22 February 2014

ကျန်းမာရေးဆိုးဝါးနေသော ထိုင်းဘုရင်မင်းမြတ်အား အိပ်မက်ထဲမှ သွားရောက်ကုသပေးခဲ့သော ဆရာတော်

ဖေဖေါ်ဝါရီ ၂၂ ရက် ၂၀၁၄ ခုနှစ်

မကျန်းမမာ ဖြစ်နေသည့် ထိုင်းဘုရင်မင်းမြတ်သည် ၎င်းအား မွန်ပြည်နယ် မုဒုံမြို့နယ် ၀င်းစိန် တောရကျောင်း၊ ၀င်းစိန်ဆရာတော်ကြီးက လာရောက် ကုသပေးကြောင်း ၃ ကြိမ်တိုင်တိုင် အိပ်မက် မြင်မက်ပြီးနောက်
ရောဂါဝေဒနာများ ပျောက်ကင်းခဲ့ရသဖြင့် ထိုင်းဘုရင့်တပ်မတော် အကြီးအကဲများကို စေလွှတ်၍ နိုဝင်ဘာ ၁၅ ရက်တွင် ၀င်းစိန် ဆရာတော်ကြီးထံ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းအပြင် ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းဘုရင့်နန်းသုံးပစ္စည်းများ၊ ကျောက်မျက်ရတနာများ စသည့် နန်းစဉ်သုံး ပစ္စည်းအမျိုး ငါးဆယ်နှင့် ဘတ်ငွေ ၂၅ သိန်းကို လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

ဝင်းစိန်တောရ သာသနာပြုစခန်းရှိ လျောင်းတော်မူ ဆင်းတုတော်မှာ အတောင် ၄၀၀ ရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ဖြစ်ပြီး အတောင် ၆၀၀ ရှိ လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူကိုလည်း ထပ်မံ တည်ထားလျက်ရှိသည်။

From;Zaw Thu Ya မြ၀တီ

Aye Chan Mon# Credit To : မြန်မာပြည်သား> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

https://www.facebook.com/surain.lama.12

No comments:

Post a Comment