ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရား ဒဿမအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆီမီး(၁၀၀၀)၊ ပန်း(၁၀၀၀) နေ့စဉ်ပူဇော်ခြင်းနှင့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၁၃)ရက်၊ နံနက် (၉)နာရီခွဲက ရွှေဘုန်းပွင့်ဘုရားစေတီဓမ္မာရုံတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး စွန်းလွန်ကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်အပ်သော ပရိတ်တရားတော်ကို နာကြားခဲ့ကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧည့်သည်တော်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြပြီးနောက် ရေစက်သွန်းချ အမျှပေးဝေကာ ရွှေဘုန်းပွင့်ဘုရားစေတီတော် ရင်ပြင်ပေါ်တွင် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm
No comments:
Post a Comment