8 March 2014

 ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

2014
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၁၄ ခုနှစ်၊ ဒဿမအကြိမ်မြောက် ရွှေဘုန်းပွင့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆီးမီး (၁၀၀၀)၊ ပန်း (၁၀၀၀) ဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၇)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
 
   အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီ ဥက္ကဌ / အတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြကြသည်။ 

   ၎င်းနောက် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးမှ ဆွေးနွေးတင်ပြချက်များအပေါ် ထမ်မံဖြည့်စွက်၍ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် 4 ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ အခမ်းအနားသို့ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
refind;www.shan state.gov.mm

No comments:

Post a Comment