
ဟရာရေး ဒီဇင်ဘာ ၂၉
ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင်
ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို
တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ်
နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဖြစ်ပွားပုံမှာ တာဖက် ဇွာကာချီယာ အမည်ရှိ
ယင်းအမျိုး သားသည် ခရစ္စမတ် အကြိုနေ့က သားဖြစ်သူ တာပီဝါနှင့် အတူ
မှုတိုကိုမြို့ အရှေ့ မြောက်ပိုင်းရှိ မြစ် တစ်ခုကို ဖြတ်ကူးရန်
ကြိုးပမ်းစဉ် မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း
ဖြစ်ကြောင်း Herald သတင်းစာ၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့နောက် ကာချီယာသည် မိကျောင်းအကိုက်
ခံခဲ့ရသော သားဖြစ်သူအား ကယ်ဆယ်ရန် အတွက် ၎င်းသတ္တဝါ၏ ကျောပေါ်သို့ ခုန်တက်၍
ဦးခေါင်းအား ရိုက်နှက်ကာ မျက်လုံးများကို ထိုးဖောက်တိုက်ခိုက်
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့်
ကာချီယာသည် လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူမှာ
ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ကြောင်း Herald သတင်းစာက ထုတ်ပြန် ခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment