
ပေကျင်း ဒီဇင်ဘာ ၁
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အသက် ၁၆လ
အရွယ်ရှိ ရန်ရန် ဆိုသော ကလေးငယ်သည် နားကိုက်သည့် ဝေဒနာကို လေးလကြာ
ခံစားရပြီးနောက် နာကျင်မှု ဝေဒနာကို ပြင်းထန်စွာ ခံစားရသဖြင့် သူမ၏
မိဘနှစ်ပါး က ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ သူမ၏ နားထဲတွင် ဒုဓလီ ပန်းပင်
ပေါက်နေသည်ကို ထူးဆန်းစွာ တွေ့ရှိပြီးနောက် အောင်မြင်စွာ
ခွဲစိတ်နိုင်ခဲ့ကြောင်း ပေကျင်း Morning Post သတင်းဌာန၏ ဖော်ပြချက် အရ
သိရသည်။
ရန်ရန်က နားကိုက်နေကြောင်း မိဘနှစ်ပါးကို
ပြောပြခဲ့သော်လည်း မိဘနှစ်ဦး စလုံးက ကနဦးတွင် လျစ်လျူရှုထား ခဲ့မိကြသည်။
ယင်းနောက် ရန်ရန်က နားအား ကုတ်ဖဲ့သော အခါ နားအတွင်း တစ်စုံ တစ်ရာကို မိခင်
ဖြစ်သူ က သတိပြုမိခဲ့ပြီး ထိတ်လန့်စွာဖြင့် ဖယ်ရှားနိုင်ရန်
ကြိုးပမ်းသော်လည်း မအောင်မြင် ခဲ့သဖြင့် သူမကို ဆေးရုံသို့ ပို့ဆောင်
ခဲ့ကြသည်။
ရန်ရန်၏ နားအတွင်း၌ ဒုဓလီ ပန်းပွင့်
နေကြောင်း၊ နားစည်တွင် ၎င်းပန်းဖြင့် ပိတ်ဆို့နေကြောင်း၊ နားထဲတွင် စိုထိုင်း
နေသောကြောင့် ပန်းပွင့်မှုကို ပိုမို အားပေးသကဲ့သို့ ဖြစ်နေကြောင်း၊
နားတွင်း သွေးယိုစီး မှုကို ဖြစ်ပွားစေပြီး အလွန်စိုးရိမ်ရသည့် အနေအထား
ဖြစ်ကြောင်း နားနှင့်အသံအိမ် ရောဂါများ လေ့လာမှု ဘာသာရပ် ဆိုင်ရာ ပညာရှင်
တစ်ဦးလည်း ဖြစ်ပြီး ဆေးရုံ၏ အကြီးအကဲလည်း ဖြစ်သူ ဂူချင်လောင် က ပြောကြား
ခဲ့သည်။
ရန်ရန်၏ နားထဲရှိ ပန်းမှာ ၂ စင်တီမီတာ
အရှည်ရှိပြီး ၎င်းပန်းအား ဖယ်ရှားရန် အတွက် အရေးပေါ် ခွဲစိတ် ကုသ ခဲ့ရကြောင်း
ပေကျင်း Morning Post သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။ အဆိုပါ ပန်းသည်
ယင်းကလေး ငယ်၏ နားအတွင်းသို့ မည်သို့မည်ပုံ ရောက်ရှိ နေကြောင်းကို
ကျန်းမာရေး အာဏာပိုင် များက စုံစမ်း လျက်ရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment