တောင်ကြီး မတ် ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)
တောင်ကြီးမြို့ ကန်အောက် ရပ်ကွက်ရှိ မင်းကျောင်း ပရိယတ္တိ စာသင် တိုက်၌
ပဉ္စမ အကြိမ်မြောက် လူငယ် ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈
နာရီက ကျင်းပသည်။
၎င်းသင်တန်းတွင် တောင်ကြီးမြို့နယ် သံဃ နာယက
အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော် အရှင် သူမြတ် များက သင်တန်း
တက်ရောက်မည့် လူငယ် မောင်မယ် များအား ရှင်သာမဏေ၊သီလရှင်များ အဖြစ်
ခံယူစေပြီး သင်တန်း ပို့ချသည်။ အဆိုပါ လူငယ် ယဉ်ကျေး လိမ္မာ သင်တန်းသို့
သင်တန်းသား ရှင်သာမဏေ အပါး ၁၁ဝ၊သင်တန်းသူ သီလရှင်အပါး ၁၂ဝ တက်ရောက်ပြီး
သင်တန်းတွင် ဘုရားရှိခိုးနည်း အမျိုးမျိုး၊ ဥပုသ် သီလ ဆောက်တည်ပုံများ၊
ဗုဒ္ဓဝင်များ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ လောကနီတိ၊ အဘိဓမ္မာ၊ တရား ထိုင်နည်း စသည်
တို့ကို မတ် ၁၇ ရက်အထိ ဖွင့်လှစ် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း
သတင်း ရရှိသည်။
refind;http://www.myawady.net.mm
No comments:
Post a Comment