30 December 2013

ဆီးဂိမ်းကွင်းအလန်းလေးကဒီလို

မြန်မာကွင်းကဒီလိုမျိုးလုပ်ထားတာဗျ စိမ်းလန်းနေအောင်လို့လေ

ကြည့်စမ်း ... မြန်မာဦးနှောက်

Photo: အခုမှပဲသိတော့တယ် :)

မြန်မာကွင်းကဒီလိုမျိုးလုပ်ထားတာဗျ စိမ်းလန်းနေအောင်လို့လေ

ကြည့်စမ်း ... မြန်မာဦးနှောက် 
 https://www.facebook.com/internationalnewsofworld

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုး သက်ရောက်မှုများ
အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့ အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ် ပါတယ်။ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက် စေပါတယ်။ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေ ပါတယ်။ဒီလိုဆိုးကျိုး သက်ရောက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

စိတ်ဖိစီးမှု
စိတ်ဖိစီးမှု လက္ခဏာတွေဟာ နေ့စဉ်အိပ်စက်တဲ့ အချိန်ပမာဏပေါ်မှာ ကြီးမားစွာ လွှမ်းမိုးမှု ရှိပါတယ်။ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်းဟာ စိတ်ကျခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကိုဖြစ်ပေါ်စေ တတ်ပါတယ်။ နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကိုမှီဝဲနေရပြီး ဒီဆေးဝါးတွေဟာ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။
ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း
အိပ်ချိန် နောက်ကျခြင်းဟာ တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပွားလွယ်စေပါတယ်။ ဆေးဘက်ဆိုင်ရာ လေ့လာမှု တစ်ခုအရ ကော်တီဆိုး လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ နောက်ကျစွာ အိပ်စက်တတ်သူတွေမှာ ပိုမို ထုတ်လွှတ်တတ်ကြောင်း သိရပါတယ်။ ဒီဟော်မုန်းဟာ သွေးဖိအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပြန့်ပွားမှုကို လျော့ကျစေပါတယ်။ ကင်ဆာ၊ ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ကိုလည်း ပိုမိုဖြစ်ပွား စေပါတယ်။
မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တစ်ခုပါပဲ။ ဒါဟာ အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့်ပါပဲ။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။ ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဝလွန်ခြင်း
ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ အလေ့အကျင့် ရှိသူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။ဒါဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို အားနည်းစေပါတယ်။ ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဝလွန်တာဖြစ်ပါတယ်။
ခေါင်းကိုက်ခြင်းနဲ့ နောက်ကျော နာကျင်ခြင်း
အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။ ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။ ။
http://www.myawady.net.mm

ဟျူစတန် မြို့တွင် H1N1 ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ၁၃ ဦးထိမြင့်တက်

 ဟျူစတန် မြို့တွင် H1N1 ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေ ၁၃ ဦးထိမြင့်တက်
ဟျူစတန် ဒီဇင်ဘာ ၂၉
အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ် ဟျူစတန် မြို့တွင် ယခုနှစ် အတွင်း H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေသည် ၁၃ ဦးအထိ မြင့်တက် လာခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင် များက အတည်ပြု ပြောကြားခဲ့သည်။
အလားတူ အယ်လာဘားမား၊ လူဝီစီယားနား ပြည်နယ်နှင့် နယူးယောက် ပြည်နယ်တို့ တွင်လည်း ၎င်းရောဂါပိုး ကူးစက် ပျံ့နှံ့မှုကို တားဆီး ကာကွယ်ရန် တာဝန်ရှိသူ များက လုပ်ဆောင်လျက် ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး ဌာန (CDC)က ထုတ်ပြန်ခဲ့သည်။
ယခုအခါ တက္ကဆက် ပြည်နယ် တစ်ဝန်းတွင် တုပ်ကွေးရောဂါ သတိပေးချက် များကို အာဏာပိုင် များက ထုတ်ပြန်ခဲ့သည့် အပြင် ခြောက်လအရွယ် ကလေးငယ် များအား တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ထိုးနှံရန် တိုက်တွန်းထားကြောင်းသိရသည်။
http://www.myawady.net.mm

ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့

ဇင်ဘာဘွေ နိုင်ငံတွင် အာဂဖခင် တစ်ဦးက မိကျောင်းကို တိုက်ခိုက်၍ သားဖြစ်သူအား ကယ်ဆယ်ခဲ့
ဟရာရေး ဒီဇင်ဘာ ၂၉
ဇင်ဘာဘွေ နိုင်ငံရှိ ကျေးလက်ဒေသ တစ်ခုတွင် ဖခင် တစ်ဦးသည် ၎င်း၏ သားငယ်အား ကိုက်ခဲထားသည့် မိကျောင်း တစ်ကောင်ကို တိုက်ခိုက်၍ ၎င်း၏ပါးစပ် အတွင်းမှ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူအား ကယ်ဆယ် နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဖြစ်ပွားပုံမှာ တာဖက် ဇွာကာချီယာ အမည်ရှိ ယင်းအမျိုး သားသည် ခရစ္စမတ် အကြိုနေ့က သားဖြစ်သူ တာပီဝါနှင့် အတူ မှုတိုကိုမြို့ အရှေ့ မြောက်ပိုင်းရှိ မြစ် တစ်ခုကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် မိကျောင်း တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း Herald သတင်းစာ၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့နောက် ကာချီယာသည် မိကျောင်းအကိုက် ခံခဲ့ရသော သားဖြစ်သူအား ကယ်ဆယ်ရန် အတွက် ၎င်းသတ္တဝါ၏ ကျောပေါ်သို့ ခုန်တက်၍ ဦးခေါင်းအား ရိုက်နှက်ကာ မျက်လုံးများကို ထိုးဖောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုကြောင့် ကာချီယာသည် လက်မောင်းတွင် ဒဏ်ရာ ရရှိခဲ့ပြီး သားဖြစ်သူမှာ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ကြောင်း Herald သတင်းစာက ထုတ်ပြန် ခဲ့သည်။
http://www.myawady.net.mm

Huawei ဟန်းဆက်ပြုပြင်ရေးစင်တာကို ကုမ္ပဏီမှ တိုက်ရိုက်ဖွင့်လှစ်

 
ပြည်တွင်း၌ အသုံးပြုနေသည့် Huawei ဟန်းဆက်များကို တရားဝင် အသိအမှတ်ပြု Huawei (ပြုပြင်) ပြုလုပ်နိုင်ရန် ရန်ကုန်မြို့၌ ပထမဦးဆုံးသော Service Center ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Huawei ဟန်းဆက်သည် စစ်တမ်းအရ မြန်မာနိုင်ငံ၌ အသုံးပြုနေသော မိုဘိုင်းဖုန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့ Huawei ကုမ္ပဏီအနေဖြင့် ရောင်းအားဈေးကွက်ကို ပိုင်ဆိုင်ထားသော်လည်း Service ပိုင်း၌ အားနည်းခဲ့ကြောင်း၊ Huawei မြန်မာနိုင်ငံရုံးချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Service ပိုင်းအားနည်းနေသည့်အတွက် ယခုကဲ့သို့ တရားဝင် အသိအမှတ်ပြုသည့် Service Center များကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ် နိုင်ငံအတွင်း မြို့အနှံ့ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ယခု Service Center သည် အခြားသော Brand များနည်းတူ Huawei အနေဖြင့် တရားဝင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Huawei ဟန်းဆက်များကို ပြင်ဆင်ရာ၌ အသေးစားပြင်ဆင်ခြင်းနှင့် အကြီးစားပြင်ဆင်ခြင်းဟူ၍ နှစ်မျိုးခွဲခြားလက်ခံထားပြီး အသေးစားပြင်ဆင်မှုကို နေရာ ၂ နေရာ၌ လက်ခံဆောင်ရွက်ပေးနေပြီး အကြီးစားပြင်ဆင်မှုကို နေရာတစ်နေရာ၌ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ပြင်ဆင်မှုများအတွက် ကုန်ကျစရိတ်ကို ပြုပြင်ရသည့်အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်ထားပြီး ပြင်ဆင်မှုအတွက် ပစ္စည်းလက်ခံသည့် တည်နေရာကို ၂၆ နေ ရာသတ်မှတ်ထားကြောင်း သိရသည်။ Huawei ဟန်းဆက်များကို ကုမ္ပဏီအသိအမှတ်အနေဖြင့် ဝယ်ယူသူဖြစ်စေ၊ အခြားသောဆိုင်များမှ ဝယ်ယူထားသည်ဖြစ်စေ လာရောက်ပြင်ဆင်နိုင်ကြောင်း ကုမ္ပဏီက ပြောဆိုထားသည်။

အာမခံရှိသည့် ဟန်းဆက်များအတွက် ပြင်ဆင်ရာတွင် အခကြေးငွေ ပေးဆောင်ရမည်မဟုတ်ဘဲ အာမခံရှိသည့်ဟန်းဆက်များအတွက် လက်ခံနှင့် ပစ္စည်းဖိုးများကို ကောက်ခံသွားမည်ဖြစ်သည်။ အဆိုပါ Service Center ၌ တရုတ်နှင့် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သား ၂၅ ဦးဖြင့် ဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။ “Center ကို သွားလာရလွယ်ကူတဲ့နေရာမှာ ရှိစေချင်တယ်။ အချိန်တိုတွင်းမှာလည်း ပြုပြင် ပေးစေချင်တယ်။ နောက်ပြီး ပြင်ထားတဲ့ပစ္စည်းပေါ်မှာလည်း ကာလတစ်ခုအထိ အာမခံချက်ထပ်ပြီး ပေးစေချင်တယ်။ အပိုပစ္စည်းတွေနဲ့ လက်ခတွေကလည်း လျော့ပြီးတော့ပဲ ယူစေချင်တယ်။ အချို့လဲလှယ်မှုလေးတွေကိုလည်း ကုမ္ပဏီဆိုင်ဖြစ်တဲ့အတွက် လက်ခမယူစေချင်ဘူး” ဟု Huawei ဟန်းဆက်သုံးစွဲသူ ကိုအောင်ဆန်းမြင့်က ပြောသည်။


ြွဲ​မြင့်ကျော်လှိုင်

internetjournal

၂၇ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များကို ဂုဏ်ပြု ညစာစားပွဲ

 Photo: ယနေ့ည နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အားကစားမောင်မယ်များကို ဂုဏ်ပြု ညစာစားပွဲမှာ အားကစားမောင်မယ်များ၊ ကလေးငယ်များနဲ့ အတူ တွေ့ရတဲ့ နိုင်ငံတော်သမ္မတကြီး
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ပေးသည့် အဖွဲ့များအား နိုင်ငံတော်သမ္မတက တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ယနေ့ညနေ (၅) နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အားပေး နှုတ်ဆက်ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ရာတွင် ပါဝင်ခဲ့ကြသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးခဲ့သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

Liaison Officer အဖွဲ့ကိုယ်စား ဦးနိုင်ခေတ္တရာ၊ Volunteer အဖွဲ့ကိုယ်စား ဦးဟန်လင်းအောင်၊ Work Force အဖွဲ့ကိုယ်စား ဦးနေလင်း၊ GMS အဖွဲ့ကိုယ်စား နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ ကထိက ဦးအောင် ကျော်ဦး၊ ဗဟိုနည်းပြ၊ ဆင့်ပွားနည်းပြ၊ အုပ်ချုပ်သူ နည်းပြ၊ Countdown အစီအစဉ် စောင်းတော် သိင်္ဂါဆိုင်း မင်္ဂလာအစီအစဉ်၊ စစ်ရေးပြအဖွဲ့နှင့် ရွှေအုန်းပင် ဦးဝင်းမြင့် ကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ အမျိုးသား အမွေအနှစ် မဟာပုဂံ၊ မျိုးဆက်သစ်တို့ အားမာန်၊ တို့မြန်မာ့ခြင်းလုံး အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်အုန်းရီ၊ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ အနာဂတ်ကမ္ဘာမြေ အစီအစဉ်များကို သင်ကြားပေး သူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်စန်းနု၊ ရွှေနိုင်ငံကကြိုနေမယ်၊ ပြန်ဆုံမယ်၊ ဆင်ရတနာအက အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုခင်၊ ပွဲဦးအလင်္ကာ၊ ရောင်စုံပန်းများ၏ မြစ်ကြေးမုံ၊ အားမာန်ဝင့်ချီ ရှေ့သို့ဆီ အစီအစဉ်များကို သင်ကြား ပေးသူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုစိန်၊ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် ဗီဒီယို၊ ဓာတ်ပုံ ပညာရှင်များ ကိုယ်စား ဒါရိုက်တာ အကယ်ဒမီ စင်ရော် မောင်မောင်၊ တေးရေး၊ တေးဆို၊ တေးဂီတနှင့် တေးသံရှင်များ ကိုယ်စား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခ (ဂီတ) ဦးမောင်မောင်ဇော်ထက် (တေးရေးဓီရာမိုရ်)၊ ဒီဇိုင်နာအဖွဲ့နှင့် ဆိုင်းဘုတ်ကိုင် အဖွဲ့ ကိုယ်စား ဒီဇိုင်နာ မမဉ္ဇူ၊ မိတ်ကပ် ပညာရှင်၊ မိတ်ကပ်အဖွဲ့၊ အစီအစဉ်တင်ဆက်သူနှင့် အခမ်းအနားမှူးများ ကိုယ်စား Twelve Plus One Cosmetic Co.,Ltd. မှ ဒေါ်စီဆဲခမ်းလိုင်နှင့် နေပြည်တော် ကောင်စီ နယ်မြေမှ အထောက်အကူပြု အဖွဲ့များကိုယ်စား နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေတို့က ဂုဏ်ပြုလွှာများ လက်ခံရယူ ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုနှုတ်ခွန်းဆက် အမှာစကားကို ဗီဒီယိုရုပ်သံဖြင့် ထုတ်လွှင့်ပြသသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား လှည့်လည် နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲ တည်ခင်း ဧည့်ခံချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သံစုံ တီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်သည်။
ယနေ့ ကျင်းပသည့် အခမ်းအနားသို့ အနုပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်သွယ် ဆက်ဆံရေး အရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေး လူငယ်များ စုစုပေါင်း (၁၅၅၆၂)ဦးတက်ရောက် ခဲ့ကြသည်။
အလားတူ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်သမ္မ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးသည့် အဖွဲ့များအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားသို့ လုပ်အားပေး မောင်မယ် စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။

Photo: Sea Games အောင်မြင်ခြင်း အထိမ်းမှတ်၊ ဂုဏ်ပြုညစာ စားပွဲ သမ္မတ တက်ရောက်အားပေး

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ပေးသည့် အဖွဲ့များအား နိုင်ငံတော်သမ္မတက တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားကို ယနေ့ညနေ (၅) နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အားပေး နှုတ်ဆက်ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ရာတွင် ပါဝင်ခဲ့ကြသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးခဲ့သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

Liaison Officer အဖွဲ့ကိုယ်စား ဦးနိုင်ခေတ္တရာ၊ Volunteer အဖွဲ့ကိုယ်စား ဦးဟန်လင်းအောင်၊ Work Force အဖွဲ့ကိုယ်စား ဦးနေလင်း၊ GMS အဖွဲ့ကိုယ်စား နည်းပညာတက္ကသိုလ် (တောင်ကြီး)မှ ကထိက ဦးအောင် ကျော်ဦး၊ ဗဟိုနည်းပြ၊ ဆင့်ပွားနည်းပြ၊ အုပ်ချုပ်သူ နည်းပြ၊ Countdown အစီအစဉ် စောင်းတော် သိင်္ဂါဆိုင်း မင်္ဂလာအစီအစဉ်၊ စစ်ရေးပြအဖွဲ့နှင့် ရွှေအုန်းပင် ဦးဝင်းမြင့် ကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ အမျိုးသား အမွေအနှစ် မဟာပုဂံ၊ မျိုးဆက်သစ်တို့ အားမာန်၊ တို့မြန်မာ့ခြင်းလုံး အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်အုန်းရီ၊ သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ အနာဂတ်ကမ္ဘာမြေ အစီအစဉ်များကို သင်ကြားပေး သူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်စန်းနု၊ ရွှေနိုင်ငံကကြိုနေမယ်၊ ပြန်ဆုံမယ်၊ ဆင်ရတနာအက အစီအစဉ်များကို သင်ကြားပေးသူများ ကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုခင်၊ ပွဲဦးအလင်္ကာ၊ ရောင်စုံပန်းများ၏ မြစ်ကြေးမုံ၊ အားမာန်ဝင့်ချီ ရှေ့သို့ဆီ အစီအစဉ်များကို သင်ကြား ပေးသူများကိုယ်စား ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အကပညာရှင် ဒေါ်နုနုစိန်၊ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့နှင့် ဗီဒီယို၊ ဓာတ်ပုံ ပညာရှင်များ ကိုယ်စား ဒါရိုက်တာ အကယ်ဒမီ စင်ရော် မောင်မောင်၊ တေးရေး၊ တေးဆို၊ တေးဂီတနှင့် တေးသံရှင်များ ကိုယ်စား အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခ (ဂီတ) ဦးမောင်မောင်ဇော်ထက် (တေးရေးဓီရာမိုရ်)၊ ဒီဇိုင်နာအဖွဲ့နှင့် ဆိုင်းဘုတ်ကိုင် အဖွဲ့ ကိုယ်စား ဒီဇိုင်နာ မမဉ္ဇူ၊ မိတ်ကပ် ပညာရှင်၊ မိတ်ကပ်အဖွဲ့၊ အစီအစဉ်တင်ဆက်သူနှင့် အခမ်းအနားမှူးများ ကိုယ်စား Twelve Plus One Cosmetic Co.,Ltd. မှ ဒေါ်စီဆဲခမ်းလိုင်နှင့် နေပြည်တော် ကောင်စီ နယ်မြေမှ အထောက်အကူပြု အဖွဲ့များကိုယ်စား နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေတို့က ဂုဏ်ပြုလွှာများ လက်ခံရယူ ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုနှုတ်ခွန်းဆက် အမှာစကားကို ဗီဒီယိုရုပ်သံဖြင့် ထုတ်လွှင့်ပြသသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီ ထောက်ပံ့ ပေးခဲ့သူများအား လှည့်လည် နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော် သမ္မတက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
ညစာစားပွဲ တည်ခင်း ဧည့်ခံချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သံစုံ တီးဝိုင်းဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်သည်။
ယနေ့ ကျင်းပသည့် အခမ်းအနားသို့ အနုပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်သွယ် ဆက်ဆံရေး အရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ လုပ်အားပေး လူငယ်များ စုစုပေါင်း (၁၅၅၆၂)ဦးတက်ရောက် ခဲ့ကြသည်။
အလားတူ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်သမ္မ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်ရေး အတွက် ကူညီထောက်ပံ့ ပေးသည့် အဖွဲ့များအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားသို့ လုပ်အားပေး မောင်မယ် စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။ 
refind; https://www.facebook.com/MyanmarPresidentUTheinSein?ref=stream&hc_location=timeline

သမ္မတရုံးက အမိန့်အမှတ် ၅၁/ ၂၀၁၃ ကို ယနေ့ထုတ်ပြန်

နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၅၁/ ၂၀၁၃ ကို ယနေ့ထုတ်ပြန်လိုက်ပြီး ည ၈နာရီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းမှာ ကြေငြာခဲ့ပါတယ်။

အဲဒီအမိန့်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ထိုနေ့မတိုင်မီ မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု ( ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ အကျိုးပျက်စီးစေမှု ( ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ နဲ့ ပြစ်ဒဏ်ခံနေရသူများ၊ ကြားနာစစ်ဆေးဆဲခံနေရသူများနှင့် စုံစမ်းအရေးယူခံရဆဲသူများနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ထုတ်ပြန်ထား ပါတယ်။

၁။ ပြစ်ဒဏ်ချမှတ်ခြင်းခံနေရသူအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
၂။ သက်ဆိုင်ရာတရားရုံးများရှိ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းပြီး တရားခံများကို အမှုမှ ချက်ချင်းလွှတ်ရမည်။
၃။ စုံစမ်းအရေးယူဆဲဖြစ်သောအမှုများကို ဆက်လက်အရေးယူခြင်းမပြုဘဲ ပိတ်သိမ်းရမည်။ 

refind; ye Htut
ဦးရဲထွဋ် ၏ facebook စာမျက်နှာတွင် အပြည့်အစုံဖတ်ရန်။

ကိုယ်ဝန်ဆောင် မိခင်များ ငှက်ဖျားရောဂါ ဖြစ်လာလျှင် ကာကွယ် ကုသနည်းများ

 ကိုယ်ဝန်ဆောင် မိခင်များ ငှက်ဖျားရောဂါ ဖြစ်လာလျှင် ကာကွယ် ကုသနည်းများ
သင့်ကျန်းမာရေး (ကိုယ်ဝန်ဆောင်နှင့် ငှက်ဖျား)
အဓိပ္ပာယ်။ ။ ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံမှာ တွေ့ရအများဆုံး ရောဂါလည်းဖြစ်တယ်။ ငှက်ဖျားပိုးဖြစ်တဲ့ အင်နိုဖိလစ်ခြင်မ အကိုက်ခံရလို့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖယ်ဆီပါရက် ငှက်ဖျားနဲ့ ပိုင်းဖက် ငှက်ဖျားနှစ်
မျိုးပဲ တွေ့ရတယ်။ ကိုယ်ဝန်ဆောင် မိခင်၌ ဖြစ်ပွားသော ဖယ်ဆီပါရက် ငှက်ဖျားဟာ လူ့အသက် နှစ်သက်ကို ဇီဝိန် ခြွေနိုင်တဲ့ ငှက်ဖျား မျိုးပဲဖြစ်တယ်။ မိခင်နဲ့ ကလေးအသက်အတွက် မိခင်နဲ့ နီးစပ်တဲ့ ဆွေမျိုး အားလုံးမှာ တာဝန်ရှိတယ်။
ကူးစက်ခြင်း။ ။ ငှက်ဖျားရောဂါဟာ စိမ့်စမ်း ရေသောက်ခြင်း၊ ရေချိုးခြင်းကြောင့် မဖြစ်ပါ။ ငှက်ဖျားဟာ ငှက်ပျောသီး၊ သင်္ဘောသီး၊ မျှစ်စသည် များ စားသောက်ခြင်း ကြောင့် မကူးပါ။ ငှက်ဖျားရောဂါဟာ လူတစ်ဦးမှတစ်ဦး အတူနေ၍ မကူးပါ။ ရောဂါရှိတဲ့ အင်နိုဖိလစ်ခြင်မ အကိုက်ခံမှ ကူးစက်ခံရတာ ဖြစ်တယ်။ တခြားနည်းနဲ့ ကူးစက်ခြင်းမှာ ငှက်ဖျားပိုးပါတဲ့ သွေးသွင်းမိခြင်း၊ ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကူးစက်ခြင်း (မိခင်မှ သန္ဓေသားသို့ ကူးစက်မှု အလွန်နည်းပါတယ်) နဲ့ ကူးစက်နိုင် ပါတယ်။ ငှက်ဖျားရောဂါဟာ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်ပွားနိုင်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်မှာဖြစ်ပွား ရင် ရောဂါပြင်း ထန်နိုင်တယ်။
ကိုယ်ဝန်ဆောင်ငှက်ဖျားဖြစ်ရင် သွေးအားနည်းခြင်း၊ အိမ်မှုကိစ္စ အနည်းငယ် လုပ်ရုံနဲ့ မောပန်းနွမ်း နယ်ခြင်း၊ ရင်ကျပ်ခြင်း၊ အားအင်ကုန် ခန်းခြင်း၊ သားလျှောနိုင်ခြင်း၊ ကိုယ်ဝန်လမစေ့ မွေးခြင်း၊ ကိုယ်အလေး ချိန်ပေါင်မပြည့် မွေးခြင်း၊ မွေးဖွားပြီး သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆောင် နေစဉ်၊ မီးဖွားစဉ်နဲ့ မီးဖွားပြီး ကာလအတွင်း အသက် အန္တရာယ် ကြုံတွေ့ နိုင်ခြင်းတို့ ဖြစ်နိုင်သည်။
ကာကွယ်ခြင်း ။ ငှက်ဖျားမဖြစ်ရအောင် ငှက်ဖျားအဖြစ်များသော ဒေသသို့ သွားရောက်လည်ပတ်ခြင်းများ ရှောင်သင့်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ငှက်ဖျား ဒေသ သို့ ရောက်ရင် နေဝင်ချိန်မှ ညအိပ်ရာ မဝင်ချိန်ထိ အဝတ်အစား ထူထူ ရှည်ရှည် ဝတ်ရတယ်။ ခြင်အကိုက်မခံရအောင် ယပ်ခတ်နေရမယ်။ ခြင်မကိုက် ဆေးလိမ်း နိုင်တယ်။ ညအိပ်ရာ ဝင်ချိန်မှာ ဆေးရည်စိမ် ထားသော ခြင်ထောင်နဲ့ အိပ်ရ မယ်။ ခြင်ထောင် ကို ဆေးရည်စိမ်ပါ။ ဘယ်အချိန် အိပ်အိပ်၊ ဘယ်မှာအိပ်အိပ် ဆေးစိမ်ခြင်ထောင် သုံးရမယ်။ မီးခိုးမှိုင်း တိုက်ခြင်း၊ ခြင်ဆေးထွန်းခြင်း မလုပ်ရဘူး။ မီးခိုးမှိုင်းနဲ့ ခြင်ဆေးရှူမိလို့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ များဖြစ်ပွားနိုင် ပြီး သန္ဓေသား ထိခိုက်စေတယ်။
ငှက်ဖျားဖြစ်လျှင်။ ။ ငှက်ဖျားဖြစ်လျှင် အနီးဆုံး ကျန်းမာရေးဆေးခန်းသို့ သွားပြီး ၂၄ နာရီအတွင်း ဆေးကုသမှု ခံယူသင့်တယ်။ ကိုယ်ဝန်ဆောင်နဲ့ သင့်တဲ့ ငှက်ဖျား ဆေးများကို ကျန်းမာရေး ဌာနက ညွှန်ကြားတဲ့ အတိုင်း ဆေးပတ်ပြည့်အောင် သောက်ရမယ်။
အစားအစာ။ ။ ဖျားရင် ထမင်းမစားဘဲ သစ်သီးနဲ့ ဟင်းရွက် ဖျော်ရည် သောက်သင့်တယ်။ ဆန်ပြုတ်၊ ခေါက်ဆွဲမြူစွမ်ပြုတ်၊ စွပ်ပြုတ် သောက်သင့်တယ်။ အာဟာရ ဓာတ်နဲ့ အရေးပါတဲ့ ဗီတာမင်ပါ ဝင်တဲ့ ဆေးတွေ သောက် သင့်တယ်။ တရုတ်ဆီးသီး၊ မုန်လာဥဝါ၊ ပန်းဂေါ်ဖီ၊ သရက်သီး၊ ကန်စွန်းဥ၊ ငရုတ်သီး၊ ရေကန်စွန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စတော်ဘယ်ရီသီး၊ ကီဝီသီးစားနိုင်တယ်။ ။
ဒေါက်တာလွင်သန့်
http://www.myawady.net.mm/stories/healthstories

တပ်သိမ်းမြေတွေ ပြန်ရဖို့ အောင်ပန်းမြို့မှာတောင်းဆို

ရှမ်းပြည်နယ်မြို့နယ် အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေက သိမ်းယူထားတဲ့လယ်ယာမြေတွေ ပြန်ပေးဖို့ ဒီနေ့ အောင်ပန်းမြို့ မိုးကောင်းကျောင်းတိုက်မှာ တောင်သူတစ်ရာကျော်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုကြပါတယ်။
သတင်းစာရှင်းလင်းပွဲကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
မြေယာဆုံးရှုံးတဲ့ကိစ္စတွေကို လွှတ်တော်ကဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ထံမှာ တိုင်ကြားထားတာ ကြာပြီဖြစ်ပေမယ့် ဘာမှထူးခြားမှုမရှိတာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုရတာဖြစ်ကြောင်း HRDP အဖွဲ့ဝင် ကိုစိုင်းဝဏ္ဏက RFA ကို ပြောပါတယ်။
" ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအသီးသီးမှာရှိတဲ့ လယ်ယာမြေ၊ ဥယာဉ်ခြံမြေပေါ့နော် အစိုးရပိုင်းက သတို့ပြေားထားတယ် အသုံးမပြုပဲ ကျန်နေတဲ့ လယ်ယာမြေတွေကို သူတို့ ပြန်ပေးအပ်မယ်လို့ ပြောထားတယ်၊ အဲ့အပေါ်မှာ ပြည်သူတွေက နဂိုမူလပိုင်ရှင်တွေ ပြန်လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ စာတင်တယ်၊ အဲ့ပေါ်မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဒီပွဲပြုလုပ်တာ၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးလို့ တစ်လခွဲလောက်စောင့်ကြည့်ပြီးတော့ ဒီအတိုင်းပဲဖြစ်နေမယ်ဆိုရင်တော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မတရားသိမ်းဆည်းခံရတဲ့ တောင်သူတွေ စုပြီးတော့မှ တရားဝင်စာတင်ပြီးတော့ ဆန္ဒဖော်ထုတ်သွားမယ်"
တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ရွာငံ၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ မတ်ကျန်းဌာနေပြည်သူစစ်နဲ့ တပ်မတော်၊ အပြင် ပုဂ္ဂလိကကုမ္ပဏီတွေကသိမ်းဆည်းထားတဲ့ မြေဧက ၆၇၀၀ ကျော်ရှိတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
refind ; http://www.rfa.org/burmese/news

ဘိန်းဖြူ ထည့်ထားသော ဆပ်ပြာခွက်များ ဖမ်းဆီးရမိ

မူဆယ်   ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်   အမှတ်(၂၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ
သက်သေများ နှင့်အတူ မူဆယ်မြို့ စွမ်စော်ရပ်ကွက် စီးကရက် စက်ရုံအနီး စိုက်ပျိုး မွေးမြူရေးခြံရှိ မလိအားဟွမ်(ခ) လှလှဝင်း ၃၂ နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်း ခုတင်ခြေရင်းရှိ အမဲရောင် ပလတ်စတစ်ပုံး အတွင်းမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၅ဝ အလေးချိန် ၆ဝဝ  ဂရမ် ကာလ တန်ဖိုးငွေကျပ် သိန်း ၁၂ဝ ကို   တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေးချက်အရ  အဆိုပါ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်များမှာ မူဆယ်မြို့ ရွှေသမင်ရပ်ကွက်နေ ရန်စီယုံ(ခ) အားယုံနှင့် စပ်တူ ဝယ်ယူထားသည့် ပစ္စည်းများ ဖြစ်ကြောင်း သိရသဖြင့် သွားရောက် ဖမ်းဆီးရာ ရန်စီယုံ (ခ)အားယုံ ၃ဝ နှစ်အား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိသည်။  ယင်းနောက်  မလိအားဟွမ်(ခ) လှလှဝင်းနှင့်  ရန်စီယုံ(ခ) အားယုံတို့ နှစ်ဦးအား မူဆယ် မြို့မ ရဲစခန်းမှ မယ(ပ)၁၃၂/၂ဝ၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ  ၁၅/၁၉(က)/၂၁ ဖြင့်   အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
http://www.myawady.net.mm

အမြီး ခြောက်တန်း ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ့ရ၍ သိပ္ပံပညာရှင်များ အံ့အားသင့်

အမြီး ခြောက်တန်း ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေ့ရ၍ သိပ္ပံပညာရှင်များ အံ့အားသင့်
ဦးတိုး (သက္ကသီလ)
အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်နေသည့် အမြီး အမြောက်အမြား ရှိနေသော ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုကို
နာဆာ (NASA) ၏ ဟာဗယ်လ် အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်၍ အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ် အကြား၌ တွေ့ရှိရကြောင်း နက္ခတ္တ ပညာရှင်များက ပြောကြား ခဲ့သည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား အများစု ကဲ့သို့ အလင်းစက်ကလေး တစ်ခုအဖြစ် တွေ့ရမည့် အစား ဤတစ်ခုတွင် ကြယ်တံခွန် ကဲ့သို့ ဒါဇင်ဝက်ခန့် ရှိသည့် မြေဖုန်မှုန့် အမြီးများသည် စက်ဘီးခွေ တစ်ခုပေါ်မှ စမုတ်တိုင်များ သဏ္ဌာန် ဗဟိုမှ ရောင်ခြည်များလို ဖြာထွက်၍ နေကြောင်း ကြယ်တံခွန် ဂျာနယ် (ASTRO PHYSICAL JOURNAL) တွင် သိပ္ပံ ပညာရှင်များက ရေးသားတင်ပြ ထားကြသည်။
''ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို မြင်နေရတယ် ဆိုတာ မယုံကြည် နိုင်စရာ ပါပဲ'' ဟု လော့စ် အိန်ဂျလိစ် ကာလီဖိုးနီးယား တက္ကသိုလ် ကမ္ဘာမြေနှင့် သိပ္ပံဌာန (University of California Los Angeles Deparment of Earth and Space Sciences) မှ ဦးဆောင် စူးစမ်းခဲ့သော ပါမောက္ခ ဒေးဗစ်ဂျူးဝစ် (David Jewitt) က ပြောကြား ခဲ့သည်။
''အဲဒါကို တွေ့လိုက်ရတဲ့ အခါ ကျွန်တော်တို့ မှင်တက် မိသွားခဲ့ကြပြီး အံ့သြဖွယ် ကောင်းစွာ သူရဲ့ အမြီး တည်ဆောက်မှုဟာ ထူးထူးခြားခြား မြေဖုန်မှုန့်တွေကို မှုတ်ထုတ်ရင် ၁၃ ရက် တစ်ကြိမ် ပြောင်းလဲလို့ နေပါတယ်''။ အဆိုပါ အရာဝတ္ထုကို ''P/ 2013 P5'' ဟု နာမည် ပေးထားကြသည်။ အနည်းဆုံး ငါးလခန့် တစ်ကြိမ် ၎င်း ဂြိုဟ်သိမ်မှ ဖုန်မှုန့်များကို မှုတ်ထုတ် နေကြသည်ဟု နက္ခတ္တ ပညာရှင်များက ယုံကြည်ခဲ့သည်။
ဂြိုဟ်သိမ်သည် အလွန် လျင်မြန်စွာ လည်ပတ်နေရင်း အစိတ်စိတ် အမြွှာမြွှာဖြစ် သွားဟန် တူပေသည်။ တစ်စုံ တစ်ရာနှင့် ဝင် ဆောင့်မိလိုက်၍ အမြီးများ ဖြစ်ပေါ်နေကြောင်း မယူဆ ခဲ့ကြပေ။ အကြောင်း အရင်းမှာ တစ်ချိန် တစ်ခါတည်း ဖွာဆန်ကြဲသွားခြင်း မဟုတ်သောကြောင့် ဖြစ်ပေသည်။ ဟာဝေယီမှ အဝေးကြည့် မှန်ပြောင်း တစ်ခုဖြင့် ပထမဆုံး လှမ်းမြင်ခဲ့ရပြီး နောက် စက်တင်ဘာ ၁ဝ ရက် က နာဆာ၏ ဟာဗယ်လ် အာကာသ အဝေးကြည့် မှန်ပြောင်းဖြင့် အသေးစိတ်ကို တွေ့ရှိကြရခြင်း ဖြစ်သည်။
အဆိုပါ အရာဝတ္ထုသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၂ဝဝ ခန့်က ဂြိုဟ်သိမ် တစ်ခုကို ဝင်တိုက်မိပြီး ဖြစ်ပေါ် လာခဲ့ဟန် တူသည်။ ''ဖုန်မှုန့်များကို ဖြန့်ထုတ်နေသည့် ပုံစံဟာ မလုပ်တစ်ချက် လုပ်တစ်ချက်ဖြင့် ပေါက်ကွဲ ထွက်သွားပြီး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို အဲဒီလို တွေ့ရပြီဆိုရင် နက္ခတ္တ ပညာမှ နောက်ထပ် အတွဲလိုက် ထပ်မံ တွေ့ရှိနိုင်ကြောင်း၊ ဒါဟာ ပထမဆုံး ထူးခြားတဲ့ အရာဝတ္ထု ဖြစ်ပြီး နောက်ထပ် ဧကန် ထပ်မံတွေ့ရမှာ ဖြစ်ကြောင်း'' ဟု ပါမောက္ခ ဒေးဗစ်ဂျူးဝစ် က ရှင်းလင်း ပြောကြား ခဲ့သည်။ ။
http://www.myawady.net.mm

တောင်ဆူဒန်နိုင်ငံ၏ လူမျိုးစု အချင်းချင်း တိုက်ပွဲများ

တောင်ဆူဒန်နိုင်ငံ၏ လူမျိုးစု အချင်းချင်း တိုက်ပွဲများ
တောင်ဆူဒန်နိုင်ငံ ဂျူးဘားမြို့တွင် သွေးမြေကျ တိုက်ပွဲများနှင့် ဒုတိယ သမ္မတ တရိုက်မာချာ၏ အာဏာသိမ်းမည်ဟူသော ခြိမ်းခြောက်မှုများက တိုင်းရင်းသား မျိုးနွယ်စုမျာ;အကြားတွင်
စိတ်ဝမ်းကွဲမှုများကို ပိုမိုနက်ရှိုင်း ဆိုးဝါးစေလျက်ရှိသည်။ တောင်ဆူဒန် စစ်တပ်တွင် ပြိုင်ဘက်အဖွဲ့များ အချင်းချင်း နှစ်ရက်အကြာ လမ်းပေါ်တိုက်ပွဲများကြောင့် မြို့တော်၏ အစိတ်အပိုင်းများ ပျက်စီးသွားရပြီး ကမ္ဘာပေါ်တွင် သက်တမ်းအနုဆုံး နိုင်ငံတွင် သွေးမြေကျမှုများ ဆက်လက် ဖြစ်ပွားလာမည်ကို စိုးရိမ် ကြောက်ရွံ့နေကြသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါ ဒေသမှ အစီရင်ခံစာများတွင် လူပေါင်း ၄ဝဝ မှ ၅ဝဝ ကြား အသတ်ခံရပြီး လူ၈ဝဝ ခန့် ဒဏ်ရာရခဲ့ကြောင်း၊ လူပေါင်း ၁၆ဝဝဝ သည် ကုလသမဂ္ဂ အဆောက်အအုံများတွင် ဘေးကင်းရာ နေရာအဖြစ် ခိုလှုံလာကြကြောင်း၊ တနင်္ဂနွေနေ့ညက အဖြစ်အပျက်သည် အာဏာသိမ်းရန် ကြိုပမ်းမှုဖြစ်ကြောင်း၊ ယင်းကိစ္စကြောင့် တိုင်းပြည်တွင် မျိုးနွယ်စုများအကြား လက်နက်ဖြင့် ဆေးကြောမှုများ ဖြစ်လာနိုင်ပြီး ၂ဝ၁၁ ခုနှစ်၌ ကြောက်မက်ဖွယ်ရာ စစ်ကြီးမှ ခွဲထွက်နိုင်သည့် မြောက်ဘက်ဒေသမှာ ယခုမှစ၍ နာလန်ထူရန် ဆောင်ရွက်နေဆဲ ရှိပါသေးသည်။ အဆိုပါ နှစ်နှစ်ခွဲသားအရွယ် နိုင်ငံငယ်ကလေး၏ သမ္မတ ဆာလ်ဗာကားက သူ၏ ဒုတိယ သမ္မတ တရိုက်မာချာကို အာဏာသိမ်းရန် ကြိုးပမ်းသည်ဟု စွပ်စွဲလိုက်ပြီး ဒုတိယ သမ္မတသည် Propet of Doom (ဂြိုဟ်ဆိုး) ဟူ၍ ဆိုင်းဘုတ် တပ်ပေးလိုက်ကာ ဂျူးဘားရှိ တရိုက်မာချာ၏အိမ်ကို တင့်ကားများဖြင့် ပစ်ခတ်စေခဲ့သည်။ တရိုက်မာချာကတော့ ဘယ်နေရာ ရောက်နေသည် မသိပါ။ ယခင်က ဝန်ကြီးဟောင်း ခုနစ်ဦး အပါအဝင် သမ္မတကို ပြစ်တင်ဝေဖန်ရာတွင် နာမည်အထွက်ဆုံးသူများ၏ အိမ်များကို ပြီးခဲ့သည့် နှစ်ရက်က လုံခြုံရေးတပ်များဖြင့် ဝိုင်းထားခဲ့သည်။ တောင်ဆူဒန် နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန်ပိတ်က ဂျူးဘားမှ ဖုန်းဖြင့်ပြောကြားရာတွင်'' သူတို့လူလိုက်ရှာပုံက တကယ့်ကို ကြောက်စရာကြီး''ဟု ဆိုသည်။
နောက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မရှိမဖြစ်နေထိုင်ရန် လိုအပ်သော အမေရိကန် အရာရှိများမှ တစ်ပါး ကျန်လူများကို တောင်ဆူဒန်နိုင်ငံမှ ထွက်ခွာသွားရန်နှင့် ဂျူးဘားရှိ အမေရိကန် သံရုံး၏သာမန် လုပ်ငန်းများကို ဆိုင်းငံ့ထားရန်ညွှန် ကြားခဲ့သည်ဟု သိရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အင်္ဂါနေ့ညတွင် အဆိုပါကိစ္စကို ဆွေးနွေးကြရာ အီသီယိုးပီးယား နယ်စပ်အနီး ဂျောင်လီပြည်နယ်တွင် ဂိုဏ်းဂဏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်ဟု ဆိုသည်။ အကယ်၍ နိုင်ငံရေး သဘောတူညီချက် ရဦးတော့ ဥပမာပြောရလျှင် ဒဏ္ဍာရီထဲက နတ်သမီးလေး ဂျင်းနီသည် ပုလင်းထဲက ထွက်လာပြီးနောက် ပုလင်းထဲကို ပြန်ထည့်ရန် အလွန်တရာမှ ခက်ခဲမည့် သဘောမျိုးဟု ဆိုပြန်၏။ တောင်ဆူဒန်နိုင်ငံအကြောင်း ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဘရပ်လန်းက ပြောရာတွင် ဤတိုက်ခိုက်မှုများ၏ ထိချက်မှာ တောင်ဆူဒန်၏ အနာဂတ်ကို ပုံသွင်းသလို ဖြစ်လိမ့်မည်ဟု ဆိုသည်။ ဦးတည်ရာမဲ့ပြီး ခိုကိုးစရာ နတ္ထိဖြစ်နေကြသော အရပ်သား ထောင်ပေါင်းများစွာတို့မှာ သူတို့အစိုးရ၏ လုံခြုံရေး အာမခံချက်များကို ဂရုမစိုက်တော့ဘဲ ဂျူးဘားမြို့တော်ရှိ ကုလသမဂ္ဂ ရုံးစိုက်ရာ နေရာနှစ်ခု အနီးတစ်ဝိုက်တွင် အုပ်စုဖွဲ့ကာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ငယ်ကလေး၏ ကာကွယ်စောင့်ရှောက်မှုကို ခံယူရန် စုရုံးရောက်ရှိ လာနေကြသည်။ ဂျူးဘားမြို့ ကုလသမဂ္ဂ အကြီးတန်း အရာရှိ တိုဘီလန်ဇာ၏ ပြောကြားချက်အရ လူပေါင်း ၁၆ဝဝဝ ခန့်မှာ ကုလသမဂ္ဂ ရုံးနှစ်ရုံး အနီးတစ်ဝိုက် အတွင်း၊ အပြင်တွင် အမိုးအကာ နေရာရရှိရေး ကြိုးပမ်းနေကြသည်ဟု သိရသည်။
နေဝင်ခါနီးချိန်မှသည် အရုဏ်တက်ချိန်အထိ ညမထွက်ရ အမိန့်ရှိနေသည့် ကြားမှာပင် ကြောက်ရွံ့ ထိတ်လန့်နေကြသော ဒေသခံလူများသည် လုံခြုံဘေးကင်းရာတွင် ပုန်းအောင်း နေကြသည်။ မြို့နေရာအများအပြားမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများက မြေကြီးကို တုန်ဟည်းသွားစေကာ အလွန်တရာ ကြောက်လန့်နေကြသည် ဆို၏။ မြို့ထဲက မရှိမဲ့ရှိမဲ့ ဆေးရုံများမှာလည်း ဒဏ်ရာရထားသော စစ်သားများဖြင့် ပြည့်လျှံနေသည်။ အရပ်သား ထိခိုက်ဒဏ်ရာရမှုများလည်း ကြိုးကြားကြိုးကြား ရောက်လာသေးသည်။ ဂျူးဘား စစ်ဆေးရုံမှ ဆရာဝန် အေဂျက်ဘူ လန်၏ ပြောကြားချက်အရ ဆေးရုံသို့ရောက်လာသော ဒဏ်ရာရလူနာ ၄ဝဝ အနက်အနည်းဆုံး ၅၉ ဦးမှာ သေဆုံးသွားကြောင်း သိရသည်။ ကျွန်တော်တို့ အသက်တော်တော် များများကို မကယ်နိုင်ဘူး ဖြစ်သွားတယ်။ အထူးသဖြင့် စစ်သားတွေ ကိုပေါ့။ ပြဿနာကတော့ သွေးသွင်းပေးဖို့ သွေးမရှိလို့ သေသွားကြရတာပါ'' ဟု ဆို၏။နောက်ထပ် ဂျူးဘားဆေးရုံတစ်ရုံက ဆရာဝန် ဒေါက်တာ ဝါနီမီးနားက လူနာတွေ ရောက်နေတာပဲလေ၊ အရပ်သားတွေ အပါအဝင်ပေါ့။ သေနတ်ဒဏ်ရာတွေ ရထားကြတာဟု ဆိုသည်။ တောင်ဆူဒန်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာ သည်နှင့် ပထမအဆင့်မှာပင် ဒုက္ခရောက်ခဲ့ရသည်။ ကျန်သော မြောက်ဆူဒန်နှင့် ရေနံကိစ္စ၊ နယ်ခြားကိစ္စတွေပင် ဖြစ်သည်။ စနေနေ့ညက တိုက်ခိုက်မှုများ စတင်ခဲ့ရာတွင် လူမျိုးပေါင်းစုံ ပါဝင်သော သမ္မတ၏ လုံခြုံရေး တပ်များနှင့် ဂျူးဘားမြို့စွန် စစ်တန်းလျားတွင် နေသူများအကြား တိုက်ခိုက်ကြခြင်းဖြစ်သည်။ ကောလာဟလများမှာ တရိုက်မာချာသည် နူးရ်မျိုးနွယ် အုပ်စုမှဖြစ်ပြီး ဖမ်းဆီးခြင်းခံရ၍ ကားရ်နှင့် မျိုးနွယ်တူ ဒင်ကာမျိုးနွယ်မှ စစ်သားများနှင့် ထိပ်တိုက်ရင်ဆိုင် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ နှစ်ဖက်စလုံး လက်နက်များ ပြန်တပ်ဆင်ကြပြန်ကာ တနင်္လာနေ့ အစောပိုင်းတွင် တိုက်ခိုက်မှုများ ကျယ်ပြန့်လာခဲ့သည်။ လက်နက်ကြီးများဖြင့်လည်း တပ်ဖြန့်ထားကြသည်။ ထိုသို့ခဏခဏ တိုက်ခိုက်မှု များ ဖြစ်နေလျှင် ပြည်သူတွေမှာ ကျွဲနှစ်ကောင်ခတ်သည့် ကြားက မြေစာပင်ပမာ ဖြစ်ပြီးသေကျေကုန်ကြကာ ဒုက္ခပင်လယ် ဝေကြရမည် ဖြစ်သည်။ ရေနံထုတ်လုပ်မှုလည်း ပျက်ပြား၍ ရေနံ အပေါ်သာ မှီခိုနေရသော နိုင်ငံ၏ စီးပွားရေးလည်း ပျက်ပြားကာ ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ပြည်သူများမှာ ဒုက္ခညွန်ထဲတွင် သက်ဆင်း ကြရတော့မည်သာ ဖြစ်ပါသည်။
http://www.myawady.net.mm

BUSINESS - SOCIETY MANNER by NANG LAO KHAM LINN ဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  ဒီဇင်ဘာ  ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ BUSINESS- SOCIETY MANNER by NANG LAO KHAM LINN ဆွေးနွေးပွဲကို
ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်ရှိ ဟုတ်ကြန် ဘုံကျောင်းခန်းမ၌ ကျင်းပရာ တောင်ကြီးမြို့ ပေါ်ရှိ လူငယ်များ၊ ပြည်တွင်း/ ပြည်ပ အလုပ် လုပ်ကိုင်ကြမည့် လူငယ်များနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် နန်းလောင်ခမ်းလင်းက လုပ်ငန်းခွင်သို့ဝင်ရောက်မည့် လူငယ်များနှင့် လုပ်ငန်းခွင် အတွင်းမှ လူငယ်များ နေ့စဉ်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ မိမိ၏လုပ်ငန်းခွင် ပတ်ဝန်းကျင်အလိုက် မရှိမဖြစ် လိုအပ်သော အခြေခံ စကားပြောစွမ်းရည်၊ အပြုအမူနှင့် မျှတသောစိတ်ထား၊ လက်ရှိ ရင်ဆိုင်နေရသည့် လုပ်ငန်းခွင် လူမှုအခက်အခဲ များကို ကျော်လွှားနိုင်ရန် နိုင်ငံတကာ အတွေ့အကြုံ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။      
http://www.myawady.net.mm      

27 December 2013

သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ ဆွေးနွေး

သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ ဆွေးနွေး
တောင်ကြီး  ဒီဇင်ဘာ  ၂၅
မြန်မာနိုင်ငံ သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ
ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကန်ရှေ့ ရပ်ကွက်ရှိ Classic စားသောက်ဆိုင် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ အခမ်းအနားသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးမှ မိမိတို့၏ ထင်မြင်ချက် သဘောထားများဖြင့် သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်ယူ သုံးစွဲရေး ဆိုင်ရာများ၊ ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှုများ၊ သဘာဝ သယံဇာတ အရင်းအမြစ်ဆိုင်ရာ အခွန်ဘဏ္ဍာများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများ၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး ဆိုင်ရာများ၊ ပဋိပက္ခဆိုင်ရာများ စသည်တို့ကို ရှင်းလင်း ပြောကြားပြီး သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများကို ရှင်းလင်း တင်ပြပြီး EITI လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် သူများအား ကော်မတီ အဖွဲ့များ ရွေးချယ်ခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

ရွှေထည် ပစ္စည်းနှင့် ငွေခိုးယူသူများ ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

တောင်ကြီး   ဒီဇင်ဘာ  ၂၆
ရှမ်းပြည်နယ်  (တောင်ပိုင်း) တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဒီဇင်ဘာ ၂၄ရက် နံနက် ၇ နာရီက ရွှေထည်ပစ္စည်းနှင့်  ငွေ ငါးသိန်းကျော် ပျောက်ဆုံးမှုကို ၂၄ နာရီအတွင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်နေ ဒေါ်သန်းဆင့်သည် အိပ်ခန်းထဲ  သံသေတ္တာအတွင်း သိမ်းဆည်းထားသော ရွှေထည် ပစ္စည်းများနှင့် ငွေကျပ် ၅၂ဝဝဝဝ ပျောက်ဆုံးသည်ကို တွေ့ရှိသဖြင့် တောင်ကြီးမြို့မ ရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့သည်။ ဦးခင်မောင်ဆန်း၏ တိုင်ကြားချက် အရ တောင်ကြီး မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေါ်သန်းဆင့်၏ နေအိမ်သို့ သွားရောက်၍ စစ်ဆေးခဲ့ရာ နေအိမ်အောက်ထပ်၌ အိမ်ငှားနေထိုင်သူ လှိုင်မင်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မခင်ရွှေတို့၏ အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ရေအပြည့် ထည့်ထားသော တိုင်ကီအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထား သည့် ရွှေဆွဲကြိုးတစ်ကုံး၊ ဟန်းချိန်းနှစ်ခု၊ အခန်းအတွင်းရှိ  ပလတ်စတစ်မြက်ဖျာ အခင်းအောက်မှ ငွေကျပ် ၅ဝဝဝ တန် ငွေစက္ကူ လေးရွက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ လှိုင်မင်းထွန်း၊ မခင်ရွှေနှင့် မငုဝါတို့အား တောင်ကြီးမြို့မ ရဲစခန်းမှ (ပ)၃၂၄/၂ဝ၁၃ ပြစ်မှုပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 
http://www.myawady.net.mm

တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲနှင့်ရံပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်


ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံစာရေးဆရာအသင်း (တောင်ကြီး) မှစုစည်းကျင်းပမည့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ နှင့်ရံပုံငွေဈေး ရောင်းပွဲတော်ကြီးကို ဇန်န၀ါရီ ၂ ရက်နေ့တွင်မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

စာပေဟောပြောပွဲလည်းဖြစ် လွတ်လပ်ရေး အထိန်းအမှတ်လည်းဖြစ်တယ်၊ ဒီပွဲမှာ ရိုးရာယဉ်ကျေးမှု (မယ်ပြိုင်ပွဲ)၊ ကဗျာပြိုင်ပွဲ၊ ဝထ္ထုတို၊ဆောင်းပါးပြိုင်ပွဲများ လည်းပါဝင်တယ် ဟောပြောပွဲမှာစာရေးဆရာမ သျှီ (အင်ကြင်း)၊ ကိုချစ်၊ ခင် (တောင်ကြီး)၊ တို့ဖြစ်ပြီး၊ ကားပြပွဲများနှင့် အတူစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု အစည်းဝေးတက်ရောက်သူ စာရေးဆရာတစ်ဦးက ပြောသည်။

ကဗျာ၊ ဝထ္ထု၊ ဆောင်းပါးပြိုင်ပွဲများကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး himawaritgi@gmail.com မေးဖြစ်ပေးပို့နိုင်ကြောင်း၊ အဓိက ရှမ်းပြည်တောင်ပိုင်းကို ဦးစားပေးကြောင်း ဆောင်းပါးပြိုင်ပွဲတာဝန်ခံ စာရေးဆ ရာမ ယွန်းဆုဝဿန်ကပြောသည်။
 

25 December 2013

ဓါတ်တိုင်ပေါ်မှ ပြုတ်ကျသေဆုံး

2013 De 23
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊  ပြည်ထောင်စုလမ်းမဘေးတွင် လူတစ်ဦး ဓါတ်တိုင်ပေါ်မှပြုတ်ကျကြောင်းဖြစ်စဉ်မှာ အေးသာယာမြို့၊ အမှတ်(၆)ရပ်ကွက်နေသူတစ်ဦးဖြစ်သော ဦးညွန့်ရွှေ (လျှပ်စစ်ကျွမ်းကျင်အဆင့်-၄) သည် လျှပ်စစ်ကြိုးသွယ်တန်းစဉ် ဓါတ်တိုင်ပေါ်မှ ပြုတ်ကျကာ ယာဘက်နားထင်သွေးထွက်ဒဏ်ရာရရှိသဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဆေးကုသသော် လည်း သေဆုံးသွားကြောင်းသတင်းရရှိပါသည်။
HAK

တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက်အတွင်း လက်လုပ်မိုင်းတစ်ခုတွေ့





တောင်ကြီးမြို့ ၊ စိန်ပန်းရပ်ကွက်အတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့
တောင်ကြီးမြို့ ဒီဇင်ဘာ  ၂၅
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ဗုံးတစ်လုံးတွေ့ရှိ ကြောင်း သတင်းအရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင့်ဆန်း၊ ရဲတပ်ဖွဲ့  မှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းနှင့်အဖွဲ့၊စစ်အင်ဂျင်နီယာတပ်မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးရှေ့  မွတ်ဆလင်မိဘမဲ့ဂေဟာကျောင်း အနောက်ပေါက် အုတ်တံတိုင်းဘေးတွင် သံ(GI)ပိုက်ဖြင့် ပြုလုပ်ထားသည်ဟုယူဆရသော လက်လုပ်ဗုံး တစ်လုံး အားတွေ့ ရှိကြောင်းနှင့် သဲအိတ်များချထားပြီး သံ(GI)ပိုက်ဖြင့် ပြုလုပ်ထားသည်ဟုယူဆရသော လက်လုပ်ဗုံး အားစစ်အင်ဂျင်နီယာတပ်မှူး၏အစီအစဉ်ဖြင့်အန္တရာယ်ကင်းစွာ ဖောက်ခွဲပစ်နိုင်ရေးအတွက် အားသွန်
ကြိုးပမ်းလျှက်ရှိကြောင်း၊ ယင်းနေရာသို့ တောင် ကြီးမြို့ ခံ သတင်းထောက်များ၊ ပြည်သူများမှလည်း
လာရောက်ကြည့်ရှုနေကြသည်ကိုတွေ့  ရှိရပါသည်။ ယခုလက်လုပ်မိုင်းအပါအ၀င်တောင်ကြီးမြို့  တွင်
လက်လုပ်ဗုံးတွေ့  သည်မှာ မပေါက်ကွဲမီအခြေအနေဖြင့် (၄)လုံးရှိသွားပြီဖြစ်ပါသည်။
ပြည်သူများမှ လက်လုပ်ဗုံးများ ထပ်မံရှိနေဦးမည်ဟုထင်မြင်မိကြကြောင်း သုံးသပ်ပြောဆိုနေကြပါသည်။
HAK

20 December 2013

ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) တောင်ကြီးမြို့မှာ ဖွင့်လှစ်

democarcy-conversation-305.jpg
ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ၃ ရက်ကြာ  ပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

ဒီမိုကရေစီတည်ဆောက်ရေးမှာ ဒေသခံပြည်သူတွေ အားလုံး ပါဝင်နိုင်ရေးအတွက် ဒီပွဲကိုကျင်းပတာဖြစ် တယ်လို့ ဒီမိုကရေစီစကားဝိုင်း ဖြစ်မြောက်ရေးဆောင် ရွက်ခဲ့တဲ့ ဒါန-ရှေ့ဆောင်မြန်မာအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ကိုစောချစ်သက်ထွန်းက RFA ကို အခုလို ပြောပါတယ်။

"ဒီပွဲကို ကျနော်တို့ စီစဉ်ဖြစ်တဲ့အဓိကကတော့ သက်ဆိုင်ရာနယ် ဒေသအလိုက်မှာရှိတဲ့ အထူးသဖြင့် ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီ သဘောတရားတွေ ပိုပြီးတော့ပွားများလာ ဖို့ နောက်ဒီမိုကရေစီ တည်ဆောက်ရေးမှာ အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ ပြုလုပ်ရခြင်းဖြစ်ပါတယ်"

ဒေသခံလူငယ်တွေ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးလွန်းတဲ့အတွက် ဒီစကားဝိုင်းကို စီစဉ်တာဖြစ်ကြောင်း တောင်ကြီးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစောယွန်းပိုင်က RFA ကို အခုလို ပြောပါတယ်။

"အဓိကကတော့ လူငယ်တွေရဲ့ကွန်ရက်ကို ဦးစားပေးချင်တာပေါ့နော်၊ လူငယ်တွေရဲ့ စိတ်ဝင်စားမှုက ဒီနိုင်ငံရေးဘက်မှာ တအားနည်းတာပေါ့နော်၊ အသက် ၂ဝ ဝန်းကျင်တွေဆိုရင် ဘာမှဂဃဏနမသိဘူး၊ အဲဒါတွေ အဓိကထားပြီးတော့ သူတို့လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲလာအောင် ကျနော်တို့က စုစည်းပေးတာပါ"

အဲဒီ ဒီမိုကရေစီစကားဝိုင်းမှာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခပြဿနာများ ဖြေရှင်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေး၊ တရားမျှတသော ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်လာရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီစကားဝိုင်းကို ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုက်အိုက်ပေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA စတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ကြပါတယ်။
refind;http://www.rfa.org/burmese

နှုတ်ခမ်းကို လျှာနဲ့လျက်တာ မလုပ်ပါနဲ့

 
နှုတ်ခမ်းကို လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့်
နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
ဆောင်းရာသီမှာ ခြောက်သွေ့မှုကင်းပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေဖို့

နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေထက် အစိုဓာတ်ကို ထိန်းသိမ်းမှုအားနည်းတာကြောင့် ခြောက်သွေ့လွယ်ပါတယ်။ ဆောင်းရာသီမှာတော့ နှုတ်ခမ်းကွဲတာ ခြောက်သွေ့ပြီး နှုတ်ခမ်းဖတ်တွေ လန်တာတွေပိုဖြစ်တတ်ပါတယ်။နှုတ်ခမ်းနဲ့ပတ်သက်ပြီး ရှောင်ကြည်ရမဲ့ အချက်လေးတွေနဲ့ သဘာဝကုထုံးလေးတွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

ရှောင်ကြဉ်ရမည့် အပြုအမူများ

- နှုတ်ခမ်းကို လျှာနဲ့လျက်တာ မလုပ်ပါနဲ့။ နှုတ်ခမ်းကို လျှာနဲ့လျက်တာ သက်သာသလို ဖြစ်ပေမယ့် နှုတ်ခမ်းကွဲတာကို ပိုပြီး ဆိုးရွား လာစေပါတယ်။
- နှုတ်ခမ်းကို သွားတိုက်တံနဲ့ မပွတ်ပါနဲ့။ ပိုပြီး ဆိုးရွား လာတတ်ပါတယ်။
- နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင်နေပါ။
- နေပူ သိပ်မခံပါနဲ့။
- နှုတ်ခမ်းနီကို အလွန်အမင်း သုံးစွဲခြင်းဟာလည်း နှုတ်ခမ်းကို ခြောက်သွေ့ပြီး မည်းစေပါတယ်။
- နှုတ်ခမ်းကွဲတဲ့အခါ အရေပြား ကွာနေတာကို မနေတတ်လို့ဆိုပြီး ခွာတာတွေ မလုပ်ပါနဲ့။
- နှုတ်ခမ်းကို လျှာနဲ့လျက်တာ အပြင်နှုတ်ခမ်းကိုလည်း မကိုက်ပါနဲ့။ တံတွေးကနေ ခြောက်သွေ့မှု ဖြစ်လွယ်လို့ပါ။

သဘာဝနည်းများဖြင့် ကုသခြင်း

- သခွားသီးစိတ်နဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ။
- နှင်းဆီနီပွင့်ချပ် အနည်းငယ်ကို နို့အစိမ်းထဲ နာရီအနည်းငယ် ကြာအောင် စိမ်ပြီး အရည်ပျစ်ပျစ် ဖြစ်လာအောင် မွှေပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။
- သံလွင်ဆီ အနည်းငယ်ကို လက်မှာ ဆွတ်ပြီး နှုတ်ခမ်းကို ပွတ်သပ်ပေးပါ။
- ပျားရည်နဲ့ နှုတ်ခမ်းကို ပွတ်လိမ်းပေးပါ။
- အုန်းဆီနဲ့လည်း လိမ်းပြီး ကုသနိုင်ပါတယ်။
- ရေဓာတ်ခြောက်ခမ်းမှု မဖြစ်ရလေအောင် ရေလုံလောက်အောင် သောက်သုံးပေးပါ။ တစ်နေ့ကို ခြောက်ခွက်ကနေ ၁၀ ခွက်အတွင်း သောက်သုံး ပေးသင့်ပါတယ်။

ရှောင်ကြဉ်ရမည့် အစားအသောက်များ
အစပ်၊ အပူတွေကို ရှောင်ပါ။ ကော်ဖီသောက်တာ လျှော့ပေးပါ။ ကော်ဖီဟာ ရေဓာတ် ခြောက်ခမ်းစေပါတယ်။ အအေးနဲ့ အချိုရည် တွေကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပေးပါ။

ref; Internet

http://www.myanmarnewsnow.org

အာကာသ စခန်း၏ ပျက်စီးသွားသော အအေးပေး စနစ်အား အာကာသ အတွင်း လမ်းလျှောက်၍ ပြုပြင်မည်

 အာကာသ စခန်း၏ ပျက်စီးသွားသော အအေးပေး စနစ်အား အာကာသ အတွင်း လမ်းလျှောက်၍ ပြုပြင်မည်
ဝါရှင်တန် ဒီဇင်ဘာ ၁၉
အမေရိကန် အာကာသ အေဂျင်စီ နာဆာမှ အာကာသ ယာဉ်မှူး နှစ်ဦးသည် အာကာသ အတွင်း လမ်းလျှောက်၍ နိုင်ငံတကာ အာကာသ စခန်းမှ ပျက်စီး ချွတ်ယွင်းလျက် ရှိသည့် အအေးပေး စနစ်ကို ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း နာဆာ အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် အာကာသ ယာဉ်မှူး ရစ်ခ်မာစတာ ချီကိုနှင့် မိုက်ဟော့ပ်ကင်တို့ နှစ်ဦးသည် ၎င်းအာကာသ စခန်းရှိ အအေးပေး စနစ်မှ ပျက်စီးသွားသော ပိုက်လိုင်း တစ်ခုကို ဖယ်ရှား၍ ၎င်းနေရာတွင် အခြားပိုက်လိုင်း တစ်ခုအား ပြန်လည် အစားထိုး တပ်ဆင်ရန် အတွက် ဒီဇင်ဘာ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့တွင် သုံးရက်ကြာ ပြုပြင်ရေး အတွက် အာကာသ စခန်းသို့ ထွက်ခွာမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြား ခဲ့သည်။
ထို့အပြင် အာကာသ အတွင်း သုံးရက်ကြာ လမ်းလျှောက်မှုကို နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် စတင်သွားမည် ဖြစ်ပြီး ပြုပြင်မှုကို ၆ နာရီခွဲကြာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် Cygnus အာကာသ ယာဉ်ကို အာကာသ စခန်းသို့ ဒီဇင်ဘာ ၁၉ ရက်တွင် လွှတ်တင်ရန် စီစဉ် ခဲ့သော်လည်း အဆိုပါ ပြုပြင်မှု များကြောင့် ဇန်နဝါရီ လအထိ ရွှေ့ဆိုင်း ခဲ့ရကြောင်း သိရသည်။
http://www.myawady.net.mm

မြန်မာအသင်းက ၆- ၀ ဂိုးနဲ့ အနိုင်ရရှိသွားပြီး ကြေးတံဆိပ် ရရှိ

ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲကို ဒီနေ့ ညနေ ၄ နာရီ မန္တလာသီရိကွင်းမှာ အိမ်ရှင် မြန်မာနဲ့ မလေးရှား အမျိုးသမီး ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက  ၆- ၀ ဂိုးနဲ့ အနိုင်ရရှိသွားပြီး ကြေးတံဆိပ် ရရှိသွားပါတယ်။

http://www.thithtoolwin.com

လူနာတင်ယာဉ် သုံးစီးနှင့် ရေတွင်းတူးစက် နှစ်စုံ ပေးအပ်လှူဒါန်း

လူနာတင်ယာဉ် သုံးစီးနှင့် ရေတွင်းတူးစက် နှစ်စုံ ပေးအပ်လှူဒါန်း
တောင်ကြီး  ဒီဇင်ဘာ  ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် အစိုးရ အဖွဲ့သို့ ဖြူစင်ကုမ္ပဏီမှ 2013 Model TOYOTA အမျိုးအစား လူနာတင် ယာဉ်သုံးစီးနှင့် အောင်ချမ်း သာကုမ္ပဏီမှ DLX-200 Hy-draulic Drilling Rig အမျိုးအစား ရေတွင်းတူးစက် နှစ်စုံ ပေးအပ် လှူဒါန်းပွဲ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဖြူစင် ကုမ္ပဏီနှင့် အောင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိသူတို့က လူနာတင်ယာဉ်နှင့် ရေတွင်း တူးစက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဖြူစင်ကုမ္ပဏီမှ တာဝန်ရှိသူတို့က ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီး၊ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီး၊ တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံ အတွက် လူနာတင်ယာဉ် တစ်စီးတို့ကို တာဝန်ရှိသူများက လက်ခံ ရယူသည်။
ဆက်လက်၍ အောင်ချမ်းသာ ကုမ္ပဏီမှ တာဝန်ရှိသူများက ရေတွင်းတူးစက် နှစ်စုံ ပေးအပ်လှူဒါန်းရာ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည် ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကုမ္ပဏီများမှ လှူဒါန်းသော လူနာတင် ယာဉ်နှင့် ရေတွင်းတူးစက်တို့ကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင် / မြို့နယ် အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
http://www.myawady.net.mm

17 December 2013

ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်

ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်
တောင်ကြီး  ဒီဇင်ဘာ  ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၏ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ ဘုရားကြီးရှေ့ ရင်ပြင်တော်၌
ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးကို နိုဝင်ဘာလပိုင်းက အုတ်မြစ်ချ ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ စတင် တည်ဆောက်လျက်ရှိရာ အဆိုပါ ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီးကို ရွှေလမင်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် စတီးလ်ပိုင်းကို PESB ကုမ္ပဏီတို့က ပူးပေါင်း၍ တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ဆက်လက်၍ ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်မည့် မြေနေရာကို စက်ယန္တရားကြီးဖြင့် မြေညှိပြီး အုတ်မြစ်ချ ကျောက်စီ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ ဗိမာန်တော်ကြီးကို အလျားပေ ၇ဝ၊ အနံပေ ၄ဝ ဖြင့် ခံ့ညား ထည်ဝါစွာ ပန်းထောင်၊ ပန်းဆွဲများဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

တောင်ကြီးမြို့တွင် အအေးနှုန်းပို၊ လေတိုက်နှုန်းမြင့်

ေေ​တောင်ကြီး ဒီ ၁၇

တောင်ကြီးမြို့တွင် ဒီဇင်ဘာ (၁၅)ရက်နေ့မှ စတင်၍ အအေးပိုကဲသဖြင့် ယနေ့တောင်ကြီးမြို့၏ အပူချိန်မှာ(၂)ဒီဂရီ စင်တီကရိတ် အထိ ရောက်ရှိခဲ့ပါသည်။ အလားတူ လွိုင်လင်မြို့တွင် အနှုတ် (၁)၊
 သီပေါမြို့တွင်အနှုတ် (၀.၀၁)အထိ အပူချိန်ကျဆင်းခဲ့ပြီး ရှမ်းပြည်နယ်အတွင်းအအေးဆုံးမြို့ များဖြစ်ပါသည်။
လေအေးတိုက်နှုန်းမြင့်မားပြီး၊ နေရောင်ခြည်ကျရောက်သော်လည်း နေပူထဲတွင် အသားစပ်အောင်ပူပြီး၊
အရိပ်ထဲတွင်အအေးနှုန်းကျဆင်းခြင်းမရှိခဲ့ပေ။ တောင်ကြီးမြို့ပေါ်တွင် Heater များ ရောင်းအားကောင်းခဲ့ပြီး
ဈေးပေါသော  Heater များ၊ ခြေအိတ်၊ လက်အိတ်၊ အနွေးဦးထုပ်၊ ရေနွေးအိတ်များသည်  ပစ္စည်းပြတ် သည်အထိ ရောင်းအားကောင်းခဲ့ကြောင်းသတင်းရရှိပါသည်။
refind;

လေးကြိမ်မြောက် ကျောင်းသားလူငယ် Youth Exchange တောင်ကြီးတွင် ပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၆၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (Students and Youth Congress of Burma-SYCB) မှ ဦဆောင်ပြီး နယ်စပ်တွင်ရှိသော တိုင်းရင်းသားလူငယ်များနှင့် မြို့တွင်းတွင် ရှိကျောင်းသားလူငယ်များက ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို မည်ကဲ့သို့ အတူတကွ လက်တွဲပြီး တည်ဆောက်ကြမည်ကို အမြင်သဘောထားများ နှီးနောဖလှယ် တိုင်ပင်ရန် ဒီဇင်ဘာ ၁၄ ရက်နေ့ တောင်ကြီးမြို့ Classis ခန်းမတွင် ၄ ကြိမ်မြောက် လူငယ်နှီးနှောဖလှယ်ပွဲ Youth Exchange တရပ် ကျင်းပခဲ့ကြောင်း သိရသည်။

“ဖွဲ့စည်းပုံကိစ္စကို ပြောသွားမှာပါ၊ ဒါပေမဲ့ ဘာဆက်လုပ်မယ်ဆိုတာ ပိုအရေးကြီးပါတယ်။ ရှေ့ဆက်အတူတကွ နားလည်ပြီး လုပ်ကြမည်ကိုလည်း အရေးကြီးတယ်။ ဒီဖွဲ့စည်းပုံက ဒီမိုကရေစီမကျဘူး။ ဖက်ဒရယ်ကို ဦးတည်တာ မဟုတ်ဘူးဆိုတာ အားလုံးကလက်ခံတယ်။ အဓိက နားလည်မှုလိုအပ်တယ်။ ဒါက ကိုယ့်ဒေသမှာ ဖြစ်တယ်လို့ထင်နေတယ်။ တကယ်တမ်း တစ်နိုင်ငံလုံး ဖြစ်နေတယ်။ အားလုံးဝိုင်းပြီး ဖြေရှင်းမှရမှာ။ ဒီမိုကရေစီလို့ ပြောရင် အားလုံးရဲ့ ပါဝင်မှု၊ နားလည်မှု၊ အသိမှတ်ပြု၊ ယုံကြည်မှုတည်ဆောင်ဖို့နှင့် အလုပ်ကို အတူလက်တွဲလုပ်ဖို့လည်း လိုအပ်တယ်။ အချိန်ကာလ တစ်ခုယူရမှာပါ။ မေ့ပျောက်လို့ မရတဲ့ခံစားချက်ကို ဖြေသိမ့်မှုက မတူညီတဲ့အတွေ့အကြုံ မတူညီတဲ့ခံစားချက် လူငယ်တွေကြားမှာ အပြန်အလှန် ဖလှယ်တဲ့အခါနှင့် လက်တွေ့ကျကျ ရှေ့အနာဂတ် ဘာတွေအတူလုပ်ကြမလဲကိုအရေးကြီပါတယ်” ဟု မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် အထွေထွေအတွင်းရေးမှူး ကိုနော်ဆန်းက ပြောသည်။

အဓိကရည်ရွယ်ချက်နှစ်ခုရှိတယ်။ ပထမတစ်ချက်က အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲအခင်းကျင်းမှာ လူငယ်ကဏ္ဍအနေနှင့် ဘယ်လောက်ထိ ဝင်ဆန့်နိုင်မလဲကို ဦးတည်ပြီးဝင်လာတယ်။ နောက်တစ်ခုက လူငယ်အချင်းချင်းကြားထဲမှာ မိတ်သင်္ဂဟဖြစ်ဖို့ အခက်ခဲ၊ ပြဿနာကို ဖလှယ်ပေးဖို့ဖြစ်တယ်။ နိုင်ငံရေးစား ပွဲဝိုင်းမှာ လူငယ်ရဲ့အသံ၊ ပါဝင်မှုအားနည်းတဲ့တွက်ကြောင့် ဒီ Exchange ကို လုပ်ခြင်းအားဖြင့် လူငယ်ရဲ့အသံကို စုစည်းပြီး နိုင်ငံရေးစားပွဲခုံဖြစ်ဖြစ် လူငယ်ရဲ့ပူပေါင်းပါဝင်မှုက အရေးကြီးပါတယ်ဆိုပြီးမီး မောင်းထိုးပြတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီအုပ်မြစ်လေးခုမှာ လူထုရဲ့ပူးပေါင်းပါဝင်မှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍပါတယ်။ လူငယ်ကတက်ကြွတယ် အမြင်လည်းလက်ခံနိုင်တဲ့ အဆင့်ရှိတယ်။ ဒါကြောင့် လူငယ်တွေကစပြီး လူကြီးတွေအထိ လူတန်းလွာအဆင့်ဆင့်ထိ ချဲ့သွားတဲ့ပုံစံမျိုးကို သွားရင်ပိုလွယ်တယ်။ ခြုံငုံပြီးတော့ ပြဿနာဖြစ်ဖြစ် အခက်ခဲဖြစ်ဖြစ် ပူပေါင်းပါဝင်မယ်ဆိုရင် ဒီမိုကရေစီရဲ့ လမ်းစလို့ကျွန်တော်မြင်ပါတယ်။” ဟု SYCB ၏ အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သော ပအိုဝ်းလူငယ်အစည်းအရုံး(PYO) မှ ခွန်ဦးက ပြောသည်။

ဤ သုံးရက် ပြုလုပ်ကျင်းပသည့် Youth Exchange ကို တိုင်းရင်းသားလူငယ်အဖွဲ့အစည်းပေါင်း ၂၀ ကျော်မှ တက်ရောက်သူ ဦးရေ ငါးဆယ်ဝန်းကျင်ရှိပြီး၊ ပထမနှစ်ရက်တွင် သီအိုရီပိုင်းများ ဆွေးနွေးတိုက်ပင် အမြင်များဖလှယ်ကြပြီး၊ သုံးရက်နေ့မြောက်ဖြစ်သည့် နောက်ဆုံးရက်တွင် တောင်ကြီးခရိုင် ပင်လုံမြို့တွင် တည်ရှိသည့် သမိုင်းဝင်ကျောက်တိုင်ဖြစ်သော မြန်မာနိုင်ငံလွတ်လပ်ရေးကျောက်တိုင်သို့ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

16 December 2013

မိမိမြေယာပေါ် စိုက်ထားသည့်တိုင်ဆွဲနှုတ်၍ ရွားသားများ သေနတ်ဖြင့်ချိန်ပြီးစစ်ဆေးခံရ

တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စုတို့အကြား နယ်မြေကျူးကျော်မှု ပြဿနာကို လွတ်တော်နှင့် သမ္မတထံသို့ ထပ်ခါထပ်ခါတိုင်ကြားထားသော်လည်း ကွင်းဆင်းဖြေရှင်းပေးခြင်းမရှိ၍ ဒီဇင်ဘာ ၉ ရက်နေ့တွင် နောင်လေကျေးရွာသားများက မြေလွတ်မြေရိုင်း အကွက်ချရောင်းစားနေသည့် ခြံစည်းရိုးအကွက်ကို သွားရောက်ဖျက်ဆီးရာ အပြန်လမ်းတွင် အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် PNA တပ်သား ၉ ဦးက ဝိုင်းရံစစ်ဆေးခံရပြီး ပစ္စည်းများ သိမ်းဆည်းခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတွင် နောင်လေကျေးရွာအုပ်စု ရပ်မိရပ်ဖရွာသား ၂၈ ဦးကို နှစ်ဖွဲ့ခွဲ၍ မြေပုံအမှန်အတိုင်း နယ်နိမိတ်အစပ်ကို သွားရောက်စစ်ဆေးပြီး၊ အကွက်ရိုက် ရောင်းချပြီးသောနေရာတွင် နောက်ထပ်မရောင်းနိုင်အောင် စိုက်ထားသောခြံစည်းရိုးတိုင်ကို ဆွဲနှုတ်၍၊ ညနေ ၄ နာရီခွဲ အချိန်ခန့် အပြန်ခရီး၌ ဂနိုင်ကြားအရောက်တွင် ကားလေးစီးရောက်လာပြီး ဦးခွန်ဆရာကိုးအပါအဝင် လက်နက်အပြည့်ကိုင်ထားသော စစ်သား ၉ ယောက်က ရွာသားများကို ဒူးထောက်ခိုင်းကာ ဓါးပြလို ရှာဖွေစစ်ဆေးခဲ့ပြီး၊ ပါလာသော လောက်လေးဂွ၊ ဓါးမစသည်များနှင့် အမျိုးသားလွတ်တော်မှ အကြောင်းကြား စာရွက်စာတမ်းများ၊ ဆိုင်ကယ်လိုင်စင်တစ်ခုနှင့် မြေပုံသုံးပုံပါ အသိမ်းခံရကြောင်း အစစ်ဆေးခံရသူ ရွာသားများက ပြောသည်။

ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ခွန်တဝင်း ဆိုသောရွာသားတစ်ဦးက PNA ပြည်သူ့စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ၎င်းအား PNO နာမည်ကို အလွဲသုံးစားပြုလုပ်သည်ဟု စွပ်စွဲကာ အရိုက်ခံရမလိုလိုဖြစ်သေးကြောင်း သိရသည်။

“ကျွန်တော်တို့ရွာထဲမှာ PNO ပါတီရုံးရှိပါတယ်။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင် ရုံးကိုခေါ်ပြီးတော့ အေးအေးဆေးဆေးပြောလို့ရပါတယ်။ ကျွန်တော်လည်း PNO ပါတီအဖွဲ့ဝင် တစ်ယောက်ပါ။ အခုဟာက အာဏာသုံးပြီး မတရားမှုကို အနိုင်ကျင့်ခံနေရတဲ့အတွက် မကျေနပ်နိုင်ပါဘူး။ ကျွန်တော်တို့က ဆရာတကာ သဘောတူပြီး သွားစစ်ဆေးတာပါ။ ဒါကို ဆရာတော်ကိုတောင် ဖမ်းဖို့ခြိမ်းခြောက်လိုက်သေးတယ်။ သူတို့ဘက်က ပန်းတင်ကျေးရွာအုပ်စု ဂနိုင်ရွေးရွာသား ၆ ဦးလည်း ပါလာသေးတယ်။ ဒါကို ကြည့်ပြီး ငွေများတရားနိုင်ဖြစ်နေပြီ။ ကျွန်တော်တို့မှာ ဘာရန်ငြိုးမှ မရှိဘူး။ သေနတ်နဲ့ လာပြီးချိန်စရာမလိုဘူး။” ဟု PNO ပါတီဝင်တစ်ဦး ခွန်အေးက ပြောသည်။

ဒီကိစ္စကို အထက်က တာဝန်ရှိသူများ အမှန်တရားပေါ်ပေါက်နိုင်ရန် ဖြေရှင်းပေးရန် လိုအပ်ကြောင်း၊ တကယ်လို့ မဖြေရှင်းနိုင်လျှင် ဆန္ဒပြမည့်အဆင့်ထိ ရောက်ရှိနိုင်ကြောင်း၊ တရားရုံးကိုလည်း ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပါဝင်ပတ်သက်သည့်ရွာသားများက ဆိုသည်။





15 December 2013

တောင်ကြီးမြို့မှာ မိုင်း ၃ လုံး ရှာဖွေတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။

" မြို့နယ်စခန်းမှူးအဖွဲ့ သွားကြည့်တဲ့အခါမှာ တွေ့တယ်ပေါ့၊ တွေ့တာနဲ့ပဲ သူသတင်းပို့တယ်၊ နောက်စစ်မြေပြင် အင်ဂျီနီယာတပ်ကို အကြောင်းကြားတဲ့အတွက်ကြောင့်မို့ လာရောက်ပြီးတော့ သယ်ယူပြီးတော့မှ ရေဆိုးမြောင်းရဲ့အနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုရှာတဲ့အခါမှာ အလားတူပုံစံမျိုး နောက်ထပ် နှစ်လုံး စုစုပေါင်း သုံးလုံးတွေ့ရှိတယ်၊ အဲ့ဒါကို စိန်ပန်းရပ်ကွက်ထဲမှာရှိတဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲမှာ အဲ့ထဲမှာထည့်ထားတယ်၊ ခုမနက်မှာတော့ အဲ့ဗုံး ၃ လုံးကို ၈ နာရီ ၅၀ မှာ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျီနီယာတပ်ကနေပြီတော့ ဖောက်ခွဲရှင်းလင်းလိုက်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ မွတ်စလမ်ဘာသာဝင် တစ်ဦးနေအိမ်မှာ ငါးဖမ်းရာမှာအသုံးပြုတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

Published with Blogger-droid v2.0.10

13 December 2013

မီးရှူးတိုင် ထွန်းညှိသည့် မြားတွင် မီးမပါဟုဆို

၂၀၁၃ နေပြည်တော်၊ ဒီဇင်ဘာ ၁၂

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပခဲ့ရာ ပွဲကြည့်စင်ပေါ်ရှိ ကြာပွင့်ပုံ မီးရှူးတိုင်ကို ပစ်ခတ်၍ မီးထွန်းညှိရာတွင် မြား၌ မီးစွဲခဲ့သော်လည်း စောစီးစွာ မီးငြိမ်းခဲ့ခြင်း ဖြစ်ကြောင်း မြားပစ်ခဲ့သည့် အားကစားသမား ဝေလင်းဖြိုးက ပြောကြားသည်။

မီးရှူးတိုင်ကို မြားဖြင့် ပစ်ခတ်၍ ထွန်းညှိရာတွင် မြားတံ မရောက်မီ မီးရှူးတိုင်က မီးတောက်ခဲ့ခြင်းတို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ၎င်းက ယင်းသို့ ရှင်းပြခြင်း ဖြစ်သည်။ “မီးကိုတော့ ကျွန်တော် မြားတံဆီ ကူးလိုက်ပါတယ်။ ဒါပေမဲ့ အချိန်စောပြီး ငြိမ်းသွားတာပါ” ဟု ၎င်းကဆိုသည်။

ကြာပန်းမီးခွက်မှာ အလိုအလျောက် စနစ်ဖြင့် မီးလင်းလာခဲ့ခြင်း ဖြစ်ရာ ၎င်းအနေနှင့် ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ် နိုင်ခဲ့ကြောင်း၊ မြားပစ် ခတ်လိုက်သော အချိန်တွင် ပရိသတ်များ အပေါ်သို့ မီးပွားများ ကျမည်ကို စိုးသဖြင့် မီးငြိမ်းသွားရန် ယခုကဲ့သို့ အစီအစဉ် ဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မီးရှူးတိုင်ကို ရန်ကုန်မှ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ တွင် စတင် သယ်ဆောင်လာပြီး ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းသို့ ညနေ ၆ နာရီခန့်တွင် မြန်မာ့လက်ရွေးစင် အားကစားသမား ဟောင်းများက လက်ဆင့်ကမ်း သယ်ဆောင်လာခြင်း ဖြစ်သည်။

ယင်းနောက်တွင် မြားပစ် လက်ရွေးစင်ဟောင်း ဝေလင်းဖြိုးက ပန်းရထားဖြင့် တက်ကာ ယင်းမီးရှူးတိုင်မှ မီးကိုမြားတွင် ကူး၍ ကြာပွင့်ဆီသို့ ပစ်ခတ် ထွန်းညှိရမည် ဖြစ်သော်လည်း ကြာပွင့်မှာ ၎င်းပစ်လိုက်သည့် မြားမရောက်ခင်ကပင် မီးတောက်နေကြောင်း ဖွင့်ပွဲ ကြည့်ရှုသူများက ဝေဖန် ပြောကြားကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အားကစားဝန်ကြီးဌာနသို့ ဆက်သွယ် မေးမြန်းသော်လည်း အချိန်မီ ပြန်လည် ဖြေကြားခြင်း မရှိပေ။

The Voice Weekly

Published with Blogger-droid v2.0.10

ဂျပန်ကတရုတ်ကိုတုံ့ပြန် ရန် စစ်အင် အားတိုးချဲ့မည်

၂၀၁၃ တိုကျို  ဒီဇင်ဘာ  ၁၂
ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား ကြီးထွားလာနေမှုကို တုံ့ပြန်ရေး
၎င်း၏ ကာကွယ်ရေး အစီအစဉ်သစ် တစ်ရပ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် မောင်းသူမဲ့ ကင်းထောက် လေယာဉ်များကို တပ်ဖြန့်ချ ထားမည် ဖြစ်ကြောင်းနှင့် ကမ်းတက် စစ်ဆင်ရေး တပ်ဖွဲ့သစ် တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် လုံခြုံရေး မဟာဗျူဟာသစ် မူကြမ်းများတွင် အဆိုပါ ကာကွယ် ရေးအစီအစဉ်များကို ထည့်သွင်း အဆိုပြုထားကြောင်းနှင့် ဂျပန်အစိုးရ အဖွဲ့က ၎င်းကာကွယ်ရေး အစီအစဉ် သစ်များကို လာမည့် ရက်သတ္တပတ် အတွင်း အတည်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေး အစီအစဉ်သစ်များသည် ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သမိုင်း တွင်လိမ့်မည် ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးက ထုတ်ဖော် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်ရှိ လုံခြုံရေး နယ်ပယ်သည် တင်းမာမှုများ  ပို၍ ပြင်းထန် လာနေသောကြောင့် ဂျပန် အစိုးရအဖွဲ့ အနေဖြင့် မည်သည့် အနေအထား မျိုးတွင်မဆို ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒများ ရေးဆွဲ၍ နိုင်ငံအတွင်းရှိ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် သန္နိဋ္ဌာန်ထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေး အစီအစဉ်သစ်များသည် အထူးသဖြင့် အရှေ့ တရုတ်ပင်လယ် အတွင်း ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုနေသော ကျွန်းများပါဝင်သည့် တရုတ်နိုင်ငံ၏ လေကြောင်း ကာကွယ် ရေးဇုန်သစ် အပေါ် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
www.myawady.com

Published with Blogger-droid v2.0.10

12 December 2013

တောင်ကြီးမြို့၊ အထက (၁)ကျောင်းသားချင်းဓါးထိုးမှုဖြစ်

တောင်ကြီးမြို့၊ အထက (၁)ကျောင်းမှ ဒဿမတန်းကျောင်းသားဓါးထိုးခံရ ကြောင်း
ဖြစ်စဉ် မှာ အမှတ် ၁အ ခြေခံပညာအထက်တန်းကျောင်း
တွင် ပညာသင်ကြားနေ သော နဝမတန်းကျောင်းသား
နှင့် ဒဿမတန်းကျောင်းသားတို့ ကျောင်းထမင်းစားချိန်
တွင် မုန့်စားတန်း၌ ထမင်းပန်းကန်လုရင်း စကားအ ခြေ
အတင် များကြရာမှ နေ့လည်အချိန် တွင် နဝမတန်း
ကျောင်းသားမှ ၎င်းနှင့် အချင်းများသူ ဒဿမတန်း ကျောင်းသား ခွန်ဂျိုးဇက်အား ချိန်းဆိုပြီး အတင်းခေါ်ဆောင်
သွားကြောင်း ယင်းနောက် တောင်ပေါ်အတက်လမ်း တောင်ခြေ တွင် နဝမတန်းကျောင်းသားအဖွဲ့မှ ဓါးဖြင့်
ဝိုင်းထိုးရာတွင် ခွန်ဂျိုးဇက်၏ မျက်နှာများတွင် ထိုးသွင်း
ဒဏ် ရာ၊ ခန္ဓာကိုယ်များတွင် ပြတ် ရှ ဒဏ် ရာများဖြင့်
လဲကျနေရာတွင် ကျောင်းမှဆရာမများ သတင်း ရ၍လိုက်လံ
ရှာဖွေရာမှ တွေ့ရှိပြီး စဝ်စံထွန်းဆေးရုံ အ ရေးပေါ်ပို့
ဆောင် ခဲ့ကြောင်း သတင်းရှိပါသည်။
HAK

Published with Blogger-droid v2.0.10

11 December 2013

ချမ်းသာရပ်ကွက်တွင် ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

၂၀၁၃ ဒီဇင်ဘာလ၁၁
 တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ သဇင်လမ်း(မ-၁၃)ဘီဝမ်းအိမ်ယာ တိုက်ခန်းနေ မဆုမြတ်ရတနာ (၁၄)နှစ်၊  န၀မတန်း၊ အထက-၂ကျောင်းသူ ဖြစ်ပြီး ၎င်းသည် နေအိမ်မီးဖိုထုပ်တန်းတွင် ထမီ (၂)ကွင်းဖြင့်ကြိုးကွင်းပြုလုပ်ကာ ကြိုးဆွဲချ သေဆုံးနေကြောင်း တွေ့ရှိရပြီး ယင်းရက်မတိုင်မီအချိန်တွင်
အဘွားဖြစ်သူမှ ဆုံးမသည့်အနေဖြင့် သာမာန်ရိုက်ကာ ဆုံးမခဲ့ဖူးသည်သာရှိကြောင်း မည်သည့်အတွက်
ယခုကဲ့သို့ လုပ်ဆောင်သွားသည်ကိုမသိရသေးကြောင်း သတင်းရရှိပါသည်။
HAK

မိတ်ဆွေများအား တောင်းပန်ပါတယ်။

သတင်းအားပေးကြသော မိတ်ဆွေများအား တောင်းပန်အပ်ပါသည်။
Internet လိုင်းမကောင်းခြင်း၊ Blog ဖွင့်မရခြင်းများကြောင့် သတင်းများ မတင်ဖြစ်သည်မှာ (၁)လကျော်
ကြာမြင့်ခဲ့ပါသဖြင့် တောင်းပန်အပ်ပါသည်။
HAK

တောင်ကြီးမြို့တွင် လင်မယားနှစ်ဦးစလုံး ကိုယ့်ကိုကိုယ်သတ်သေမှုဖြစ်ပွားခဲ့

၂၀၁၃ ဒီဇင်ဘာလ ၅
 တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ ရွှေဝါလမ်း (ရ/၈၆၆) တွင်အမျိုးသမီးတစ်ဦးပိုးသတ်ဆေး
 သောက်သုံး သေဆုံးကြောင်းဖြစ်စဉ်မှာ  ၎င်းနေအိမ်နေ မဇာခြည်ဝင်း (၂၁)နှစ် သည် ရှေ့   ရက်နေ့တွင် လင်မယားချင်း သ၀န်တိုစကားများရာမှ ခင်ပွန်းဖြစ်သူ အောင်မျိုးမင်းမှ ကြိုးဆွဲချကာသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စိတ်ထိခိုက်ကာ ၄င်းအမျိုးသမီးငယ်မှ ပိုးသတ်ဆေး သောက်သုံးခဲ့ကြောင်း၊
၎င်းတို့တွင်  (၇)လသားကလေးငယ်တစ်ဦးကျန်ရစ်ခဲ့ကြောင်း၊ ယင်းကလေးငယ်အား နှစ်ဘက်ဘိုး/ဘွား
များမှ ပြုစုစောင့်ရှောက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။ 
HAK