![]() |
copy right Shan State.gov.mm |
ဆက်လက်၍ တောင်ကြီးမြို့ ''ရွှေဥဝိသာခါဝတ်ရွတ်အဖွဲ့'' က ရှစ်လုံးဘွဲ့ကဗျာများဖြင့် ပူဇော်ပြီး ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က နိုင်ငံတော်မှချီးမြင့်သော ''မဟာဂန္တဝါစကပဏ္ဍိတ'' ဘွဲ့တံဆိပ်တော်ကို မင်းကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တနာယကအား ထက်ဆင့်ကပ်လှူပူဇော်ပြီး တောင်ကြီးမြို့၊ စွန်းလွန်းဂူကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မာဘိဝံသ နိုင်ငံတော်သြဝါဒစရိယထံမှ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌနတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
refind ; http://www.shanstate.gov.mm
No comments:
Post a Comment