
တောင်ကိုရီးယား နိုင်ငံ
ဂျင်ဒိုဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ အံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းကြယ် ဆိုတဲ့
အလွန် ထူးဆန်းဖွယ် သဘာဝ ဖြစ်ရပ်တစ်ခု နှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက လာရောက် ကြည့်ရှုသူတွေနဲ့
စည်ကားလှပါတယ်။
တစ်နှစ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ခန့်
အထိ ပင်လယ်ရေ ကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနဲ့ မိုဒိုကျွန်းအကြားက
ရေပြင်မှာ အရှည် ၂ ဒသမ ၉ ကီလိုမီတာ (၁ ဒသမ ၇ မိုင်ခန့်) နဲ့ အကျယ် ၄ဝ မီတာ
(၁၃၁ ပေခန့်)ရှိတဲ့ မြေပြင်ပေါ်လာပြီး လူတွေဖြတ်သွားလို့ ရအောင်
တစ်နာရီခန့် ရှိနေတတ်ပါတယ်။
ကျွန်ုပ်တို့ နေထိုင်ကြတဲ့ သတ္တလောကကြီးဟာ
ဆန်းကြယ်လှပါတယ်။ အဲဒီသဘာဝ ဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခု
အနေနဲ့ကျင်းပကြပြီး ကမ္ဘာတစ်ဝန်းက လာရောက်ကြသူတွေလည်း နှစ်စဉ်
ပါဝင်လေ့ရှိကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိပါဘူး။
ဒီလိုဆန်းကြယ်တဲ့ ဖြစ်ရပ်၏
နောက်ခံသမိုင်းကတော့ တစ်ချိန်တုန်းက ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ
ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်း ခံခဲ့ရပါတယ်။ ရွာသားတွေအားလုံးဟာ
အနီးအနားက မိုဒိုကျွန်းကို ထွက်ပြေးခိုလှုံ နိုင်ခဲ့ကြပေမဲ့ အသက်အရွယ်
ကြီးရင့်သူ အဘွားအို တစ်ဦးကတော့ ကူညီမယ့်သူ မရှိလို့ နောက်မှာ
ကျန်နေရစ်ခဲ့ ရရှာပါတယ်။ စိတ်ပျက်အားငယ်စွာနဲ့ သူဟာ ပင်လယ်စောင့်
နတ်မင်းကို တိုင်တည်ရှိခိုး ဆုတောင်းခဲ့တဲ့ အခါ နတ်မင်းကြီးက
ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲပြီး သူမကို သွေးဆာနေတဲ့
တောရိုင်းတိရစ္ဆာန်တွေရဲ့ဘေးကနေ လွတ်အောင် မိုဒိုကျွန်းကို
ထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကနေစပြီး နှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်မှာ ကျွန်းနှစ်ကျွန်းကို လူတွေ ဖြတ်သွားနိုင်အောင် ကုန်းမြေ ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကိုရီးယား နိုင်ငံသားတွေဟာ
ကြုံခေါင့်ကြုံခဲ မြေသားပေါ်တဲ့ အချိန်မှာ ဂျင်ဒိုကျွန်းကို လာရောက်
ဆင်နွှဲကြပါတယ်။ ဒီလိုအဖြစ်အပျက် ဟာ နှစ်စဉ် မေ ၁၈ ရက်မှာ ဖြစ်ပေါ်လေ့
ရှိပါတယ်။
ကိုရီးယားတွေ ကတော့ နှစ်စဉ် မတ်လ၊ မေလနဲ့
ဇူလိုင်လတွေမှာ ပွဲတော်ကို ကျင်းပကြပါတယ်။ အခုတော့ ပိုမိုများပြားလာတဲ့
ဧည့်သည်တွေကြောင့် ပွဲတော်ကို ဧပြီလမှာလည်း ကျင်းပဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။ ။
http://www.myawady.net.mm
No comments:
Post a Comment