30 December 2013

ဟျူစတန် မြို့တွင် H1N1 ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ၁၃ ဦးထိမြင့်တက်

 ဟျူစတန် မြို့တွင် H1N1 ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ၁၃ ဦးထိမြင့်တက်
ဟျူစတန် ဒီဇင်ဘာ ၂၉
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဟျူစတန် မြို့တွင် ယခုနှစ် အတွင်း H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေသည် ၁၃ ဦးအထိ မြင့်တက် လာခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင် များက အတည်ပြု ပြောကြားခဲ့သည်။
အလားတူ အယ်လာဘားမား၊ လူဝီစီယားနား ပြည်နယ်နှင့် နယူးယောက် ပြည်နယ်တို့ တွင်လည်း ၎င်းရောဂါပိုး ကူးစက် ပျံ့နှံ့မှုကို တားဆီး ကာကွယ်ရန် တာဝန်ရှိသူ များက လုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး ဌာန (CDC)က ထုတ်ပြန်ခဲ့သည်။
ယခုအခါ တက္ကဆက် ပြည်နယ် တစ်ဝန်းတွင် တုပ်ကွေးရောဂါ သတိပေးချက် များကို အာဏာပိုင် များက ထုတ်ပြန်ခဲ့သည့် အပြင် ခြောက်လအရွယ် ကလေးငယ် များအား တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံရန် တိုက်တွန်းထားကြောင်းသိရသည်။
http://www.myawady.net.mm

No comments:

Post a Comment