
ရှမ်းပြည်နယ်၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို မတ်လ (၂၄)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဖွင့်ပွဲ မိန့်ခွန်းအား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးမှ ဖတ်ကြားပေးပြီးနောက် WHO မှ National Technical Officer ဒေါက်တာသန်းသန်းမြင့်မှ တီဘီရောဂါအကြောင်း သိကောင်းစရာနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဖတ်ကြားပေးပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကိုအောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့သည် ခန်းမအတွင်း ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
http://www.shanstate.gov.mm
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO/ INGO အဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သူနာပြုဆရာမများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရှိရသည်။
http://www.shanstate.gov.mm
No comments:
Post a Comment