တောင်ကြီး ဇန်နဝါရီ ၃ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌
ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်
ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားများ လူဦးရေ ကောက်ယူရေး ကော်မတီမှ
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပရာ
အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းစာပေ ပညာရှင်များ၊
ရှမ်းတိုင်းရင်းသားများ၊ လူဦးရေ ကောက်ယူရေး ကော်မတီဝင်များ၊
မြို့နယ်ကော်မတီဝင်များနှင့် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များ
တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် အတွင်းရှိ
တိုင်းရင်းသားများ၏ လူဦးရေစာရင်း အမှန် ကောက်ယူရန်နှင့် လူမျိုးအမည်မှား
ဖြစ်နေသော တိုင်းရင်းသားများ၊ လူမျိုးအမှန်၊ လူအမည်အမှန်
ပြန်ဖြစ်နိုင်စေရန်၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား
မရရှိသေးသော တိုင်းရင်းသားများအား ကူညီနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်
၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်က အဖွဲ့ဝင် ၁၄ ဦး ပါဝင်သော ရှမ်းပြည်နယ်
တိုင်းရင်းသားများ လူဦးရေ ကောက်ယူရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား
လူမျိုးများ စာရင်းမှန် ရရှိရေး၊ ရှမ်းတိုင်းရင်းသားများ လူဦးရေ
ကောက်ယူရေး ကော်မတီ ဖြစ်ပေါ်လာပုံ အကျဉ်းနှင့် ရည်ရွယ်ချက်၊ ကော်မတီမှ
လုပ်ငန်းပြီးစီးမှု အခြေ အနေ၊ ဗဟိုကော်မတီ၊ မြို့နယ်ကော်မတီများမှ
လုပ်ငန်းပြီးစီးမှုနှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ရန်ပုံငွေ အခြေအနေ၊
သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပါဝင်ကူညီရေး၊ နိုင်ငံခြားရောက်
ရှမ်းတိုင်းရင်းသားများ အိမ်ထောင်စုစာရင်း ရရှိရေးနှင့် မှတ်ပုံတင်
ရရှိရေးတို့ကို တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment