23 March 2014

မြစ်မခ သတင်းဝက်ဆိုက် အား BHG တိုက်ခိုက်



မြစ်မခ မီဒီယာ သတင်း ၀က်ဆိုက်ဖြစ်သော www.myitmakhamediagroup.com ကို ယမနေ့  ည၈နာရီ ကျော်တွင် BHG ခေါ် Blink Hacker Group မှ တိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။

မြစ်မခ မီဒီယာ သည် အမေရိကန် အစိုးရ လက်အောက်ခံ VOA သို့ သတင်းများ ရောင်းစားလေ့ရှိပြီး မြစ်မခ အယ်ဒီတာ ဒေါ်မေသင်္ကြန်ဟိန် ၏ ဖခင် ဦးထွန်းထွန်းဟိန် မှာ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ မြစ်မခ သတင်းအေဂျင်စီ သို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် တို့ ဇနီးမောင်နှံမှာ တစ်နှစ်စာ လစာငွေများ ထောက်ပံ့လှူတန်း ထားကြောင်း လည်း သိရသည်။

 BHG မှ မီဒီယာ ကျင့်ဝတ် နှင့် မညီပဲ ငွေကြေးအကျိုးစီးပွားကို မျှော်ကိုးကာ မြန်မာ့အမျိုးသားရေးကို ဥပက္ခာပြုပြီး ရိုဟင်ဂျာအရေး ရှေ့တန်းတင်မှုဖြင့် ဧရာဝတီ၊ 7day၊ Eleven Media တို့အား ပညာပေး တိုက်ခိုက်ခဲ့ဖူးသော်လည်း ယခု မြစ်မခ ဝက်ဆိုက်အား  အဘယ့်ကြောင့် တိုက်ခိုက်ကြောင်းကို အကြောင်းပြချက်ရေးသားထားခြင်း မရှိချေ။

တိုက်ခိုက်ခံရပြီးချိန်တွင် မြစ်မခ တာဝန်ရှိသူများမှမြစ်မခ မီဒီယာအနေဖြင့်သတင်းများကို အချိန်နှင့်တပြေးညီတင်ပေးနိုင်ရေးအတွက် ကြိုးပမ်းနေသော်လည်း အင်တာနက်လိုင်း ကျခြင်းနှင့် နည်းပညာ အခက်အခဲများကြောင့် သတင်းတင်ခြင်း ပျက်ကွက်ခဲ့ပါက ကြိုတင်မေတ္တာရပ်ခံတောင်းပန် အပ်ကြောင်း facebook တွင် ကြေညာခဲ့သည်။
refind; http://www.myanmarexpress.net

No comments:

Post a Comment