
ဝါရှင်တန် ဒီဇင်ဘာ ၆
အမေရိကန် ရေတပ်သည် ပထမဆုံး
လျှပ်စစ်လောင်စာခဲ စွမ်းအင်သုံး (XFC) မောင်းသူမဲ့ လေယာဉ်ကို Los-Angeles
အတန်းအစား နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ် သင်္ဘော USS
Providence တွင် တပ်ဆင်ထားသော Sea Robin စနစ်တော် ပီဒိုပြွန်မှ
အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၎င်း Sea Robin စနစ်သည် Tomahawk
ခရုဇ်ဒုံးကျည်များ ပစ်ခတ်ရန် USS Providence သင်္ဘောတွင် တပ်ဆင်ထားသော
ဒေါင်လိုက်ပစ်သည့် စနစ်ဖြစ်ကြောင်းနှင့် မောင်းသူ မဲ့ လေယာဉ်သည် ပင်လယ်
ရေမျက်နှာပြင် အထက်သို့ ရောက်ရှိချိန်တွင် ခေါက်ထားသော တောင်ပံများ
ပွင့်လာပြီး ဒေါင်လိုက် ပျံသန်းနိုင်ကြောင်း သိရသည်။
၎င်းမောင်းသူမဲ့ လေယာဉ်သည် Bahamas
နိုင်ငံရှိ ရေတပ်ကွပ်ကဲမှု ဌာနချုပ်၏ အတ္တလန္တိတ် ပင်လယ်ရေအောက်
လေ့လာဆန်းစစ်ရေး ဌာန(AUTEC)သို့ ပြန်လည် မဆင်းသက်မီ ဗီဒီယို
မှတ်တမ်းများအား USS Providence ရေငုပ်သင်္ဘောဆီသို့ ပြန်လည်ပေးပို့
နိုင်ခဲ့ကြောင်းနှင့် ထိုသို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်မှုသည်
အမေရိကန် ရေတပ် ရေငုပ် သင်္ဘော တပ်ဖွဲ့ အတွက် အရေးပါသော လုပ်ငန်းများတွင်
စောင့်ကြည့် ထောက်လှမ်းနိုင်မှု စွမ်းရည်များ ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း
အမေရိကန် ရေတပ်မှ ထုတ်ဖော် ပြောကြား ခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment