ပအမဖ ပါတီဝင်ဟောင်း ခေါင်းဆောင်ကြီးများ၏အမြင်သဘောထား၊ အတွေ့အကြုံနှင့် ပအမဖ ပါတီ အဖွဲ့ဝင်အသစ်များ၏ အမြင်သဘောထားအတွေ့အကြုံများ ဖလှယ်နိုင်ရန် မတ်လ ၂ ရက်နေ့ တောင်ကြီးမြို့ ရေထွက်ဦးလမ်း Classis ခန်းမှတွင် ကျင်းပခဲ့ကြောင်း သိရသည်။
“အသစ်တစ်ဖန် ပါတီမှတ်ပုံတင် လျောက်ထားချိန်မှာ ပါတီဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းခဲ့တာ ယာယီသာဖြစ်တယ်။ အဲဒီအတွက် အဖွဲ့ဝင်နဲ့ ပအမဖပါတီစိတ်ဝင်စားသူတွေကို ပြန်လည်အသိပေးခြင်း ဖြစ်တယ်၊ ရုံးဖွင့်ပွဲနဲ့ ပါတီရှေ့ဆက်လုပ်ငန်းစဉ်တွေ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်၊ ပအမဖ ပါတီဝင်ဟောင်း ခေါင်းဆောင်များ ပါဝင်ခြင်း မပါဝင်ခြင်းကို ဆုံးဖြတ်ချက် မချရသေးဘူး။ ပါတီဖွဲ့ရခြင်းဟာလည်း ၂၀၁၅ အတွက်သာရည်ရွယ်ပြီး ဖွဲ့စည်းခြင်းမဟုတ်ဘဲ ပအိုဝ်းအမျိုးသားအတွက် တစ်သက်လုံးရှေ့ဆက်သွားရန် ရည်ရွယ်ပါတယ်” ဟု ပါတီယာယီအတွင်းရေးမှူး ခွန်ခေတ်စံက ပြောသည်။
ပအမဖ ပါတီ ပြန်လည်တည်ထောင်ခွင့် လျှောက်ထားရခြင်း၏ ရည်ရွယ်ချက်မှာ (၁) ပအိုဝ်းတိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ (၂) ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုးသားရေးလက္ခဏာများ ကာကွယ်စောင့်ရှောက်ရေး၊ (၃) ပအိုဝ်းတိုင်းရင်းသား ပြည်သူများ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပြည့်အဝရရှိ ခံစားနိုင်ရေးအတွက် ပိုမိုအာမခံချက်ပေးရေးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြန်လည်မှတ်ပုံတင်ပြီး ပါတီအမှတ် ၇၃ ရရှိထားကြောင်း သိရသည်။

ပါတီယာယီအလုပ်အမှုဆောင်ကို ဖျက်သိမ်းရန်နှင့် အသစ်ပြန်လည်ဖွဲ့စည်းရန်ကိစ္စကို ညီလာခံတစ်ခု ကျင်းပရမည် ဖြစ်ကြောင်း၊ ပါတီအဟောင်း ခေါင်းဆောင်များဖြစ်သော ဦးခွန်မောင်တုတ်၊ ဦးအောင်ခင်တို့တက် ရောက်ခဲ့ကြောင်း၊ PNO ပါတီနှင့် ညှိနှိုင်းသွားရန် လိုအပ်ကြောင်းကို ဦးခွန်မောင်တုတ်က အကြံပြုတင်ပြသွား ကြောင်း သိရသည်။ အမြင်သဘောထားနှင့် အတွေ့ကြုံဖလှယ်ပွဲကို မတ်လ ၂ ရက်နှင့် ၃ ရက် နှစ်ရက်ပြုလုပ် သွားကြောင်း သိရသည်။
refind; Taunggyi Time
No comments:
Post a Comment