20 December 2013

အာကာသ စခန်း၏ ပျက်စီးသွားသော အအေးပေး စနစ်အား အာကာသ အတွင်း လမ်းလျှောက်၍ ပြုပြင်မည်

 အာကာသ စခန်း၏ ပျက်စီးသွားသော အအေးပေး စနစ်အား အာကာသ အတွင်း လမ်းလျှောက်၍ ပြုပြင်မည်
ဝါရှင်တန် ဒီဇင်ဘာ ၁၉
အမေရိကန် အာကာသ အေဂျင်စီ နာဆာမှ အာကာသ ယာဉ်မှူး နှစ်ဦးသည် အာကာသ အတွင်း လမ်းလျှောက်၍ နိုင်ငံတကာ အာကာသ စခန်းမှ ပျက်စီး ချွတ်ယွင်းလျက် ရှိသည့် အအေးပေး စနစ်ကို ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း နာဆာ အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် အာကာသ ယာဉ်မှူး ရစ်ခ်မာစတာ ချီကိုနှင့် မိုက်ဟော့ပ်ကင်တို့ နှစ်ဦးသည် ၎င်းအာကာသ စခန်းရှိ အအေးပေး စနစ်မှ ပျက်စီးသွားသော ပိုက်လိုင်း တစ်ခုကို ဖယ်ရှား၍ ၎င်းနေရာတွင် အခြားပိုက်လိုင်း တစ်ခုအား ပြန်လည် အစားထိုး တပ်ဆင်ရန် အတွက် ဒီဇင်ဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် သုံးရက်ကြာ ပြုပြင်ရေး အတွက် အာကာသ စခန်းသို့ ထွက်ခွာမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြား ခဲ့သည်။
ထို့အပြင် အာကာသ အတွင်း သုံးရက်ကြာ လမ်းလျှောက်မှုကို နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် စတင်သွားမည် ဖြစ်ပြီး ပြုပြင်မှုကို ၆ နာရီခွဲကြာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် Cygnus အာကာသ ယာဉ်ကို အာကာသ စခန်းသို့ ဒီဇင်ဘာ ၁၉ ရက်တွင် လွှတ်တင်ရန် စီစဉ် ခဲ့သော်လည်း အဆိုပါ ပြုပြင်မှု များကြောင့် ဇန်နဝါရီ လအထိ ရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment