
ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော်၊ နဝမ ပုံမှန်အစည်းအဝေး(တတိယနေ့)ကို မတ်လ (၂၆)ရက်၊ နံနက် (၁ဝ)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးစိုင်းခမ်းမှတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ (၁၂၁)ဦး တက်ရောက်ကြသည်။
ပထမဦးစွာ အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကမေးမြန်းသော မေးခွန်း (၁၅)ခုအား သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြား ကြပါသည်။
ထို့နောက် အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၄-၂ဝ၁၅ခုဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ဒေသန္တရစီမံကိန်း ဥပေဒ(မူကြမ်း)နှင့် စပ်လျဉ်းပြီး ဆွေးနွေး၍ တင်ပြထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မရှိ၊ လွှတ်တော်၏ အတည်ပြုချက်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် ယင်းဥပေဒေ(မူကြမ်း)အား လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ် ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ(မူကြမ်း)အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက လွှတ်တော်သို့ တင်သွင်းပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သစ်တောကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်ကို ညနေ (၁၄:၂၅)နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
refind;http://www.shanstate.gov.mm
No comments:
Post a Comment