တောင်ကြီး မတ် ၂၃
ရှမ်းပြည်နယ် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် ချယ်ရီကွင်း ဟိုတယ်၌
ယမန်နေ့ နံနက် ၉ နာရီခွဲက ဒီမိုကရေစီနှင့်
ပတ်သက်သော ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ
International Republican Institute (IRI) မှ MR. DARIN ANTHONY BIELECKI
ဦးဆောင်သော အဖွဲ့၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ
တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် International Republican Institute (IRI)
မှ MR. DARIN ANTHONY BIELECKI ဦးဆောင်သော အဖွဲ့က ဒီမိုကရေစီ နိုင်ငံများ၏
ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ နိုင်ငံရေး ဖြစ်စဉ်များ
အဆင်ပြေ ချောမွေ့ စေရေး ၊ ဒီမိုကရေစီနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲရေး ၊
ပါတီ စည်းရုံးရေးနှင့် ဆိုင်သော အကြောင်း အရာများ ၊ ပါတီ အတွင်းအပြင်
ဆက်သွယ်ရေး နည်းဗျူဟာများ ၊ ပြည်သူလူထုအား စည်းရုံးခြင်း အသိပညာ ပေးနှင့်
ပါတီဝင် အသစ်များ စုဆောင်းခြင်း စသည့် အကြောင်းအရာ တို့ကို ဆွေးနွေးကြရာ
တက်ရောက် လာကြသူများက သိလိုသည်များ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သတင်း
ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment