26 March 2014

အဘိဇယဝံသ မဟာမုနိ ရုပ်ပွားတော်မြတ်အား ထိုင်းနိုင်ငံသို့ လွှဲပြောင်း လှူဒါန်း


  မတ်   ၂၂
 ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် အေးစေတီ စာသင်တိုက်မှ 
ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တလက္ခဏာသာမိ ဘိဝံသနှင့် တောင်ကြီးမြို့ ချမ်းမြသာစည် ရပ်ကွက် ဓမ္မိကာရာမ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ ဘိဝံသတို့ အမှူးပြုသော သံဃာတော် ၁ဝ ပါးမှ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် သွန်းလောင်း ပူဇော်သော အဘိဇယဝံသ မဟာမုနိ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ဆောင်တော်မူခဲ့ရာ ယမန်နေ့က တာချီလိတ်သို့ ရောက်ရှိပြီး မြို့တွင်း လှည့်လည် အပူဇော်ခံ၍ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားမှ ညနေ ၄ နာရီတွင် ပင့်ဆောင်တော်မူပြီး အဆိုပါ ရုပ်ပွားတော်အား ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် လန်ပွန်း မြို့၌ ကိန်းဝပ် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အဘိဇယဝံသ မဟာမုနိ ရုပ်ပွားတော်မြတ်သည် ဥာဏ်တော် အမြင့် ၁၂ ပေ ၆ လက်မ၊ ကြေး အလေးချိန် ပိဿာ ၁၇ဝဝ ရှိပြီး မန္တလေးမြို့ မြန်မာမှု ကြေးသွန်း လုပ်ငန်း ဦးဝင်းမောင်-ဒေါ်ညွန့်မေ မိသားစုက ရက်ပေါင်း ၆ဝ ကျော် သွန်းလောင်း ခဲ့ရကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment