16 March 2014

အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၏ ပန္နက်တင်မင်္ဂလာ အခမ်းအနား





   ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းဆောင်သစ် ပြန်လည်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို မတ်လ (၁၃)ရက်၊ နံနက် (၈)နာရီခွဲတွင် အဆိုပါကျောင်း၊ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာတွင် နေရာယူပေးကြပြီး ပန္နက်တင်ပေးကြသည်။ ယင်းနောက် ပန္နက်တိုင်နေရာများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပတ်သက်သော အချက်အလက်များကို တာဝန်ရှိသူတစ်ဦးက မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်မည့် နေရာများသို့  လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
 refind; http://www.shanstate.gov.mm


No comments:

Post a Comment