21 March 2014

တောင်ကြီးမြို့၌ နွေရာသီ အခြေခံအားကစား သင်တန်း ဖွင့်လှစ်

 တောင်ကြီးမြို့၌ နွေရာသီ အခြေခံအားကစား သင်တန်း  ဖွင့်လှစ်
တောင်ကြီး  မတ်   ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ကျောက်တိုင် အားကစားကွင်း၌ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ကြီးကြပ်မှု အောက်
ရှိ တောင်ကြီးမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ၂ဝ၁၄ ခုနှစ် နွေရာသီ အခြေခံ အားကစား သင်တန်းကို မတ် ၆ ရက်မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။ အဆိုပါ နွေရာသီ အခြေခံ အားကစား သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃ဝဝ ဦး တက်ရောက်သင်ကြားပြီး သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ တင်းနစ်နှင့် အေရိုးဗစ် စသည့် အားကစားနည်း ၁၂ မျိုးကိုသင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကိုဧပြီ ၁ဝ ရက် အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ 
http://www.myawady.net.mm 

No comments:

Post a Comment