတာက အာဟာရချို့တဲ့ခြင်း၊ သံဓာတ်ပါတဲ့ အစားအစာ ရှောင်ခြင်း၊ အမျိုးသမီးများ လစဉ်ရာသီသွေး အဆင်းများခြင်း၊ အမျိုးသားများ ဆေးလိပ်၊ အရက်အလွန်အကျွံ သောက်ခြင်း၊ ဘီစစ်နဲ့ ဘီတွဲလျော့နည်းခြင်းနှင့် အူသိမ်ဦးပိုင်းမှာ အင်စာရင်း ဆစ်ဖက်တာ မွေးရာပါ ချို့ယွင်းမှုကြောင့် သံဓာတ်လျော့နည်းခြင်း ဖြစ်စေတယ်။ ဒီလိုဖြစ်လာရင်ဘီတွဲ ပုံမှန်ထိုးပေးရတယ်။ သွေးအားနည်းတာ တာရှည်လာရင် နာတာရှည် သွေးအားနည်း ရောဂါ ဖြစ်လာမယ်။ သံဓာတ်ပါတဲ့ အစားအစာ များများစားရမယ်။ သွေးမှာ အဓိက အရေးကြီးဆုံးဟာ သွေးနီဥများဖြစ်တယ်။ သွေးနီဥများကို သာမန်အားဖြင့် ရိုးတွင်းခြင်ဆီက တည်ဆောက်ပေးတယ်။ သွေးနီဥ တည်ဆောက်ရေးမှာ ကုန်ကြမ်းအားဖြင့် အသားဓာတ် (ပရိုတိန်း)၊ ဗီင်္တာမင်များ (ဗီတာမင်ဘီစစ်၊ ဗီတာမင်ဘီတွဲ)၊ ဖောလစ်အက်စစ်၊ ဗီတာမင်စီ၊ သတ္တုဓာတ်များမှာ သံဓာတ်၊ ကော့ပါး၊ ကိုဘော့တို့ကို လိုအပ်ပါက အာဟာရချို့တဲ့ရင် သွေးနီဥများ မတည်ဆောက်နိုင်ဘဲ သွေး အားနည်း ရောဂါ ဖြစ်စေ ပါတယ်။
ကာလကြာသောအခါ အလွန်သွေးအားနည်းခြင်း ဖြစ်နိုင်တယ်။ သွေးအားနည်း ရောဂါ ကာကွယ်ဖို့ စားသုံးတဲ့ အာဟာရမှာ ဗီတာမင်၊ သတ္တုဓာတ်နှင့် အသားဓာတ် (ပရိုတိန်း)တို့ လုံလောက်စွာပါရှိဖို့ အထူးလိုအပ်ပါတယ်။ သွေးရဲ့ဂုဏ်သတ္တိ အရောင်ဟာ အနီရောင် ဖြစ်တယ်။ သွေးနီဥမှ ထွက်တဲ့ ဟေမိုဂလိုဘင်ကြောင့် အနီရောင် ဖြစ်နေပြီးတော့ အနီရောင်ရဲ့ တောက်ပမှုဟာ ဟေမိုဂလိုဘင်နဲ့ အောက်ဆီဂျင် ပေါင်းစပ်မှုနှုန်း အပေါ်မူတည်တယ်။ အရောင်ဖြတ်သန်းမှုမှာ အလင်းရောင် ဖြတ်သန်းနိုင်စွမ်း မရှိပါဘူး။ သွေးမှာပါဝင်တဲ့ ကလာပ်စည်းများကြောင့် အရောင်မဖြတ်နိုင်ခြင်း ဖြစ်တယ်။ ပျစ်ချွဲမှုအနေနဲ့ သွေးဟာ ရေနဲ့နှိုင်း ယှဉ်ပါက သုံးဆမှငါးဆအထိ ပျစ်ချွဲနိုင်တယ်။ သွေးရဲ့ သိပ်သည်းဆဟာ ၁ ဒသမ ဝ၅ မှ ၁ ဒသမ ဝ၆ အကြားရှိတယ်။
သံဓာတ်အားဆေးကို ကိုယ်ဝန်ဆောင် အားဆေးအနေနဲ့ ပေးလေ့ရှိပါတယ်။ လေးလတစ်ကြိမ် သွေးလှူရှင်များ အနေနဲ့ သံဓာတ်အားဆေး၊ ဖောလစ်အက်စစ်တို့ ပါဝင်သောက်သုံး သွားကြတာ ရှိတယ်။ သွေးနီဥ ဆဲလ်တစ်လုံးရဲ့ ပျမ်းမျှအသက်ဟာ ရက်ပေါင်း ၁၂ဝ ဖြစ်တဲ့အပြင် လေးလပြည့်တိုင်း သွေးတစ်ကြိမ် လှူနိုင်လို့ အကြိမ် (၂ဝဝ) ကျော် သွေးလှူ နေသူများ တွေ့ရှိနိုင်ပါတယ်။ ကုန်ဆုံးသွားတဲ့သွေးကို အလဟဿမဖြစ်ဘဲ တစ်စုံတစ်ယောက် အသက်ရှင်ဖို့ လှူဒါန်းပေးတာဟာ မြန်မာလူမျိုးတစ်မျိုး တည်းမှာပဲ ရှိတာကြောင့် လူတိုင်းသွေးလှူရှင်များ ဖြစ်နိုင်ပါတယ်။ ။  
http://www.myawady.net.mm

ရေနစ်နေသူအား ဆင်းဆယ်ရာမှ ဆယ်ယူသူ သေဆုံး

နတ်မောက်  အောက်တိုဘာ  ၃
မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ တမာပင် ရပ်ကွက် ဗိုလ်တေဇ အားကစားကွင်း အရှေ့တောင်ဘက် ၇ ဖာလုံခန့်အကွာ ရိုးချောင်းအတွင်း
အကျယ် ၁၅ ပေ၊ အနက် ၁၈ ပေခန့်ရှိ ရေအိုင်ထဲတွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက နတ်မောက်မြို့ တမာပင် ရပ်ကွက်နေ အောင်ဇော်ထွန်း(ခ) ဘိုထွန်း(ခ) လက်ပွား ၃ဝ နှစ် ရေနစ် သေဆုံးနေကြောင်း ဖခင်ဖြစ်သူ ဦးဝင်းကြည်က ရဲစခန်းသို့ လာရောက် သတင်းပို့သဖြင့် နတ်မောက်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက် အရ သေဆုံးသူ အောင်ဇော်ထွန်း (ခ) ဘိုထွန်း(ခ) လက်ပွားသည် ၎င်းတို့ပိုင် နေကြာခင်းသို့ မိခင်ဖြစ်သူ ဒေါ်သန်းအေး၊ တစ်ရပ်ကွက်တည်းနေ မဝင်းဝင်းနွယ်၊ မတယ်စေ့မ(ခ) မသင်းသင်းအေး တို့နှင့်အတူ နေကြာပွင့်များ ရိတ်နေစဉ် မတယ်စေ့မ(ခ) မသင်းသင်းအေးမှာ နေကြာခင်း တောင်ဘက်ရှိ ရိုးချောင်း အနီး ရပ်ထားသော လှည်းပေါ်မှ ရေဘူးယူရန် သွားစဉ် ရေအိုင် ထဲသို့ ခြေချော် ပြုတ် ကျ ရေနစ်ခဲ့သဖြင့် အောင်ဇော် ထွန်း(ခ) ဘိုထွန်း(ခ)လက်ပွားက ဆင်း၍ ဆယ်ခဲ့ရာ မတယ်စေ့မ(ခ) မသင်းသင်းအေးမှာ ကမ်းစပ်သို့ ရောက်ရှိပြီး ရေအိုင် တွင်း ဆင်းဆယ်သူ အောင်ဇော်ထွန်း(ခ) ဘိုထွန်း(ခ) လက်ပွားမှာ ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ နတ်မောက် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂ဝ၁၃)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

တောင်ကြီးမြို့တွင်ခွေးလေခွေးလွင့်များပြားလာ


တောင်ကြီး အောက်တိုဘာ (၅)
တောင်ကြီးမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပွင့်လင်းရာသီတိုင်း ခွေးလေခွေးလွင့်များအား ရှင်းလင်းလေ့ ရှိသော်လည်း ယခုနှစ်တွင် ရာသီဥတုပူပြင်းမှုကြောင့် သော်လည်းကောင်း ခွေးများမိတ်လိုက်ချိန်စော၍ ခွေးများ
တိုးပွားနှုန်းမြန်လျှက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သော်လည်း ခွေးလေခွေးလွင့်များ
များစွာကျန်ရစ်လျှက်ရှိရာ ကားများ၊ ဆိုင်ကယ်များမောင်းနင်သူအနေဖြင့် ယာဉ်အန္တရာယ်စိုးရိမ်ရသကဲ့သို့ လမ်း
သွားလမ်းလာများအတွက် လမ်းခွေးများသည် ကြောက်ရွံ့မှုမရှိဘဲ ရန်မူတတ်သဖြင့် ခွေးရူးရောဂါအန္တရာယ်ကို
လည်းစိုးရိမ်ဖွယ်ရာဖြစ်ပါသည်။ အမှိုက်ပုံများ၊ လမ်းဘေးများတွင်ရှိတတ်ကြပြီး စည်ပင်သာယာရေးအဖွဲ့မှ အမဲလုံးပစ်သည့်ညဆိုလျှင်ယင်းခွေးလေခွေးလွင့်များလည်း ပုန်းအောင်းနေတတ်ကြပြီး အနည်းငယ်သောခွေး
များသာအမဲလုံးမိတတ်ကြပါသည်။ တက္ကသိုလ်ကျောင်း၊ ရုံးဝင်းများတွင် ခွေးလေခွေးလွင့်များအစာရှာရင်း ယင်း
နေရာများတွင်ပင်နေထိုင်တတ်ကြသည်ဖြစ်သလို မျိုးပွားနှုန်းမြန်သဖြင့် အလျှင်အမြန်ပင်တိုးပွားလျှက်ရှိရာ
တောင်ကြီးမြို့ပေါ်တွင် ခွေးအကောင်အရေအတွက်များပြားလာလျှက်ရှိပါသည်။ အိမ်ခွေးများသည်လည်း လမ်း
ပေါ်ထွက် မိတ်လိုက်တတ်ကြပြီး ပိုင်ရှင်များမှ ထိန်းသိမ်းမှုမရှိဘဲ လမ်းပေါ်တွင်သာ လွတ်ထားကြပါသည်။
HAK

အင်္ဂါဂြိုဟ်ပေါ်ရှိ ချိုင့်ကြီး တစ်ခုမှာ မီးတောင်ဟောင်းကြီး ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များ လေ့လာတွေ့ရှိ

 အင်္ဂါဂြိုဟ်ပေါ်ရှိ ချိုင့်ကြီး တစ်ခုမှာ မီးတောင်ဟောင်းကြီး ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များ လေ့လာတွေ့ရှိ
ဝါရှင်တန်  အောက်တိုဘာ  ၃
လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅  ဘီလီယံကျော်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်ဟု ခန့်မှန်း ရသော အင်္ဂါဂြိုဟ်ပေါ်မှ   ရှေးဟောင်း မီးတောင်ကြီး တစ်ခုသည် ယခုအခါ ၎င်းဂြိုဟ်ပေါ်တွင် ပုံသဏ္ဌာန် မမှန်သော ချိုင့်ကြီးများအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
အဆိုပါ ချိုင့်ကြီးများသည် ဥက္ကာပျံ တစ်ခုကဲ့သို့  အရာဝတ္ထု တစ်ခု၏ ၀င်တိုက်မှုကြောင့်  ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အချို့ သိပ္ပံ ပညာရှင်များက ယူဆ ခဲ့သော်လည်း  "Oxus Patera" အမည်ရှိ အဆိုပါ ချိုင့်ကြီးမှာ မီးတောင်ကြီး တစ်ခု ဖြစ်နိုင်ဖွယ် ရှိကြောင်း သိပ္ပံ ပညာ ရှင်များ က ခန့်မှန်း ခဲ့ကြသည်။
၎င်းအပြင် ချိုင့်ကြီး အတွင်းရှိ ပုံသဏ္ဌာန် မမှန်သော ချိုင့်ဝှမ်းများသည် အဆင့်ဆင့် ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည် ဆိုသော သက်သေ အထောက်အထားများကို ဖော်ပြလျက်ရှိသည်။
အဆိုပါ ချိုင့်ကြီးသည် ကီလိုမီတာ ၃၀ အချင်းရှိပြီး ၎င်းချိုင့် အတွင်းရှိ တောင်တန်းများသည် အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ယင်းအမှုန် များမှာလည်း မီးတောင် ပေါက်ကွဲ မှုကြောင့် ထွက်ပေါ်လာသော ပြာမှုန်များ အနည်ကျရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သုတေသန ပညာရှင်များက ယူဆထားသည်။
အင်္ဂါဂြိုဟ် ပေါ်ရှိ အဆိုပါ ချိုင့်ကြီးကို  NASA Godderd Space Flight Center မှ သုတေသန ပညာရှင် ဂျက်ကော့ဘ်ဘလီချာနှင့် ဂြိုဟ် လေ့လာရေး ဆိုင်ရာ သိပ္ပံ တက္ကသိုလ်မှ သုတေသန ပညာရှင် ဂျိုးဆက်မိုက်ကယ်လ်စကီ တို့နှစ်ဦးက လေ့လာ ဆန်းစစ်မှုများ ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
http://www.myawady.net.mm

တရုတ်တွင် ပျားတူ အတုပ်ခံရမှုကြောင့် ၄၁ ဦး သေဆုံး ၁၆၀၀ ဦး ဒဏ်ရာရ

 ပေကျင်း  အောက်တိုဘာ  ၃
တရုတ်နိုင်ငံ အလယ်ပိုင်း ရှန်းရှီး ပြည်နယ်တွင် အဆိပ်ပြင်း ပျားတူများ၏ တိုက်ခိုက်မှုကြောင့် ၄၁ ဦးသေဆုံးခဲ့ပြီး ၁၆၀၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ပြည်နယ် အစိုးရ အဖွဲ့မှ အောက်တိုဘာ ၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။
ပျားတူများ တုပ်ခံရပြီးနောက် လူရာ ပေါင်းများစွာသည် ကျောက်ကပ် ပျက်စီးခြင်းနှင့်   ဓာတ်မတည့် ခြင်းကြောင့် သေစေနိုင်လောက်သော  အဖုအပိမ့် ထွက်ခြင်းများ ခံစား ခဲ့ရ ကြောင်း၊  ယင်းပျားတူများသည် အလျား  ၆ မီလီမီတာ ရှိပြီး ၎င်းတို့၏ အဆိပ်များကို အတုပ်ခံရသူ၏ ခန္ဓကိုယ် အတွင်းသို့   ထိုးသွင်း နိုင်စွမ်းရှိကြောင်း သိရသည်။
အဆိုပါ ပျားတူများသည် ကမ္ဘာ့ အကြီးဆုံး ပျားတူများဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တောင်ပံ တစ်ခုစီသည် သုံးလက်မရှိကြောင်း သိရသည်။
ယင်းပျားများသည် ရာသီဥတု ပူနွေးလာမှုကြောင့် ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ အတွင်း၌ အဆိုပါ ပြည်နယ် အတွင်းသို့ ၀င်ရောက်လာခဲ့ ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ၎င်းပျား များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် အတွက် ပြည်နယ်အစိုးရက ကြိုးပမ်းလျက် ရှိသည်၊
http://www.myawady.net.mm

အင်းတိုင်းရင်းသားများ ယခင်ကထက် စက်တပ်လှေငယ်ကို တွင်ကျယ်စွာ အသုံးပြုမှု များလာ၍ လုပ်ငန်းများ ပိုမို လျင်မြန်

 အင်းတိုင်းရင်းသားများ ယခင်ကထက် စက်တပ်လှေငယ်ကို တွင်ကျယ်စွာ အသုံးပြုမှု များလာ၍ လုပ်ငန်းများ ပိုမို လျင်မြန်စွာ ဆောင်ရွက်နိုင်
 ညောင်ရွှေ အောက်တိုဘာ ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဒေသခံ တောင်သူများနှင့် ရေလုပ်သားများ သည် ယခင်က စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေး လုပ်ငန်းများတွင် လှေငယ်ကို  မိရိုးဖလာ ခြေထောက်ဖြင့် လှော်ခတ်၍  လိုရာခရီး သွားလာခဲ့ကြသည်။
ယခုအခါ ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံထုတ် ဟွန်ဒါ စက်ငယ်များကို တပ်ဆင် အသုံးပြုလာကြသည်။ ထိုကဲ့သို့ စက်တပ်ဆင် အသုံးပြုခြင်းဖြင့် အင်းတိုင်းရင်းသားများသည် ရာသီပေါ် ဟင်းသီးဟင်းရွက်များ ရောင်းဝယ်ကိစ္စနှင့် လူမှုရေး လုပ်ငန်းများ လျင်မြန် လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရသည်။
အဆိုပါ စက်လှေ အသုံးပြုသော ဒေသခံ တိုင်းရင်းသား တစ်ဦးက ''အခု ခေတ်က အရင်ကနဲ့မတူဘဲ အများကြီး ပြောင်းလဲ တိုးတက်လာပါတယ်။ ခေတ်မီ နည်းပညာတွေကို ဘယ်နေရာမှာ မဆို အသုံးပြုနေကြတယ်။ အခုလည်း ကျွန်တော်တို့ အင်းထဲမှာ အရင်က လှေကို လှော်တက်နဲ့ ခြေထောက်ကိုသာ သုံးပြီး ကိုယ်လိုရာကို သွားခဲ့ကြပေမယ့် အခု လှေတွေမှာ စက်တပ်ပြီး သုံးလာတော့ လုပ်ငန်းတွေ ပိုအဆင်ပြေလာတယ်။ အရင်က ဒီလို စက်မသုံးတော့ စိုက်ခြံကို တစ်နာရီခွဲ နှစ်နာရီလောက် လှော်ရတယ်။ မိသားစုတွေလည်း ရောက်ချိန်မှ မရောက်ရင် စိတ်ပူရတယ်၊ အခုတော့ ခဏလေးနဲ့ ပြန်ရောက် လာတော့ လူလည်း သက်သာ၊ မိသားစုတွေလည်း စိတ်မပူရဘူး၊ ခြံကထွက်တဲ့ ဟင်းသီး ဟင်းရွက်တွေကိုလည်း အချိန်မီ ရောင်းရတယ်၊ တခြားဘာသာရေး လုပ်ငန်းတွေမှာပါ အလွယ်တကူ သွားလာနိုင်တယ်''ဟု ပြောကြားခဲ့သည်။
http://www.myawady.net.mm

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး စစ်ဆေး

ကလော အောက်တိုဘာ  ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ရှိ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဆိုင်များ မီးသုံးစွဲသည့် လုပ်ငန်းများကို
အောင်ပန်းမြို့ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးဝင်း ဦးစီး မီးသတ်တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက် ၉ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး အတွက် လိုက်လံ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသတ် တပ်ဖွဲ့ဝင်များသည် စက်ရုံ၊ အလုပ်ရုံများ၊ ဈေးဆိုင်ခန်းများ၊ မီးသုံးစွဲသည့် လုပ်ငန်းများကို မီးဖိုဘေးတွင် လောင်စာများ နီးကပ်စွာ ထားရှိခြင်း မရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျ သွယ်တန်း ထားရှိရေး၊ လောင်စာ ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိရေး၊ သက်တမ်းပြည့် မီးသတ် ဆေးဘူးများကို ဆေးရည် လဲလှယ် တပ်ဆင်ပေးခြင်း စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများ ကိုလိုက်လံစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

ယာဉ်မဆင်မခြင် မောင်းနှင် မှုကြောင့် လမ်းလျှောက်နေသူ ကလေးများအား တိုက်မိ

တောင်ကြီး  အောက်တိုဘာ  ၁
ရှမ်းပြည်နယ်    တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် မုံတဝ လမ်းပေါ်''ရွှေစင်'' ကဖေးရှေ့တွင် ယမန်နေ့ ညနေ ၃ နာရီခွဲက ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းကြီးစု ရပ်ကွက် မုံတဝလမ်းပေါ် ''ရွှေစင်'' ကဖေးရှေ့တွင် ယာဉ်မောင်း မမိုလှိုင်း ၃၇ နှစ် (ဘ)ဦးမိုက်ခမ်း ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့နေသူ မောင်းနှင်သည့် ၅ဂ/------ CRV အမျိုးအစား ခဲရောင်ယာဉ်သည် မုံတဝလမ်း အတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရပ်ထားသော ဆိုင်ကယ်နှင့် လမ်းလျှောက်နေသူ မောင်ဝင်းထွန်း၊ ထက်မြက်အောင်နှင့် မဝင်းဝင်းမော်တို့ သုံးဦးအား တိုက်မိရာ မောင်ဝင်းထွန်း ၈ နှစ် (ဘ) ဦးမြင့်အောင်    ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့ နေသူတွင်  ဦးခေါင်းထိပ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာ ခြေဖမိုး ပွန်းပဲဒဏ်ရာ၊ မေးစေ့နှင့် ကျောတွင် ပွန်းပဲ့ ဒဏ်ရာ၊ ထက်မြက်အောင် ၉ နှစ် (ဘ)ဦးကျော်မင်းသန်း ကျောင်းကြီးစု ရပ်ကွက်  တောင်ကြီးမြို့ နေသူတွင် ဝဲလက် ပွန်းပဲ့ဒဏ်ရာ၊  မဝင်းဝင်းမော် ၃ဝ နှစ် (ဘ)ဦးရာဂျမ်း စပယ်လမ်း ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့ နေ သူတွင် ယာပေါင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မမိုလှိုင်းအား တောင်ကြီးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၁၅/၂ဝ၁၃၊ ပြစ်မှု ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်  အရေးယူ ဆောင်ရွက် ထား ရှိကြောင်း သိရသည်။
http://www.myawady.net.mm

1 October 2013

ဝမ်းချုပ်ခြင်း ကို ကာကွယ်ကုသမှု

 ဝမ်းချုပ်ခြင်း ကို ကာကွယ်ကုသမှု
ဝမ်းချုပ်ခြင်းဟာ တွေ့မြင်နေကျ ရောဂါဖြစ်သလို၊ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းနုတ်ဆေး အမျိုးမျိုးနဲ့ နေ့စဉ်ဝမ်းပျော့ဆေး စားနေရသူများလည်း တွေ့ရပါတယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းကို
ရှာကြည့်မယ်ဆိုရင် ဆေးဝါးကြောင့်၊ ကိုယ်တွင်းရောဂါကြောင့်၊ အခြား ရောဂါများကြောင့် ဆိုတာတွေ့ရတယ်။ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက် အခဲပျောက်ဆေး၊ စိတ်ကျရောဂါ ကုဆေး၊ သွေးပေါင်ထိန်းဆေးတို့မှာ ပါဝင်တဲ့ အလူမီနီယံ ကြောင့် ဝမ်းချုပ်တတ်ပြီး ဆီးချိုရောဂါ၊ ကျောက်ကပ် အားနည်းရောဂါ၊ ပိုတက်စီယမ် ဓာတ်နည်းရောဂါ၊ ကယ်လ်စီယမ်ဓာတ်များခြင်း၊ သိုင်းရွိုက်အကျိတ် အားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်း စသည့် အချက်များကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ စားသောက်မှု လွဲမှားခြင်း၊ ဝမ်းသွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာ အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာကား၊ ရထားစီးသူများမှာလည်း ဝမ်းချုပ်တာ တွေ့ရပါတယ်။ အူလမ်းကြောင်း ပိတ်ဆို့ခြင်းမှာ အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ အူခေါက်ခြင်း၊ အူလမ်းကြောင်း ပိတ်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည် အူမကြီးရောင်ခြင်း၊ အူမကြီးသို့ သွေးလည်ပတ်မှု နည်းခြင်းတို့ကြောင့်လဲ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းမှာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ခြင်း၊ အူမကြီးပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ်ကြွက်သား အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းပုံမှန်မသွားဘဲ ချုပ်ထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
ကုသရာမှာ ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ အခြားရောဂါများကို ဦးစွာကုသရမယ်။ ဝမ်းချုပ်စေတဲ့ ဆေးများ၊ ဝမ်းနုတ်ဆေး အပြင်းစားများ ရပ်ထားရမယ်။ အမျှင်ပါတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည်နဲ့ အချိုရည်များများ သောက်ရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းစားခြင်းတို့ကို ရှောင်ရမယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန် လုပ်ရမယ်။ အမျှင်ပါတဲ့ ဆေးနဲ့အစားစား ရမယ်။
တချို့ကဝမ်းချုပ်လို့ အလွယ်တကူ ဝမ်းနုတ်ဆေးစားကြတယ်။ ဝမ်းနုတ်ဆေးရဲ့ ဆိုးကျိုးတွေ ကတော့ ဝမ်းနုတ်ဆေး ကြာရှည်စွာ သုံးစွဲပါက ခန္ဓာကိုယ်မှာ ပိုတက်စီ ယမ်ဓာတ် လျော့နည်းခြင်းကြောင့် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်းနဲ့ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အူလမ်းကြောင်း ကြွက်သားများ ညှစ်အားလျော့နည်းကာ ကြာလာတော့ ဝမ်းနုတ် ဆေးမစားရင် ပုံမှန်ဝမ်းသွားလို့မရ ဖြစ်တတ်တယ်။ နှစ်ရှည်လများ ဝမ်းနုတ်ဆေးစွဲ စားသူများရဲ့ အူမကြီး အမြှေးပါး အရောင်ပြောင်းကာ မူလအရောင်မှ အမည်းရောင် ဒါမှမဟုတ် အညိုရောင် ပြောင်းသွားတတ်တယ်။ တချို့ ဝမ်းနုတ်ဆေးဟာ ဆီးချိုကို ပိုဆိုးစေတယ်။ ဆေးတစ်မျိုးကြောင့် ဗိုက်နာ၊ လေပွ၊ လေမလည်ခြင်း ဖြစ်တတ်တယ်။ အခြားဆေးနဲ့ အတူတွဲလို့ ဝမ်းနုတ်ဆေးစားရင် အခြားဆေးတွေရဲ့ အာနိသင်ထိရောက်မှု လျော့နည်းစေတယ်။
ဝမ်းချုပ်တာဟာ အစားအသောက် အနေအထိုင် မမှန်လို့ဖြစ်တာ၊ ရေသောက်နည်းတာ၊ အမျှင်ပါတဲ့ အစာကို အစားနည်းတာ။ နေ့စဉ်နာရီဝက် ကာယလေ့ကျင့်ခန်း အပြင် လမ်းလျှောက်ခြင်း မလုပ်လို့ဖြစ်တာပါ။ ဒါ့အပြင် ကိုယ်တွင်း ရောဂါကြောင့်၊ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်ရတာစသဖြင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းရင်း ဇာစ်မြစ်ကိုသိရှိမှ သဘာဝအတိုင်း ပုံမှန်ဝမ်းသွားနိုင်ဖို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်ကြိမ် သံချဆေး တိုက်သင့်တယ်။''ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ'' ဆိုသကဲ့သို့ ဝမ်းချုပ်ရင် လွယ်လွယ်ကူကူ ဝမ်းပျော့ဆေးစားမယ့် အစားနေထိုင်မှု၊ စားသောက်မှု စနစ်ပြောင်းလဲ ပေးရုံနဲ့ ဝမ်းမှန်မှန် သွားစေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
http://www.myawady.net.mm

ဆိုက်ဘာ တပ်သားများအား ဗြိတိန်စုဆောင်း

ဆိုက်ဘာ တပ်သားများအား ဗြိတိန်စုဆောင်း
လန်ဒန် စက်တင်ဘာ ၃ဝ
ဗြိတိန်နိုင်ငံသည် ၎င်း၏စစ်ဘက်တွင် ဆိုက်ဘာ တိုက်ခိုက်မှုများကို တန်ပြန် တိုက်ခိုက်ရန် အတွက် နည်းပညာပိုင်း ဆိုင်ရာ နားလည် တတ်ကျွမ်းသော သူများကို စုဆောင်းသွားမည်ဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စုဆောင်းရရှိသော ဆိုက်ဘာ အရန်တပ်သား များကို ကွန်ပျူတာ ကွန်ရက်နှင့် သတင်း အချက်အလက်များ လုံခြုံရေး အတွက် ပူးတွဲ ဆိုက်ဘာ တပ်ရင်းအသစ်တွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်သူများကို စုဆောင်း အသုံးပြုခြင်းသည် ဆိုက်ဘာ တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်ရန်နှင့် လိုအပ်ပါက စစ်ဘက် အနေဖြင့်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ကွန်ဆာဗေးတစ် ပါတီက ထုတ်ပြန် ပြောကြားခဲ့သည်။
ဗြိတိန်စစ်ဘက် အနေဖြင့် သတင်း အချက်အလက် နည်းပညာ အပေါ်တွင် မှီခိုနေရမှုကြောင့် ဆိုက်ဘာ တိုက်ခိုက်မှု ခံရပါက စစ်ဘက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် စနစ်များ၊ ရေဒါနှင့်ဂြိုဟ်တုများ အပြင် တိုက်ခိုက်ရေး တပ်ရင်းများတွင် ပါဝင်သည့် လေယာဉ်များနှင့် သင်္ဘောများကို သုံးမရအောင် ဖျက်ဆီးသွားမည် ဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော အခြေအနေများ အတွက် ဆိုက်ဘာတန်ပြန် တိုက်ခိုက်မှု လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

တောင်သူလယ်သမားတွေ့ ဆုံနှီးနှောဖလှယ်ပွဲ တောင်ကြီးတွင်ကျင်းပ။

တောင်ကြီး၊၃၀-၉-၂၀၁၃။

တောင်ကြီးမြို့  ၊ ရှမ်းစာပေ/ယဉ်ကျေးမှုခန်းမ တွင် ယနေ့ နံနက် ၉း၀၀ နာရီမှ ၃း၀၀ နာရီ ခန့်အထိ ၊
မြေယာဥပဒေဆွေးနွေးခြင်းနှင့်တောင်သူလယ်သမားတွေ့ ဆုံနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ တယ်လို့ 
ပွဲ တက်ရောက်ခဲ့ တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

`` ခန့်မှန်းခြေ ရှမ်းပြည်နယ်အတွင်းက တောင်သူလယ်သမားအယောက်၅၀၀ ကျော်ခန့်တက်
ရောက်ပါတယ်၊လယ်သမားတွေ ရဲ့  ကိုယ်တိုင်တွေ့ ကြုံနေရတဲ့ ဒုက္ခ အဝဝကို အချင်းချင်း ညှိနှိုင်း
ဆွေးနွေး ကြတယ်၊အဓိက ကတော့ မြေအသိမ်းဆည်းခံနေရတဲ့ ကိစ္စ တွေကိုဆွေးနွေးတာပေါ့၊ဒီမှာက အစိုးရ ဌာန ၊
စစ်တပ်၊ကုပ္မဏီတွေအပြင် ၊ဒေသခံလက်နက်ကိုင်အဖွဲ့ စည်းတွေက သိမ်းထားတဲ
့မြေတွေလဲများတယ်လေ``ဟု တက်ရောက်သူလယ်သမားတစ်ဦးက ပြောပြပါတယ်။

ယင်းပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်း(ရှမ်းပြည်) က ဦးစီးကျင်းခြင်းဖြစ်ပြီး၊
ရန်ကုန်၈၈ မှ ကိုမျိုးသန့် နှင့်အဖွဲ့ ၊လူ့ ဘောင် သစ်ပါတီမှ ကိုငွေလင်းနှင့်အဖွဲ့ ၊ရန်ကုန်လူမှုအကျိုးဆောင်ကွန်ရက်မှ ကိုဇော်ရမ်း၊တို့ အပြင် ရှမ်းပြည်နယ်အတွင်းရှိပါတီများနှင့် လူမှုအဖွဲ့ အစည်းများပူးပေါင်းပါဝင်ခဲ့ ကြ လို့ ပြောပါတယ်။

``တောင်သူတွေအနေနဲ့ တော့ ယခင်ကတော့ ဘယ်သူ့ ကိုတိုင်ကြားရမှန်းမသိ ၊ဥပဒေ ဘယ်လိုရှိမှန်းမသိ ၊ကိုယ်တစ်ယောက်တည်းပဲခံရတယ်လို့ ထင်ပြီး၊ကြောက်ရွံ့ ပြီးဒီတိုင်းနေခဲ့ ကြတယ်၊
အခုဒီနေ့ မှာတော့ ကိုယ့်လို မြေသိမ်းခံရတဲ့ သူတွေတစ်စုတစ်ဝေးတွေ့ ကြရလို့  အင်အားရှိသွားပါတယ်၊`` လို့ လယ်သမားများက အားရဝမ်းသာပြောပြပါတယ်။

ယင်းပွဲ၏ အကျိုးရလာဒ် အနေဖြင့် ရှမ်းတစ်ပြည်နယ်လုံးတောင်သူလယ်သမားသမဂ္ဂ ပေါ်ထွန်းလာရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၈၈(ရှမ်းပြည်) အဖွဲ့ က ပြောပါတယ်။

လေးကြီး-(ရှမ်းပြည်)
https://www.facebook.com/thwinwin

သတင်း အချက်အလက်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု သင်တန်း ဖွင့်ပွဲ ကျင်းပ

 သတင်း အချက်အလက်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု သင်တန်း ဖွင့်ပွဲ ကျင်းပ
လားရှိုး  စက်တင်ဘာ  ၃ဝ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် ကျန်းမာရေး ဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့်
ဆယ်အိမ်စုမှူး၊ ရပ်ကွက်/ ကျေးရွာ အရန်သားဖွားနှင့် အရပ်လက်သည် များသို့ သတင်း အချက်အလက်နှင့် ကျွမ်းကျင်မှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု သင်တန်း ဖွင့်ပွဲကို လားရှိုးမြို့ ရပ်ကွက် (၈) မိခင်နှင့်ကလေး အသင်း ရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ရပ်ကွက်/ ကျေးရွာများမှ မိခင်နှင့်ကလေး အသင်းဝင် သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် သင်တန်းဖြစ်မြောက်ရေး ကော်မတီနာယက ခရိုင် အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကား ပြောကြားပြီး ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းကို လည်းကောင်း၊ တွဲဖက်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးက သင်တန်းသားများအား ပို့ချ သင်ကြားမည့် အစီအစဉ်များ ရှင်းလင်းခြင်းကို လည်းကောင်း၊ ပြည်နယ် သားဖွားမီးယပ် အထူးကု ဆရာ ဝန်ကြီး ဒေါက်တာ ဥမ္မာကျော်က မိခင်နှင့်ကလေး သေဆုံးမှု ကျဆင်းရေးတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ကိုလည်းကောင်း၊ ပြည်နယ် ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်သိန်းက ငါးနှစ်အောက် ကလေး သေဆုံးမှု ကျဆင်းရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးကို လည်းကောင်း ပြောကြားကြသည်။ သင်တန်း ကာလမှာ ခြောက်ရက် ကြာမြင့်မည်ဖြစ်ပြီး ကျန်ရှိသော မြို့နယ် သုံးမြို့နယ်တွင်လည်း သင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

အကိုက်အခဲပျောက်ဆေး ပါရာစီတမောလ် လိုအပ်သည်ထက် ပိုသောက်လျှင် အဆိပ်သင့် သေဆုံးနိုင်

 
ပါရာစီတမောလ်ဆေး ၅၀၀ မီလီဂရမ် ဆေးပြားအား လိုအပ်သည်ထက် ပိုမို သောက်သုံးမိပါက အဆိပ်သင့် သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဦးစန်းထွေးက ပြောကြားသည်။

“အခြား ဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ ရှိကြတယ်။ ဒီဆေးရဲ့ အဓိက ဘေးထွက်ဆိုးကျိုးက အသည်းရဲ့ လုပ်ဆောင်မှုကို တိုက်ခိုက်တာပဲ။

အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅၀၀ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ပါရာစီတမောလ် လွန်ကဲသည့် လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင် ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံး လက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊

အစာအိမ် အပေါ်ပိုင်း၌ နာကျင်ခြင်းစသည့် ဝေဒနာများ ဖြစ်ပွား တတ်ပြီး နောက်ဆုံး အခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှ ဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့် ဆေးတောင့် စသည်ဖြင့် ဆေးဝါးပုံစံ အမျိုးမျိုးရှိကြောင်း သိရသည်။

“ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာ သောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သား နာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိ ဖျားနာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့ မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊

အသက်ရှူရတာ ခက်တာ၊ မျက်နှာ၊ လျှာနဲ့ လည်ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့ လူနာတွေမှာ တွေ့ရတယ်” ဟု အထက်ပါ ဆရာဝန်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေး စားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါ လက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကို ရပ်ပြီး ဆရာဝန်နှင့် အမြန်ဆုံး ပြသကာ ကုသမှုခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်။

ချစ်ဆုဆွေ
 https://www.facebook.com/MyawadyNews?ref=stream

ချစ်ရင်မစားနဲ့နော်

..မေမေ မေမေ့ဗိုက်ထဲကဘာလည်းပာင် ...

....သားညီမလေးပေါ့ ....

....ညီမလေးကို မေမေ ချစ်လားပာင် ...

....ချစ်တာပေါ့သားရယ် ....

ချစ်ရင် ဘာလို့စားပစ်လိုက်တာလည်းပာင်...


Ohh Myy Godd