5 March 2014

တောင်​ကြီးတွင်​ တိုင်းရင်းသားမီဒီယာညီလာခံကျင်းပ

၂၀၁၄ မတ်​ ၁၅ 
 ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာကွန်ယက် တည်ဆောက်ရေး ဖွင့်ပွဲအခမ်းအနားကို မတ်လ (၄)ရက်၊ နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားသတင်း မီဒီယာအဖွဲ့များ၊ လူထုအကျိုးပြု အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာသမားများနှင့် ရုပ်သံလိုင်းများ၊ တိုင်းရင်းမီဒီယာညီလာခံ မြန်မာတိုင်းရင်းမီဒီယာ ကွန်ယက် တည်ဆောက်ရေး၊ ဖြစ်မြောက်ရေး အဖွဲ့ဝင်များ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။ တက်ရောက်လာကြသော သတင်းမီဒီယာများသည် ဆက်လက်၍ အင်းလေးကန် သဘာဝပတ်ဝန်းကျင် လေ့လာခြင်းနှင့် ဟိုတယ်ဇုံ စီမံကိန်းသို့ အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
 
   အဆိုပါ တိုင်းရင်းမီဒီယာ ညီလာခံကို မတ် (၄)ရက် မှ (၆) ရက်နေ့ အထိ (၃)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ရုပ်သံနှင့် သတင်းမီဒီယာများ၊ သတင်းထောက်များ စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
www.shanstate.gov.mm

No comments:

Post a Comment