13 December 2013

ဂျပန်ကတရုတ်ကိုတုံ့ပြန် ရန် စစ်အင် အားတိုးချဲ့မည်

၂၀၁၃ တိုကျို  ဒီဇင်ဘာ  ၁၂
ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား ကြီးထွားလာနေမှုကို တုံ့ပြန်ရေး
၎င်း၏ ကာကွယ်ရေး အစီအစဉ်သစ် တစ်ရပ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် မောင်းသူမဲ့ ကင်းထောက် လေယာဉ်များကို တပ်ဖြန့်ချ ထားမည် ဖြစ်ကြောင်းနှင့် ကမ်းတက် စစ်ဆင်ရေး တပ်ဖွဲ့သစ် တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် လုံခြုံရေး မဟာဗျူဟာသစ် မူကြမ်းများတွင် အဆိုပါ ကာကွယ် ရေးအစီအစဉ်များကို ထည့်သွင်း အဆိုပြုထားကြောင်းနှင့် ဂျပန်အစိုးရ အဖွဲ့က ၎င်းကာကွယ်ရေး အစီအစဉ် သစ်များကို လာမည့် ရက်သတ္တပတ် အတွင်း အတည်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေး အစီအစဉ်သစ်များသည် ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သမိုင်း တွင်လိမ့်မည် ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးက ထုတ်ဖော် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်ရှိ လုံခြုံရေး နယ်ပယ်သည် တင်းမာမှုများ  ပို၍ ပြင်းထန် လာနေသောကြောင့် ဂျပန် အစိုးရအဖွဲ့ အနေဖြင့် မည်သည့် အနေအထား မျိုးတွင်မဆို ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများ ရေးဆွဲ၍ နိုင်ငံအတွင်းရှိ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် သန္နိဋ္ဌာန်ထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေး အစီအစဉ်သစ်များသည် အထူးသဖြင့် အရှေ့ တရုတ်ပင်လယ် အတွင်း ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုနေသော ကျွန်းများပါဝင်သည့် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ် ရေးဇုန်သစ် အပေါ် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
www.myawady.com

Published with Blogger-droid v2.0.10

No comments:

Post a Comment