8 February 2014

GSM လိုင်းများ မကြာခဏပြတ်တောက် CDMA 800 အလုပ်ဖြစ်

တောင်ကြီးမြို့တွင် GSM လိုင်းများ မကြာခဏပြတ်တောက်လျှက်ရှိပြီး၊ CDMA ဖုန်းများမှာလိုင်းရသော်လည်း
ဖုန်းလိုင်းပူးခြင်းများ ဖြစ်ပေါ်လျှက်ရှိပါသည်။ မိုဘိုင်းဖုန်းHacker သတင်းများလည်းပြန့်နှံလျှက်ရှိကာ ဖုန်းလိုင်း
များမကောင်းခြင်းများဖြစ်ပေါ်နေသော်လည်း Internet လိုင်းများမှာတော့ကောင်းမွန်လျှက်ရှိပါသည်။ လက်ကိုင်
ဖုန်းများ မကြာခဏပြတ်တောက်နေခြင်းကြောင့် ကြိုးဖုန်းများဆက်သွယ်မှုအနည်းငယ်တိုးတက်လာဖွယ်ရှိပါ သည်။ လွန်ခဲ့သည့် (၂)ရက်ခန့်မှစတင်၍ ဖုန်းလိုင်းပြတ်တောက်ခြင်းသည် တစ်နေကုန်ပြတ်တောက်သွားပြီး ညနေပိုင်း (၅)နာရီအချိန်ခန့်တွင် ပြန်လည်ကောင်းမွန်ခဲ့ရာမှ ယနေ့ပြတ်တောက်မှုသည် ညနေပိုင်းမှစတင်၍ ပြတ်တောက်သွားခဲ့ပါသည်။ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့်ခေါ်ဆို၍
မရနိုင်ပါရှင်သာကြားရမည်ဖြစ်ပါသည်။ မည်သည့်အတွက်ယခုကဲ့သို့ဖြစ်ပေါ်ရသည်ကိုမသိရှိရသေးသော်လည်း
ဖုန်းလိုင်းများအား ပုဂ္ဂလိကသို့လွှဲပြောင်းရန် (၂)လခန့်အလိုတွင်ဖြစ်ပေါ်ခြင်းကြောင့်ဖုန်းလိုင်းများစမ်းခြင်းဖြစ်နိုင်
ကြောင်းပြောဆိုမှုများလည်းရှိနေခဲ့ပါသည်။အချို့မှလည်း ဖုန်းHackerသတင်းကြောင့် ဖုန်းလိုင်းများအား အခြား
သူတစ်ဦးတစ်ယောက်ခိုးယူသုံးစွဲတတ်ကြောင်း၊ ဖုန်းခေါ်ဆိုပြီး ဖုန်းပေါက်ကွဲစေနိုင်သည့်နည်းပညာများဖြင့်
ဆောင်ရွက်မှုများရှိကြောင်း ကောလဟာလအဖြစ်ပြောဆိုနေကြပြီး စိုးရိမ်မှုများလည်းရှိနေကြပါသည်။
CDMA ဖုန်းလိုင်းများမှာတော့ သာမန်အခြေအနေတွင်သာရှိပြီး ခေါ်ဆို၍ရလျှက်ရှိနေပါသည်။
HAK

No comments:

Post a Comment