26 March 2014

မော်တော်ယာဉ်များ အရစ်ကျ စနစ်ဖြင့် လှည့်လည် ရောင်းချလျက်ရှိ


တောင်ကြီး   မတ်   ၂၂
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် AUNG KANBO TRADING ကုမ္ပဏီမှ နှစ်သစ်ကူး ပွဲတော်ကာလ အကြို မိသားစုတိုင်း ကားပိုင်ဆိုင်နိုင်မည့် အခွင့်အရေး တစ်ခု အနေဖြင့် မတ် ၂၁ ရက်မှ ၂၂ ရက်အထိ မော်တော်ယာဉ်များ အရစ်ကျစနစ်ဖြင့် လာရောက် ရောင်းချလျက် ရှိကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ် ရောင်းချမှုကို တောင်ကြီးမြို့ သစ်တောရပ်ကွက် အရှေ့မြို့ပတ်လမ်းတွင် ရောင်းချလျက်ရှိပြီး အများပြည်သူများ သိရှိနိုင်ရန် အတွက် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရောင်းချမည့် မော်တော်ယာဉ်များကို  လှည့်လည် ပြသလျက် ရှိကြောင်း သိရသည်။ မော်တော်ယာဉ်များ ဝယ်ယူရောင်းချ ရာတွင်လည်း  မော်တော်ယာဉ် တန်ဖိုးများ၏ ၃ဝ ရာခိုင်နှုန်းကို ပေးချေပြီး ကျန်ရှိငွေများကို အတိုးမယူဘဲ ၁၂ လအတွင်း အရစ်ကျ စနစ်ဖြင့် ရောင်း ချပေးလျက်ရှိရာ မော်တော်ယာဉ် အမျိုးအစားလိုက်၍ ငွေကျပ် သိန်း ၈ဝ မှ ငွေကျပ် ၁၂၅ သိန်းအထိ လာရောက်ပြသ ရောင်းချလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment