14 February 2014

တပို့တွဲလပြည့်​နှင့်​ဒီမိုက​ရေစီ

တောင်​ကြီးမြို့ ​ဖေ​ဖော်​ဝါရီလ ၁၄
တပို့တွဲလပြည့်​​နေ့ဖြစ်​သည်​နှင့်​အညီ ​တောင်​ကြီးမြို့ရှိစူဠာမုနိ​လောကချမ်းသာဘုရား၊
အောင်​​တော်​မူဘုရားတို့တွင်​ ရှားမီးပူ​ဇော်​ပွဲအား မြို့သူ/မြို့သားတို့မှ မိသားစုလိုက်​​သော်​လည်း
ကောင်း၊ လူငယ်​များစုစည်း၍​သော်​လည်း​ကောင်း သွား​ရောက်​ကြကာ မြတ်​စွာဘုရားအား
ရည်​စူး၍ ရှားမီးပူ​ဇော်​ကြသည်​မှာ ​တောင်​ကြီးမြို့၏ ချစ်​စရာအလှတရားတစ်​ခုဖြစ်​ပါသည်​။
နာရည်​ယိုရွှဲ တပို့တွဲဆိုသည့်​အတိုင်း မြတ်​စွာဘုရားရှင်​​သော်​မှ ​ခြေဆုတ်​လက်​နယ်​ ပြုရသည်​အထိ​အေးလှ​ကြောင်း မှတ်​သားရပါသည်​။ စူဠာမုနိ​လောကချမ်းသာဘုရား​ပေါ်တွင်
်ဆိုင်​ကယ်​များ၊ ကားများပြည့်​နက်​လျှက်​ စည်​ကားသိုက်​မြိုက်​လျှက်​ရှိပါသည်​။
ဤသို့ ဗုဒ္ဓဘာသာဝင်​တိုင်း အ​လေးအမြတ်​ထားရာ​နေ့တွင်​ ဘာသာ​ရေးအားနည်းလှ​သောလူငယ်
များသည်​ ဒီမိုက​ရေစီနှင့်​မ​လျော်​ညီ​သော စည်းကမ်းပျက်​မှုများ ပြုမူလာကြပါသည်​။
ဆိုင်​ကယ်​ဦးထုတ်​မ​ဆောင်းခြင်း၊ သုံး​ယောက်​စီးနင်​ခြင်းများနှင့်
မီးပွိုင့်​မီးနီအားဖြတ်​​မောင်းကြပြီး ယာဉ်​အန္တရာယ်​ကျ​ရောက်​လာနိုင်​မှု အားကြိုတင်​စဉ်းစားနိုင်​စွမ်းမဲ့သကဲ့သို့​ ဖြစ်​လာကြပါသည်​။ မြို့မ​ဈေးကြီး
ရှေ့တွင်​လည်း ​တောင်​မှ​မြောက်​သို့​အရှိန်​ပြင်းပြင်း​မောင်းနင်​လာ​သော ဆိုင်​ကယ်​အချင်း
ချင်းချိတ်​မိကာ တိမ်း​မှောက်​ခဲ့ပြီးကံ​ကောင်း​ထောက်​မစွာဒဏ်​ရာရရှိခြင်းမရှိခဲ့ကြ​ချေ။
သို့​သော်​ထိုဆိုင်​ကယ်​များသည်​ ဈေးမီးပွိုင့်​မီးနီအား အရှိန်​ဖြင့်​ပင်​ဖြတ်​​မောင်းနင်
သွားပြန်​သည်​။ ဤသို့အချို့​သောလူငယ်​များ​ကြောင့်​ အဓိပ္ပာယ်​ရှိ​သော​နေ့ထူး​နေ့မြတ်
အား ညှိးနွမ်းသွားမည်​ကိုစိုးရိမ်​မိပါသည်​။ ဒီမိုက​ရေစီဆိုသည်​မှာ စည်းကမ်းမဲ့လွတ်​လပ်
ခြင်းမဟုတ်​​ပေ မိမိကိုယ်​ကိုထိန်း​ကျောင်းရင်း မိမိလွတ်​လပ်​မှုသည်​ အခြားသူတစ်​ဦးအား
ထိ​ခိုက်​မှုမရှိ​စေခြင်းသည်​သာ ဒီမိုက​ရေစီအစစ်​ဖြစ်​ပါသည်​။ လူတစ်​ဦးတစ်​​ယောက်​ကို
စိတ်​ဆိုးစွာ လက်​သီးဖြင့်​ထိုးလိုက်​နိုင်​ပါသည်​။ သို့​သော်​ ယင်းလက်​သီးသည်​အခြားသူ
တစ်​ဦးတစ်​​ယောက်​၏မျက်​နာအနားသို့မ​ရောက်​ခင်​သာ ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​ဖြစ်​သည်​။
HAK

No comments:

Post a Comment