13 March 2014

ရေအေးကွင်းရပ်ကွက်၊မဟာဗန္ဓုလလမ်းအတွင်း မီးလောင်မှုဖြစ်ပွား


13 march 2014
(၁၁၁၅)နာရီအချိန်၊  တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ မဟာဗန္ဓုလလမ်း (၂၆/၈) နေ စိုင်းနောင့်နောင့် (၄၈)နှစ် စိုင်းရွက်အိမ်ဆောက်ပစ္စည်း ၏သွပ်မိုး၊အုတ်ကာ အာစီ  (၂)ထပ် နေအိမ် အပေါ်ထပ်တွင် ဘုရားမီးပူဇော်ရာမှ ကျွန်းဘုရားစင်မီးလောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားရာ စတင်လောင်ကျွမ်းစဉ် အိမ်သူ/ အိမ်သားများကြိတ်ငြိမ်းသတ်နေပြီးနောက် မီးခိုးများထွက်လာမှ အနီးဝန်းကျင်ရှိလူများမှ ကူညီငြိမ်းသတ်ခဲ့ကာ
အယ်ပွရေအလှူကားမှဦးစွာရောက်ရှိလာခဲ့ပြီး ရေကားဖင်ထိုး၍ လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်တို့မှ ရောက်ရှိလာပြီး လျှပ်စစ်မီး အချိန်မှီခေတ္တဖျက်တောက်ပေးနိုင်ခဲ့ပြီး နိုင်နင်းခဲ့ကြောင်း၊မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)စီး ထပ်မံ
ရောက်ရှိလာခဲ့ပြီး ဝိုင်းဝန်းငြိမ်းသတ်ရာ(၁၁၂၅)နာရီ အချိန်တွင် မီးငြိမ်းခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
HAK

No comments:

Post a Comment