![]() |
| တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက်အတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့ |
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ဗုံးတစ်လုံးတွေ့ရှိ ကြောင်း သတင်းအရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင့်ဆန်း၊ ရဲတပ်ဖွဲ့ မှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့်အဖွဲ့၊စစ်အင်ဂျင်နီယာတပ်မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးရှေ့ မွတ်ဆလင်မိဘမဲ့ဂေဟာကျောင်း အနောက်ပေါက် အုတ်တံတိုင်းဘေးတွင် သံ(GI)ပိုက်ဖြင့် ပြုလုပ်ထားသည်ဟုယူဆရသော လက်လုပ်ဗုံး တစ်လုံး အားတွေ့ ရှိကြောင်းနှင့် သဲအိတ်များချထားပြီး သံ(GI)ပိုက်ဖြင့် ပြုလုပ်ထားသည်ဟုယူဆရသော လက်လုပ်ဗုံး အားစစ်အင်ဂျင်နီယာတပ်မှူး၏အစီအစဉ်ဖြင့်အန္တရာယ်ကင်းစွာ ဖောက်ခွဲပစ်နိုင်ရေးအတွက် အားသွန်
ကြိုးပမ်းလျှက်ရှိကြောင်း၊ ယင်းနေရာသို့ တောင် ကြီးမြို့ ခံ သတင်းထောက်များ၊ ပြည်သူများမှလည်း
လာရောက်ကြည့်ရှုနေကြသည်ကိုတွေ့ ရှိရပါသည်။ ယခုလက်လုပ်မိုင်းအပါအ၀င်တောင်ကြီးမြို့  တွင်
လက်လုပ်ဗုံးတွေ့ သည်မှာ မပေါက်ကွဲမီအခြေအနေဖြင့် (၄)လုံးရှိသွားပြီဖြစ်ပါသည်။
ပြည်သူများမှ လက်လုပ်ဗုံးများ ထပ်မံရှိနေဦးမည်ဟုထင်မြင်မိကြကြောင်း သုံးသပ်ပြောဆိုနေကြပါသည်။
HAK






No comments:
Post a Comment