တောင်ကြီး ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ BUSINESS- SOCIETY MANNER by NANG LAO KHAM LINN ဆွေးနွေးပွဲကို
ယမန်နေ့ နံနက် ၉
နာရီက တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်ရှိ ဟုတ်ကြန် ဘုံကျောင်းခန်းမ၌
ကျင်းပရာ တောင်ကြီးမြို့ ပေါ်ရှိ လူငယ်များ၊ ပြည်တွင်း/ ပြည်ပ အလုပ်
လုပ်ကိုင်ကြမည့် လူငယ်များနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် နန်းလောင်ခမ်းလင်းက လုပ်ငန်းခွင်သို့ဝင်ရောက်မည့်
လူငယ်များနှင့် လုပ်ငန်းခွင် အတွင်းမှ လူငယ်များ နေ့စဉ်ကြုံတွေ့ရမည့်
စိန်ခေါ်မှုများ၊ မိမိ၏လုပ်ငန်းခွင် ပတ်ဝန်းကျင်အလိုက် မရှိမဖြစ် လိုအပ်သော
အခြေခံ စကားပြောစွမ်းရည်၊ အပြုအမူနှင့် မျှတသောစိတ်ထား၊ လက်ရှိ
ရင်ဆိုင်နေရသည့် လုပ်ငန်းခွင် လူမှုအခက်အခဲ များကို ကျော်လွှားနိုင်ရန်
နိုင်ငံတကာ အတွေ့အကြုံ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း
သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment