27 December 2013

သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ ဆွေးနွေး

သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ ဆွေးနွေး
တောင်ကြီး  ဒီဇင်ဘာ  ၂၅
မြန်မာနိုင်ငံ သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ
ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကန်ရှေ့ ရပ်ကွက်ရှိ Classic စားသောက်ဆိုင် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှ မိမိတို့၏ ထင်မြင်ချက် သဘောထားများဖြင့် သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်ယူ သုံးစွဲရေး ဆိုင်ရာများ၊ ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှုများ၊ သဘာဝ သယံဇာတ အရင်းအမြစ်ဆိုင်ရာ အခွန်ဘဏ္ဍာများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများ၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆိုင်ရာများ၊ ပဋိပက္ခဆိုင်ရာများ စသည်တို့ကို ရှင်းလင်း ပြောကြားပြီး သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများကို ရှင်းလင်း တင်ပြပြီး EITI လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် သူများအား ကော်မတီ အဖွဲ့များ ရွေးချယ်ခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

No comments:

Post a Comment