
တောင်ကြီး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်
အစိုးရ အဖွဲ့သို့ ဖြူစင်ကုမ္ပဏီမှ 2013 Model TOYOTA အမျိုးအစား လူနာတင်
ယာဉ်သုံးစီးနှင့် အောင်ချမ်း သာကုမ္ပဏီမှ DLX-200 Hy-draulic Drilling Rig
အမျိုးအစား ရေတွင်းတူးစက် နှစ်စုံ ပေးအပ် လှူဒါန်းပွဲ ကျင်းပရာ
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်
အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဖြူစင် ကုမ္ပဏီနှင့် အောင်ချမ်းသာ
ကုမ္ပဏီမှ တာဝန်ရှိသူတို့က လူနာတင်ယာဉ်နှင့် ရေတွင်း တူးစက်
လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူတို့က
ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီး၊ ပင်းတယမြို့နယ်
ပြည်သူ့ဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီး၊ တောင်ကြီးမြို့ အမျိုးသမီးနှင့်
ကလေးဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီးတို့ကို တာဝန်ရှိသူများက လက်ခံ ရယူသည်။
ဆက်လက်၍ အောင်ချမ်းသာ ကုမ္ပဏီမှ
တာဝန်ရှိသူများက ရေတွင်းတူးစက် နှစ်စုံ ပေးအပ်လှူဒါန်းရာ ပြည်နယ်
စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက လက်ခံရယူပြီး အလှူရှင်များအား
ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ကုမ္ပဏီများမှ လှူဒါန်းသော လူနာတင် ယာဉ်နှင့်
ရေတွင်းတူးစက်တို့ကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊
ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင် /
မြို့နယ် အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင် ကုမ္ပဏီများမှ
တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment