11 December 2013

ကုန်များ တင်ဆောင်လာသည့် မော်တော်ယာဉ် ဘရိတ်ပေါက်၍ ချောက်ထဲ ထိုးကျ

တောင်ကြီး  ဒီဇင်ဘာ  ၁
 ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့  တောင်ကြီး-ရွှေညောင် အဆင်းလမ်း၌ ယမန်နေ့နံနက် ၉ နာရီက ပြောင်းအိတ်များ တင်ဆောင် လာသော  မော်တော်ယာဉ် တစ်စီး   ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်မှာ တောင်ကြီး-ရွှေညောင် အဆင်းလမ်းတွင် ယာဉ်မောင်း စိုင်းစိုင်းခမ်း ၃ဝ နှစ်  (ဘ) ဦးစိုင်းအောင်ခမ်း  သဇင်လမ်း အမှတ်(၄)ရပ်ကွက်  နမ့်စန်မြို့ နေသူသည် ပြောင်းအိတ်များ တင်ဆောင်ကာ ၇က/----- ဒိုင်နာ အဖြူရောင်ယာဉ်ကို  မောင်းနှင်လာစဉ် ဘရိတ်ပေါက်ပြီး လမ်း၏ညာဘက် ပေ ၁၄ဝ ခန့်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ရာ  ယာဉ်မောင်း စိုင်းစိုင်းခမ်းမှာ ခါးတွင် ဒဏ်ရာရရှိခဲ့သဖြင့် တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍  ယာဉ်မောင်း စိုင်းစိုင်းခမ်းအား တောင်ကြီး အမှတ်(၂) ရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 
 http://www.myawady.net.mm

No comments:

Post a Comment