17 December 2013

ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်

ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်
တောင်ကြီး  ဒီဇင်ဘာ  ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၏ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ ဘုရားကြီးရှေ့ ရင်ပြင်တော်၌
ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးကို နိုဝင်ဘာလပိုင်းက အုတ်မြစ်ချ ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ စတင် တည်ဆောက်လျက်ရှိရာ အဆိုပါ ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးကို ရွှေလမင်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် စတီးလ်ပိုင်းကို PESB ကုမ္ပဏီတို့က ပူးပေါင်း၍ တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ဆက်လက်၍ ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်မည့် မြေနေရာကို စက်ယန္တရားကြီးဖြင့် မြေညှိပြီး အုတ်မြစ်ချ ကျောက်စီ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ဗိမာန်တော်ကြီးကို အလျားပေ ၇ဝ၊ အနံပေ ၄ဝ ဖြင့် ခံ့ညား ထည်ဝါစွာ ပန်းထောင်၊ ပန်းဆွဲများဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment