30 December 2013

သမ္မတရုံးက အမိန့်အမှတ် ၅၁/ ၂၀၁၃ ကို ယနေ့ထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၁/ ၂၀၁၃ ကို ယနေ့ထုတ်ပြန်လိုက်ပြီး ည ၈နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းမှာ ကြေငြာခဲ့ပါတယ်။

အဲဒီအမိန့်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ထိုနေ့မတိုင်မီ မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု ( ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ အကျိုးပျက်စီးစေမှု ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ နဲ့ ပြစ်ဒဏ်ခံနေရသူများ၊ ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူခံရဆဲသူများနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ထုတ်ပြန်ထား ပါတယ်။

၁။ ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသူအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
၂။ သက်ဆိုင်ရာတရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှ ချက်ချင်းလွှတ်ရမည်။
၃။ စုံစမ်းအရေးယူဆဲဖြစ်သောအမှုများကို ဆက်လက်အရေးယူခြင်းမပြုဘဲ ပိတ်သိမ်းရမည်။ 

refind; ye Htut
ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် အပြည့်အစုံဖတ်ရန်။

No comments:

Post a Comment