တောင်ကြီး ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)
တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဒီဇင်ဘာ ၂၄ရက် နံနက် ၇
နာရီက ရွှေထည်ပစ္စည်းနှင့် ငွေ ငါးသိန်းကျော် ပျောက်ဆုံးမှုကို ၂၄
နာရီအတွင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့
စိန်ပန်းရပ်ကွက်နေ ဒေါ်သန်းဆင့်သည် အိပ်ခန်းထဲ သံသေတ္တာအတွင်း
သိမ်းဆည်းထားသော ရွှေထည် ပစ္စည်းများနှင့် ငွေကျပ် ၅၂ဝဝဝဝ ပျောက်ဆုံးသည်ကို
တွေ့ရှိသဖြင့် တောင်ကြီးမြို့မ ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့သည်။
ဦးခင်မောင်ဆန်း၏ တိုင်ကြားချက် အရ တောင်ကြီး မြို့မ ရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ဒေါ်သန်းဆင့်၏ နေအိမ်သို့ သွားရောက်၍ စစ်ဆေးခဲ့ရာ
နေအိမ်အောက်ထပ်၌ အိမ်ငှားနေထိုင်သူ လှိုင်မင်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ
မခင်ရွှေတို့၏ အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ရေအပြည့် ထည့်ထားသော
တိုင်ကီအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထား သည့် ရွှေဆွဲကြိုးတစ်ကုံး၊
ဟန်းချိန်းနှစ်ခု၊ အခန်းအတွင်းရှိ ပလတ်စတစ်မြက်ဖျာ အခင်းအောက်မှ ငွေကျပ်
၅ဝဝဝ တန် ငွေစက္ကူ လေးရွက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မင်းထွန်း၊
မခင်ရွှေနှင့် မငုဝါတို့အား တောင်ကြီးမြို့မ ရဲစခန်းမှ (ပ)၃၂၄/၂ဝ၁၃
ပြစ်မှုပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment