မူဆယ် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် အမှတ်(၂၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ
သက်သေများ နှင့်အတူ မူဆယ်မြို့
စွမ်စော်ရပ်ကွက် စီးကရက် စက်ရုံအနီး စိုက်ပျိုး မွေးမြူရေးခြံရှိ
မလိအားဟွမ်(ခ) လှလှဝင်း ၃၂ နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ
နေအိမ်အိပ်ခန်းအတွင်း ခုတင်ခြေရင်းရှိ အမဲရောင် ပလတ်စတစ်ပုံး အတွင်းမှ
ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၅ဝ အလေးချိန် ၆ဝဝ ဂရမ် ကာလ တန်ဖိုးငွေကျပ်
သိန်း ၁၂ဝ ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ အဆိုပါ
ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်များမှာ မူဆယ်မြို့ ရွှေသမင်ရပ်ကွက်နေ
ရန်စီယုံ(ခ) အားယုံနှင့် စပ်တူ ဝယ်ယူထားသည့် ပစ္စည်းများ ဖြစ်ကြောင်း
သိရသဖြင့် သွားရောက် ဖမ်းဆီးရာ ရန်စီယုံ (ခ)အားယုံ ၃ဝ နှစ်အား ၎င်း၏
နေအိမ်တွင် ဖမ်းဆီးရမိသည်။ ယင်းနောက် မလိအားဟွမ်(ခ) လှလှဝင်းနှင့်
ရန်စီယုံ(ခ) အားယုံတို့ နှစ်ဦးအား မူဆယ် မြို့မ ရဲစခန်းမှ မယ(ပ)၁၃၂/၂ဝ၁၃၊
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ
၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment